သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ခံသမ္မတထရမ့် စီးပွားရေးအကြံပေး ခန့်မယ့်သူတွေ အဆိုပြု


ရွေးကောက်ခံသမ္မတထရမ့်က အဆိုပြုထားတဲ့ စီးပွါးရေးအကြံပေးနှစ်ဦးအနက် အိမ်ဖြူတော်အမျိုးသားစီးပွါးရေးကောင်စီအကြီးအကဲအဖြစ် လျာထားသူ Kevin Hassett (ဇွန် ၁၉၊ ၂၀၂၀)
ရွေးကောက်ခံသမ္မတထရမ့်က အဆိုပြုထားတဲ့ စီးပွါးရေးအကြံပေးနှစ်ဦးအနက် အိမ်ဖြူတော်အမျိုးသားစီးပွါးရေးကောင်စီအကြီးအကဲအဖြစ် လျာထားသူ Kevin Hassett (ဇွန် ၁၉၊ ၂၀၂၀)

အမေရိကန်ရွေးကောက်ခံ သမ္မတ Donald Trump ဟာ သူ့အစိုးရအဖွဲ့ဝင်တွေ အဆိုပြုလျာထား နေတာမှာစီးပွားရေးနဲ့ပတ်သက်ပြီး အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖြစ် နိုင်ငံတကာ ကုန်သွယ်ရေး ရှေ့နေတဦးဖြစ်တဲ့ Jamieson Greer ကို အဆိုပြုလိုက်ပါတယ်။

သူဟာ ထရမ့် ပထမသက်တမ်းကာလအတွင်း ကုန်သွယ်ရေးကိုယ်စားလှယ်ရဲ့ ဝန်ထမ်းရေးရာ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး တရုတ်အပေါ် သွင်းကုန်ခွန်တိုးမြှင့်တာနဲ့ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေနဲ့ ကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုတဲ့ကိစ္စတွေမှာ အဓိကနေရာက ပါဝင်ခဲ့သူဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။

စီးပွားရေးနဲ့ပတ်သက်ပြီး ထရမ့်အဆိုပြုသူနောက်တဦးက အိမ်ဖြူတော် အမျိုးသားစီးပွားရေး ကောင်စီကိုဦးဆောင်ဖို့အတွက် စီးပွားရေးပညာရှင် Kevin Hassett ဖြစ်ပါတယ်။ သူဟာ ထရမ့် ပထမသက်တမ်းကာလအတွင်း စီးပွားရေးအကြံပေးများကောင်စီကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ Hassett အနေနဲ့ သူ့ရဲ့ ရာထူးအသစ်မှာ ၂၀၁၇ ခုနှစ်ကလုပ်ခဲ့တဲ့ အခွန်လျော့ပေါ့ရေးကို အသစ်တဖန် ပိုကောင်းအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပြီး ဘိုင်ဒန်အစိုးရလုပ်ခဲ့တဲ့ ငွေကြေးဖောင်းဖွမှု ဒဏ်ကနေ အမေရိကန်မိသားစုတွေ ပြန်နလန်ထူလာအောင် ကူညီမယ့်ကိစ္စမှာ အဓိကနေရာက ကူညီမယ်လို့ ထရမ့်က ပြောပါတယ်။

ရွေးကောက်ခံသမ္မတထရမ့် စီးပွားရေးအကြံပေး ခန့်မယ့်သူတွေ အဆိုပြု
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG