သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ ရွေးကောက်ပွဲတွေ စတင်ကျင်းပ


ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘက်သယ်လ်ဟမ်မြို့မှာ မဲဆန္ဒရှင်တွေ မဲပေးဖို့ မနက်စော တန်းစီစောင့်ဆိုင်းနေကြစဥ်။ (နိုဝင်ဘာ ၅၊ ၂၀၂၄)
ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘက်သယ်လ်ဟမ်မြို့မှာ မဲဆန္ဒရှင်တွေ မဲပေးဖို့ မနက်စော တန်းစီစောင့်ဆိုင်းနေကြစဥ်။ (နိုဝင်ဘာ ၅၊ ၂၀၂၄)

ဒီနေ့ အင်္ဂါနေ့ အမေရိကန် သမ္မတရွေးကောက်ပွဲ ကျင်းပတဲ့အတွက် ပြည်နယ်အသီးသီးက သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေ မဲပေးဖို့ မဲရုံတွေကို သွားနေကြပါပြီ။ သန်းနဲ့ချီတဲ့ မဲဆန္ဒရှင်တွေလည်း ကြိုတင်မဲတွေ ပေးခဲ့ကြတာပါ။ရွေးကောက်ပွဲမတိုင်ခင်တရက် မနေ့ကအထိ AP သတင်းဌာနက ကောက်ယူထားတဲ့ စာရင်းအရ ကြိုတင်မဲပေးသူ ၈၂သန်းလောက် ရှိခဲ့ပြီး ဒါဟာဆိုရင် နောက်ဆုံး သမ္မတရွေးကောက်ပွဲထက် အနည်းငယ် ပိုများပါတယ်။

ကြိုတင်မဲပေးသူ စံချိန်တင် များပြားခဲ့တဲ့ထဲမှာ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ဂျော်ဂျီယာ၊ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေလည်း ပါဝင်ခဲ့တာပါ။ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲ ၂ ကြိမ်စလုံး အဆုံးအဖြတ်ပေးရာမှာ အဓိကကျခဲ့တဲ့ ဂျော်ဂျီယာပြည်နယ်မှာ ကြိုတင်မဲပေးသူ ၄ သန်း ကျော်အထိ စံချိန်ချိုးခဲ့ပါတယ်။

ဒီနေ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ သမ္မတဘယ်သူဘယ်ဝါ အနိုင်ရမယ်ဆိုတာ အတိအကျပြောဖို့ ခက်ခဲပြီးအရှုံးအနိုင် သူမသာကိုယ်မသာ ကပ်ပြီး ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲဖြစ်တယ်လို့ အများက သတ်မှတ်ထားကြတာပါ။ဒါကြောင့်လည်း ထောက်ခံမှုအပြောင်းအလဲဖြစ်နိုင်တဲ့၊ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေ၊ ရလဒ်အဆုံးအဖြတ်ပေးနိုင်တဲ့ အဓိကပြည်နယ်တွေကို သမ္မတလောင်းတွေ အပြင်းအထန် စည်းရုံးမဲဆွယ်ခဲ့ကြပါတယ်။အဓိက အနီးကပ်စောင့်ကြည့်နေတဲ့ ပြည်နယ်တွေထဲက တခုဖြစ်တဲ့ Pennsylvania ပြည်နယ်မှာ ဒီမိုကရက်သမ္မတလောင်း Kamala Harris ရော၊ ရီပတ်ဘလစ်ကန်သမ္မလောင်း Donald Trump ပါ နှစ်ယောက်စလုံး မနေ့က မဲဆွယ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ မကျင်းပခင် နောက်ဆုံးအကြိမ် လူထုရဲ့ ထောက်ခံမှုရဖို့ နားချတိုက်တွန်းခဲ့ပါတယ်။ Pittsburgh မြို့အနီး မဲဆွယ်ပွဲတွေ ကျင်းပပြီး ရွေးကောက်ပွဲမှာ နိုင်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း ထောက်ခံသူတွေကိုသမ္မတလောင်း နှစ်ယောက်စလုံးက ပြောဆိုခဲ့ကြပါတယ်။

သေချာပေါက် အနိုင်ရရမယ်၊ ခိုင်မာပြတ်သားကြပါလို့ Kamala Harris က သူ့ကို ထောက်ခံသူတွေကို ပြောသွားသလိုDonald Trump ကလည်း နောက်တကြိမ် သူ သမ္မတအဖြစ် အုပ်ချုပ်ခွင့်ရရင် ကမ္ဘာမှာ တခါမှ မမြင်ဘူးတဲ့ စီးပွားရေးတိုးတက်မှုတွေကို တွေ့ရမယ်လို့ ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG