သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Matt Gaetz နုတ်ထွက်သွားပြီးတဲ့နောက် Pam Bondi ကို ရှေ့နေချုပ်အဖြစ် Trump အမည်တင်သွင်း


ဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်ဟောင်း Pam Bondi (နိုဝင်ဘာ ၂၁၊ ၂၀၂၄)
ဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်ဟောင်း Pam Bondi (နိုဝင်ဘာ ၂၁၊ ၂၀၂၄)

Trump အစိုးရသစ်မှာ နိုင်ငံတော်ရှေ့နေချုပ်အဖြစ်ခန့်ဖို့ ဖလော်ရီဒါပြည်နယ် ရှေ့နေချုပ်ဟောင်း Pam Bondi ကိုရွေးကောက်ခံသမ္မတ Donald Trump က ရွေးချယ်လိုက်ပါတယ်။

ပထမရွေးချယ်ထားတဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်ဟောင်း Matt Gaetz က သူဒီတာဝန်ကို မယူတော့ဘူးလို့ကြာသပတေးနေ့က X လူမှုကွန်ရက်မှာ ကြေညာပြီး နာရီပိုင်းမှာပဲ Pam Bondi ကို ရွေးချယ်လျာထားခဲ့တာဖြစ်ပါတယ်။ သူဟာ ဖလော်ရီဒါပြည်နယ်ရဲ့ပထမဆုံးအမျိုးသမီးရှေ့နေချုပ်ဖြစ်ပြီး အစိုးရရှေ့နေအဖြစ် ၁၈ နှစ် တာဝန်ထမ်းခဲ့ဖူးတဲ့အတွေ့အကြုံရှိပါတယ်။ America First အမေရိကားသာ ပထမဆိုတဲ့ မူဝါဒရေးရာ အင်စတီကျုရဲ့ ဥက္ကဋ္ဌဖြစ်သလိုTrump ကိုနှစ်ပေါင်းများစွာ ထောက်ခံ လက်တွဲလာသူတယောက်ဖြစ်ပါတယ်။ ပထမတကြိမ် Trump သမ္မတတာဝန်ယူစဉ် ကာလမှာ သူ့ကိုတရားစွဲသင့်မသင့်လွှတ်တော်မှာ စစ်ဆေးစဉ်က Trump ရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ ထဲမှာ Pam Bondi ပါဝင်ခဲ့ပါတယ်။

လွှတ်တော်အမတ်ဟောင်း Matt Gaetz ဟာ အသက်မပြည့်သေးတဲ့ မိန်းခလေးနဲ့ လိင်ဆက်ဆံမှု၊ မူးယစ်ဆေးသုံးမှု စတဲ့စွပ်စွဲချက်တွေကြောင့် အောက်လွှတ်တော် ကျင့်ဝတ်ပိုင်းဆိုင်ရာကော်မတီမှာ စုံစမ်းစစ်ဆေးခံခဲ့ရပါတယ်။ ရှေ့နေအတွေ့အကြုံလည်း သိပ်မရှိတာကြောင့် သူ့ကို ပြည်ထောင်စု ရှေ့နေချုပ်တာဝန်ပေးဖို့ အရည်အချင်းပြည့်မီရဲ့လားဆိုတဲ့ မေးခွန်းထုတ်မှုတွေ လွှတ်တော်အမတ်တွေ ကြား ရှိနေချိန်မှာ သူ့ကြောင့် Trump အစိုးရသစ် အနှောင့်အယှက်ဖြစ်မှာမလိုလားဘူးဆိုပြီး သူကိုယ်တိုင်ပဲ တာဝန်မယူတော့ဘူးလို့ ကြေညာခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်ဖို့ ရွေးကောက်ခံသမ္မတ Donald Trump ရွေးထားတဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူ Pete Hegseth၊ ကျန်းမာရေးဝန်ကြီးအဖြစ် လျာထားတဲ့ Robert F. Kennedy Jr.၊ အမျိုးသားထောက်လှမ်းရေး ဌာန ညွှန်ကြားရေးမှူးခန့်ထားဖို့ ရွေးထားတဲ့ Tulsi Gabbard နဲ့ ပတ်သက်လို့လည်း ဝေဘန် ဆန်းစစ်မှုတွေ ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG