သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ခံသမ္မတထရမ့် FBI အကြီးအကဲသစ်ခန့်ဖို့ လိုလား


သမ္မတထရမ့် အစိုးရသစ်လက်ထက်မှာ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို ညွှန်ကြားရေးမှူးသစ်အဖြစ် ခန့်အပ်မည့် Kash Patel (AP Photo/José Luis Villegas, File)
သမ္မတထရမ့် အစိုးရသစ်လက်ထက်မှာ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို ညွှန်ကြားရေးမှူးသစ်အဖြစ် ခန့်အပ်မည့် Kash Patel (AP Photo/José Luis Villegas, File)

အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ကို အမျိုးသားလုံခြုံရေး အရာရှိဟောင်းလည်းဖြစ်၊ သူ့အပေါ် သစ္စာရှိသူလည်းဖြစ်တဲ့ Kash Patel ကို ဦးဆောင်စေလိုကြောင်း ရွေးကောက်ခံသမ္မတ Donald Trump က ပြောလိုက်ပါတယ်။ လက်ရှိ FBI ညွှန်ကြားရေးမှူး Christopher Wray နေရာမှာ အစားထိုးလိုတဲ့ ရည်ရွယ်ချက်ကို မနေ့ကပဲ ပြောလိုက်တာပါ။

ပြီးခဲ့တဲ့တကြိမ် သမ္မတထရမ့် အစိုးရလက်ထက်မှာတုန်းက အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူးနဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်ယူခဲ့ဖူးသူ ဝန်ကြီးဟောင်း Patel ဟာ FBI ရဲ့ ထောက်လှမ်းရေးသတင်း စုဆောင်းမှုတွေကို ဖျက်သိမ်းပြီး၊ သမ္မတထရမ့်ရဲ့ မူဝါဒတွေကို မထောက်ခံတဲ့ ဝန်ထမ်းတွေကို ဖယ်ရှားဖို့ တိုက်တွန်းဖူးသူ ဖြစ်ပါတယ်။

FBI ရဲ့ အကြီးမားဆုံး ပြဿနာဟာ ထောက်လှမ်းရေးသတင်း စုဆောင်းမှုဖြစ်ပြီး သူ့အနေနဲ့ ဒါကို ဖျက်သိမ်းပြီး ပထမဆုံး တာဝန်ယူရတဲ့ နေ့မှာပဲ FBI Hoover အဆောက်အဦးကို ပိတ်ပစ်ပြီး နောက်တရက်မှာ ပြတိုက်လုပ်ပစ်မယ်လို့ ကွန်ဆာဗေးတစ်ဝါဒီ Shawn Ryan ရဲ့ ရုပ်သံအစီအစဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလထဲ ဝန်ကြီးဟောင်း Patel က ပြောဖူးပါတယ်။

ဒီအဆောက်အဦးမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း ၇ ထောင်ကိုလည်း နိုင်ငံအနှံ့က ရာဇဝတ်သားတွေကို ရဲတွေလို လိုက်ဖမ်းခိုင်းမယ်လို့လည်း ပြောပါတယ်။ လက်ရှိ FBI အကြီးအကဲ Wray ကိုတော့ အရင်သမ္မတ သက်တမ်းမှာ ထရမ့်ကပဲ ခန့်အပ်ခဲ့တာဖြစ်ပြီး၊ ၁၀ နှစ် သက်တမ်းကတော့ ၂၀၂၇ ခုနှစ်ကျမှ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG