သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းထရမ့် ရွေးကောက်ပွဲ အနိုင်ရတဲ့အပေါ် သမ္မတဘိုင်ဒန် မိန့်ခွန်းပြောမည်


အမေရိကန်သမ္မတဂျိုးဘိုင်ဒန်
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Democratic ပါတီက ရှုံးနိမ့်ပြီး Republican ပါတီက Donald Trump အနိုင်ရခဲ့တာနဲ့ပတ်သက်လို့ သမ္မတ Joe Biden ဒီနေ့ နိုင်ငံကို မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ ဝါရှင်တန်မြို့တော် အချိန်မနက် ၁၁ နာရီကျရင် သမ္မတ Biden မိန့်ခွန်းပြောကြားမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ သမ္မတအဖြစ်အရွေးခံရတဲ့ Donald Trump ကို သမ္မတ Biden က ဆက်သွယ် ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ သမ္မတကျမ်းကျိန်ပွဲလုပ်မယ့် ၂၀၂၅ ဇန်နဝါရီ ၂၀ ရက်မတိုင်ခင် အာဏာလွှဲပြောင်းရေး အဆင်ပြေအောင်လုပ်ပေးမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ Trump ကို အိမ်ဖြူတော်ကိုလာပြီး အာဏာလွှဲယူရေးကိစ္စတွေ ဆွေးနွေးဖို့ သမ္မတ Biden က ဖိတ်ခေါ်ထားတယ်လို့လည်း Trump အောင်နိုင်ရေးအဖွဲ့ဘက်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဒုသမ္မတ Kamala Harris ကတော့ အမေရိကန် ဒီမိုကရေစီအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲရလဒ်ကို သူ့အနေနဲ့ အလေးထားတယ်ပြောကြားပြီး သူရှုံးနိမ့်ကြောင်း ဗုဒ္ဓဟူးနေ့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အမေရိကန်ဖွဲ့စည်းပုံကို သစ္စာစောင့်သိသူအနေနဲ့ သူရှုံးနိမ့်ကြောင်းလက်ခံခဲ့ပေမဲ့ သူကိုင်စွဲထားတဲ့မူတွေအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ် လို့လည်း ပြောကြားခဲ့ပါတယ်။ ဒုသမ္မတ Harris ဟာ ရွေးကောက်ပွဲအနိုင်ရ Trump ကို ဖုန်းနဲ့ ဆက်သွယ်ဂုဏ်ယူကြောင်းပြောခဲ့သလို ငြိမ်းငြိမ်းချမ်းချမ် အာဏာလွှဲပြောင်းနိုင်ရေး အရေးကြီးကြောင်းနဲ့ အမေရိကန်အားလုံးအတွက် သမ္မတဖြစ်ဖို့ အရေးကြီးကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ Harris စည်းရုံးရေးအဖွဲ့ဘက်က ပြောပါတယ်။

ဒုသမ္မတ Harris ဟာ ဂုဏ်သိက္ခာ၊ ရဲစွမ်းသတ္တိနဲ့ ကိုယ်ပိုင်ထူးခြားမှုရှိသူဖြစ်ပြီး သူအင်မတန် လေးစားရသူတယောက်ဖြစ်ပြီး သမ္မတရွေးကောက်ပွဲဝင်ဖို့ သူ့ကို ရွေးချယ်ခဲ့တာ မှန်ကန်တယ်လို့ သမ္မတ Biden က မနေ့ နိုဝင်ဘာ ၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ Republican သမ္မတ Donald Trump အနိုင်ရခဲ့သလို အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ Republican အမတ်တွေ အများစုနေရာရ ခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရသမ္မတလောင်း Trump က နိုင်ငံထဲ တရားမဝင် ရောက်နေသူတွေကို နှင်ထုတ်ဖို့နဲ့ စီးပွားရေး ဦးမော့လာအောင်လုပ်ဖို့ ပထမ ဦးစားပေးလုပ်သွားမယ်လို့ ကတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG