သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းနဲ့ချီတဲ့ ကန်ပြည်သူတွေ သမ္မတသစ် အတွက် ဆန္ဒမဲပေး

အမေရိကန်ရွေးကောက်ပွဲ မဲပေးနေကြသူများ (နိုဝင်ဘာ ၅၊ ၂၀၂၄)
အမေရိကန်ရွေးကောက်ပွဲ မဲပေးနေကြသူများ (နိုဝင်ဘာ ၅၊ ၂၀၂၄)

အမေရိကန် ပြည်ထောင်စုမှာ အင်္ဂါနေ့ ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲမှာတော့ သန်းနဲ့ချီတဲ့ အမေရိကန် ပြည်သူတွေ မဲပေးကြပါတယ်။ ဒုတိယ သမ္မတ Kamala Harris ကို နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ခေါင်းဆောင် အဖြစ် ရွေးချယ်မလား ဒါမှမဟုတ်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးခဲ့တဲ့ သမ္မတဟောင်း Donald Trump ကိုဘဲ အိမ်ဖြူတော်ကို ပြန်ပို့မလားဆိုတာကို ရွေးချယ် ဆုံးဖြတ်နေကြတာ ဖြစ်ပါတယ်။

ဒီမိုကရက် သမ္မတလောင်း Harris နဲ့ ရီပတ်ပလီကန် ပြိုင်ဘက် Trump တို့ကြား ယှဉ်ပြိုင်မှုဟာဆိုရင် ဆယ်စုနှစ်တွေ အတွင်း အကြိအနယ် အဖြစ်ဆုံး ရွေးကောက်ပွဲ တခု အဖြစ် လူထု စစ်တမ်းတွေက ဖော်ပြပါတယ်။ အနိုင်ရသူကတော့ လာမယ့် ဇန်နဝါရီလ အတွင်းမှာ သမ္မတ ၄ နှစ် သက်တမ်းကို စတင် တာဝန်ယူရမှာ ဖြစ်ပါတယ်။ နိုင်ငံတဝန်း ရွေးကောက်ပွဲ ရလဒ်ဟာဆိုရင် အကြိတ်အနယ် ဖြစ်နေတဲ့ ပြည်နယ် ၇ ခုက မဲရလဒ်တွေက အဆုံးအဖြတ် ပေးမယ့်ပုံ ရှိတယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောကြပါတယ်။

အမေရိကန်ပြည်ထောင်စု မီရှီဂန်ပြည်နယ် ဒီထရွိုက်မြို့မှာ မဲရုံတခုမှာ ကြိုတင်မဲလာပေးနေကြသူများနဲ့ မဲရုံဝန်ထမ်းတဦးကိုတွေ့ရစဉ် (နိုဝင်ဘာ ၃၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု မီရှီဂန်ပြည်နယ် ဒီထရွိုက်မြို့မှာ မဲရုံတခုမှာ ကြိုတင်မဲလာပေးနေကြသူများနဲ့ မဲရုံဝန်ထမ်းတဦးကိုတွေ့ရစဉ် (နိုဝင်ဘာ ၃၊ ၂၀၂၄)

အဓိက ကျတဲ့ ပြည်နယ်ကြီးတွေမှာ မဲပေးပြီးစီးမှုနဲ့ မဲရေတွက်နိုင်မယ့် အနှေးအမြန်ပေါ် မူတည်ပြီး အင်္ဂါနေ့ နှောင်းပိုင်း ဒါမှမဟုတ်လည်း ဗုဒ္ဓဟူးနေ့ အစောပိုင်းတို့မှာ အနိုင်ရသူ ပေါ်ထွက်လာနိုင်ပါတယ်။ အင်္ဂါနေ့ မနက်ခင်းပိုင်းမှာ နိုင်ငံရဲ့ အရှေ့ပိုင်း ပြည်နယ်တွေမှာ မဲရုံတွေ ဖွင့်ခဲ့ပြီး အစိုးရ စင်တာတွေ၊ မီးသတ်ဌာနတွေ၊ ကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ တခြားသော မဲရုံတွေမှာ မဲပေးသူတွေ တန်းစီ မဲပေးခဲ့ကြပါတယ်။ နိုင်ငံရဲ့ တခြားသော မဲရုံတွေဟာလည်း နိုင်ငံရဲ့ စံတော်ချိန် ၆ ခုနဲ့ အညီ ဖွင့်ခဲ့ကြပြီး နေ့လည်ခင်း အစောပိုင်းမှာတော့ ပြည်နယ် ၅၀ လုံးက မဲရုံတွေကို ဖွင့်ခဲ့ကြပါတယ်။

သန်းနဲ့ချီတဲ့ ကန်ပြည်သူတွေ သမ္မတသစ် အတွက် ဆန္ဒမဲပေး
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG