သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအကြိုနေ့ သမ္မတလောင်းတွေ အကျိတ်အနယ်မဲဆွယ်


ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump (ဝဲ) နဲ့ ဒီမိုကရက်သမ္မတလောင်း Kamala Harris တို့ကို ရွေးကောက်ပွဲမဲဆွယ်ပွဲတွေအတွင်း သီးခြားစီတွေ့ရစဉ် (နိုဝင်ဘာ ၂၀၂၄)
ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump (ဝဲ) နဲ့ ဒီမိုကရက်သမ္မတလောင်း Kamala Harris တို့ကို ရွေးကောက်ပွဲမဲဆွယ်ပွဲတွေအတွင်း သီးခြားစီတွေ့ရစဉ် (နိုဝင်ဘာ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ အင်္ဂါနေ့ နိုင်ငံတဝန်းမှာ သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိသလို၊ သမ္မတလောင်းတွေ ကလည်း နောက်ဆုံးအချိန်အထိ အပြိုင်အဆိုင် မဲဆွယ်နေကြပါတယ်။

ပါတီစွဲမရှိဘဲ ဟိုဘက်ဒီဘက် ယိမ်းဖို့လွယ်တဲ့ မဲဆန္ဒရှင်တွေ အများစုရှိတဲ့ မစ်ရှီဂန်ပြည်နယ်မှာ မနေ့က နောက်ဆုံးအချိန်အထိ ဒီမိုကရက်သမ္မတလောင်း Kamala Harris မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံ မဲဆွယ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump ကလည်း ပါတီစွဲမထား ဟိုဒီယိမ်းသူတွေများတဲ့ မြောက်ကာရိုလိုင်းနား၊ ပင်န်ဆယ်ဗေးနီးယားနဲ့ မစ်ရှီဂန်ပြည်နယ်တွေမှာ လူထုစုဝေးပွဲ ၄ ခု ဆက်တိုက် မနေ့က နောက်ဆုံးအချိန်အထိ မဲဆွယ်စည်းရုံး ခဲ့ပါတယ်။ မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ သူ အနိုင်ရမယ်ဆိုတာ အခိုင်အမာ ယုံကြည်တယ်ဆိုပြီးတော့လည်း မဲဆွယ်ပွဲအတွင်း ပြောသွားခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်အရှုံး ရလဒ် အဆုံးအဖြတ်ပေးရာမှာ အရေးပါတဲ့ အရီဇီုးနား၊ ဂျော်ဂျီယာ၊ မစ်ရှီဂန်၊ နီဗားဒါး၊ မြောက်ကာရိုလိုင်းနား၊ ပင်န်ဆယ်ဗေးနီးယား နဲ့ ဝစ်ကွန်ဆင်န် ပြည်နယ်တွေမှာ သမ္မတလောင်းတွေ အဓိက အာရုံစိုက် မဲဆွယ် နေကြတာပါ။ ဒီပြည်နယ်တွေက မဲဆန္ဒရှင်တွေဟာ ရီပတ်ဘလစ်ကန်ရယ်၊ ဒီမိုကရက်ရယ်လို့ ပါတီစွဲမထားသူတွေ များတာမို့ နောက်ဆုံးအချိန်အထိ သူတို့အပေါ် ထောက်ခံမှုရဖို့ သမ္မတလောင်းတွေ အကျိတ်အနယ် မဲဆွယ်နေကြရတာလည်း ဖြစ်ပါတယ်။

နောက်ဆုံး လူထုစစ်တမ်းတွေအရကတော့ အဓိကပါတီကြီး နှစ်ခုဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris တို့ကြား လူထုထောက်ခံမှုက သူမသာကိုယ်မသာ အခြေအနေမှာ အကျိတ်အနယ် ဖြစ်နေပါတယ်။ ရွေးကောက်ပွဲနေ့ မတိုင်ခင် ကြိုတင် မဲပေးပြီးသူ ပေါင်းကတော့ ၇၇ သန်းကျော် ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG