သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကွန်ဂရက်ကို ဘယ်ပါတီကြီးစိုးလာမလဲ

အမေရိကန်မြို့တော် ဝါရှင်တန်မှာရှိတဲ့ လွှတ်တော်အဆောက်အဦ မြင်ကွင်း (ယခင်ပုံဟောင်း)
အမေရိကန်မြို့တော် ဝါရှင်တန်မှာရှိတဲ့ လွှတ်တော်အဆောက်အဦ မြင်ကွင်း (ယခင်ပုံဟောင်း)

အမေရိကန် ကွန်ဂရက်မှာ အများစု ကြီးစိုးရေး ရလဒ်ဟာလည်း အင်္ဂါနေ့ မဲပေးပွဲကနေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီရလဒ်ဟာဆိုရင် သမ္မတ ရွေးကောက်ပွဲ အနိုင်ရသူရဲ့ ဥပဒေ အဆိုပြုချက်တွေ အရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်လာမှာလည်း ဖြစ်ပါတယ်။

အမေရိကန် အောက်လွှတ်တော် နေရာ ၄၃၅ နေရာ အားလုံး အတွက် ၂ နှစ်သက်တမ်းသစ်ကို အင်္ဂါနေ့ ရွေးကောက်ပွဲမှာ ရွေးချယ်နေတာ ဖြစ်သလို အထက်လွှတ်တော် နေရာ ၁၀၀ ထဲက ၃၄ နေရာ အတွက် ၆ နှစ် သက်တမ်းသစ်ကိုလည်း ရွေးချယ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီမိုကရက်တွေက အထက်လွှတ်တော်ကို အနည်းစုနဲ့ ကြီးစိုး ထိန်းချုပ်ထားတာ ဖြစ်ပြီး အောက်လွှတ်တော်မှာတော့ ရီပတ်ပလီကန်တွေက ကြီးစိုးထားတာပါ။

ဒါပေမဲ့လည်း လွှတ်တော်နှစ်ရပ် ကြီးစိုးမှုက ပြောင်းပြန်ဖြစ်သွားနိုင်သလို မူလ အတိုင်းလည်း ဖြစ်နိုင်တယ်လို့ ရွေးကောက်ပွဲ သုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။ ဘယ်လိုရလဒ်မျိုးဘဲ ထွက်ပေါ်လာပါစေ၊ လွှတ်တော် ၂ ရပ်စလုံးမှာတော့ ပါတီတွေ အနေနဲ့ အနည်းစု အသာစီး ရတဲ့ အခြေအနေမျိုး ဆက်ရှိနေမယ့် အလားအလာရှိပါတယ်။ ၅၁- ၄၉ နဲ့ ဒီမိုကရက်တွေက ကြီးစိုးထားတဲ့ အထက်လွှတ်တော်မှာ ရီပတ်ပလီကန်တွေက ပြန်လည် ထိန်းချုပ်လာနိုင်မယ့် အလားအလာကောင်းလည်း ရှိနေပါတယ်။

West Virginia ကိုယ်စားပြု အထက်လွှတ်တော် အမတ်နေရာ အတွက် ရီပတ်ပလီကန်တွေ အနိုင်ရမယ်လို့ ခန့်မှန်းထားကြပြီး ဒီမိုကရက်တွေထံက နောက်တနေရာ ထပ်ပြီး အနိုင်ရမယ်ဆိုရင်တော့ အထက်လွှတ်တော်မှာ ရီပတ်ပလီကန်တွေ ထိန်းချုပ်နိုင်မယ့် အခွင့်အလမ်း ဖြစ်ပါတယ်။

အမေရိကန်ကွန်ဂရက်ကို ဘယ်ပါတီကြီးစိုးလာမလဲ
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG