သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အစိုးရသစ်အဖွဲ့မှာ အဆိုပြုထားသူများ ခြိမ်းခြောက်ခံရ" Trump ပြောခွင့်ရသူ 

ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်
ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်

ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် က အစိုးရအဖွဲ့ဝင်အဖြစ် အဆိုပြုထားတဲ့သူတွေ နဲ့ ခန့်ထားသူတွေ အတော်များများ ဟာ အကြမ်းဖက် အတိုက်ခိုက်ခံရမယ်လို့ ခြိမ်းခြောက်ခံနေကြရကြောင်း ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဗုံးနဲ့ တိုက်ခိုက်မှုကနေ ရဲတွေလာအောင် ထင်ယောင်ထင်မှား လုပ်တာမျိုးအထိ ခြိမ်းခြောက်မှုအမျိုးမျိုး နဲ့ ခြိမ်းခြောက်ခံရတာ ဖြစ်တယ်လို့ Karoline Leavitt က သတင်းထုတ်ပြန်ချက် မှာ ပြောပါတယ်။

အင်္ဂါနေ့ ညနဲ့ ဗုဒ္ဓဟူးနေ့မနက် က ခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်ခဲ့ပြီး ခြိမ်းခြောက်ခံရသူတွေ လုံခြုံရေးအတွက် အာဏာပိုင်တွေက မြန်မြန်ဆန်ဆန် အရေးယူ ဆောင်ရွက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ ဘယ်သူတွေ ခြိမ်းခြောက်ခံရတယ်၊ ဘယ်လို အကြမ်းဖက်မှု ပုံစံနဲ့ ခြိမ်းခြောက်တယ် စတဲ့ အသေးစိတ်တွေကိုတော့ ပြောရေးဆိုခွင့်ရှိသူ ကရိုလိုင်းက မပြောပါဘူး။ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး ဗျူရို အက်ဖ်ဘီအိုင်နဲ့ တရားရေး ဌာနတို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ ချက်ချင်း မတုံ့ပြန်ကြဘူး လို့ ရိုက်တာ သတင်းက ပြောပါတယ်။

"အစိုးရသစ်အဖွဲ့မှာ အဆိုပြုထားသူများ ခြိမ်းခြောက်ခံရ" Trump ပြောခွင့်ရသူ 
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG