သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအနိုင်ရ သမ္မတဟောင်းထရမ့်ကို နိုင်ငံတကာခေါင်းဆောင်တွေ ချီးကျူးစကားပါး​​​​​​​


နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲညက ရီပတ်ဘလီကင်သမ္မတကိုယ်စားလှယ် ဒေါ်နယ်ထရမ့်။ (နိုဝင်ဘာ ၆၊ ၂၀၂၄)
နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲညက ရီပတ်ဘလီကင်သမ္မတကိုယ်စားလှယ် ဒေါ်နယ်ထရမ့်။ (နိုဝင်ဘာ ၆၊ ၂၀၂၄)

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်အနိုင်ရသွား တဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေ ဝမ်းမြောက်ဂုဏ်ယူကြောင်း ချီးကျူးစကားတွေ ပြောကြ ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မဟာမိတ်နိုင်ငံတွေထဲမှာ Trump အနိုင်ရတာကို ကြိုဆိုတယ်ဆိုပြီး ပထမဆုံး ဝမ်းမြောက်ကြောင်း အကြောင်းကြားသူတွေထဲက တယောက်ဖြစ်ပါတယ်။ ယူကရိန်း သမ္မတ Volodymyr Zelenskyy ကလည်း ကမ္ဘာ့အရေးကိစ္စတွေမှာ ခိုင်မာတဲ့အင်အား တည်ဆောက်ပြီး ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမယ်ဆိုတဲ့ Trump ရဲ့ ကတိကဝတ် ပြောဆိုချက်အပေါ် အကောင်းဘက်က တုံ့ပြန်ပါတယ်။ Trump ရဲ့ ပြောဆိုချက်တွေဟာ ယူကရိန်း ငြိမ်းချမ်းရေးအတွက် လက်တွေ့အကောင်အထည်ဖေါ်နိုင်မယ့် မူဝါဒအဖြစ် သူက ပြောသွားပါတယ်။

နေတိုး မဟာမိတ်အဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ် Mark Rutte ကလည်း Trump ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်အဖွဲ့ကြီးကို ပိုမိုအားကောင်းအောင် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်တဲ့အကြောင်းနဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ပါ တယ်။

ပြင်သစ်သမ္မတ Emmanuel Macron က Trump အရင်က လေးနှစ် သမ္မတ တာဝန်ယူခဲ့တုန်းကလို ပြန်လည် လက်တွဲလုပ်ကိုင်သွားမယ့်အကြောင်း အကြောင်းကြားခဲ့ပါတယ်။ မဟာမိတ် ယူကေ ဝန်ကြီးချုပ် Keir Starmer နဲ့ ဩစတြေးလျ ဝန်ကြီးချုပ်ကလည်း Anthony Albanese တို့ကလည်း Trump အောင်မြင်မှု အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ ပေးပို့ပါတယ်။ တရုတ်အစိုးရကတော့ အမေရိကန်ပြည်သူတွေရဲ့ရွေးချယ်မှုကို လေးစားပါကြောင်းပြောပါတယ်။ အိန္ဒိယ၊ ဖိလစ်ပိုင်နိုင်ငံတွေကလည်း Trump ရဲ့ အောင်မြင်မှုကို ချီးကျူးကြပါတယ်။ ရုရှား သမ္မတ Vladimir Putin ကတော့ Trump နဲ့ ပတ်သက်လို့ တစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG