သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကို ပြည်ပက နှောက်ယှက်မယ့် အန္တရာယ် အမေရိကန်ထောက်လှမ်းရေး သတိပေး


အမေရိကန်ပြည်ထောင်စု မီရှီဂန်ပြည်နယ် ဒီထရွိုက်မြို့မှာ မဲရုံတခုမှာ ကြိုတင်မဲလာပေးနေကြသူများနဲ့ မဲရုံဝန်ထမ်းတဦးကိုတွေ့ရစဉ် (နိုဝင်ဘာ ၃၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု မီရှီဂန်ပြည်နယ် ဒီထရွိုက်မြို့မှာ မဲရုံတခုမှာ ကြိုတင်မဲလာပေးနေကြသူများနဲ့ မဲရုံဝန်ထမ်းတဦးကိုတွေ့ရစဉ် (နိုဝင်ဘာ ၃၊ ၂၀၂၄)

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ နာရီပိုင်းအလိုမှာပဲ အမေရိကန်ပြည်သူတွေအကြား ရွေးကောက်ပွဲကို အကြောင်းပြုပြီး သွေးကွဲအောင်၊ ပဋိပက္ခဖြစ်အောင် သွေးထိုးပေးတဲ့ ပြည်ပက လှုံဆော်တဲ့ လုပ်ရပ်တွေကို သတိထားဖို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ပျက်ပြားပြီး သေးသိမ်အောင် ရည်ရွယ်ထုတ်လွှင့်တဲ့ ဗွီဒီယို အတုတွေနဲ့ မဲဆန္ဒရှင်တွေ အချင်းချင်း ဒေါသတကြီးနဲ့ တင်းမာမှုတွေ ပေါ်လာအောင် ရည်ရွယ်တဲ့ လုပ်ရပ်တွေ ရှိနေတဲ့အကြောင်း တနင်္လာနေ့ နှောင်းပိုင်းမှာ အမေရိကန်ထောက်လှမ်းရေးဌာနတွေက သတိပေးတာပါ။

တင်းမာမှုတွေ တိုးလာနိုင်သလို အထူးသဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ ဖြစ်နိုင်ခြေရှိတယ်လို့လည်း သတိပေးပါတယ်။ ပြည်ပက လှုံဆော်နေတဲ့ အဖွဲ့အစည်းတွေထဲမှာ ရုရှားရဲ့ ခြိမ်းခြောက်မှုက အဆိုးဝါးဆုံးနဲ့ အတက်ကြွဆုံး လုပ်နေတာတွေ့ရတဲ့အကြောင်း အမေရိကန် ထောက်လှမ်းရေးဌာန ဆိုက်ဘာလုံခြုံရေးဌာန CISA ရုံးက သတိပေးချက် ထုတ်ပြန်တာပါ။

အမေရိကန်သမ္မတရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးဖို့ ကြိုးစားတဲ့ နိုင်ငံတွေဟာ ရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲအောင်လုပ်ဖို့ ထိုးဖောက်လို့ မရတော့တဲ့အဆုံး ဗွီဒီယို အတုတွေ သတင်းအချက်အလက်အမှားတွေကို အဓိကသုံးပြီး တိုက်ခိုက်နေတဲ့အကြောင်း အမေရိကန် ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ နောက်ဆုံးထွက်လာတဲ့ ဆန်းစစ်ချက်မှာလည်း မနေ့က ဖေါ်ပြပါတယ်။

ဒါပေမဲ့လည်း ရွေးကောက်ပွဲရလဒ်ကို နည်းပညာနဲ့ အွန်လိုင်းက ထိုးဖောက်ဖို့ ကြိုးစားတာမျိုး မရှိဘူးလို့အခိုင်အမာ ယုံကြည်တဲ့အကြောင်း CISA အေဂျင်စီ ဒါရိုက်တာ Jen Easterly က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အားလုံး ရွေးကောက်ပွဲ မဲရေတွက်မှု အားလုံးဟာ အင်တာနက်နဲ့ ဆက်ထားတာ တခုမှ မရှိဘဲ၊ စာရွက် မဲပြားပေါ်မှာ မဲပေးပြီး မှတ်တမ်းကို အရန်အဖြစ် သိမ်းဆည်းထားတယ်လို့လည်း CISA အေဂျင်စီ ဒါရိုက်တာ Jen Easterly က ပြောပါတယ်။

Forum

XS
SM
MD
LG