သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္အစိုးရသစ္ ႏွင့္ ႐ိုဟင္ဂ်ာအေရး


Displaced Rohingya refugees from Rakhine state in Myanmar carry their belongings as they flee violence, near Ukhia, near the border between Bangladesh and Myanmar on September 4, 2017. - A total of 87,000 mostly Rohingya refugees have arrived in Banglades
အေမရိကန္အစိုးရသစ္ ႏွင့္ ႐ိုဟင္ဂ်ာအေရး
please wait

No media source currently available

0:00 0:10:57 0:00
တိုက္႐ိုက္ လင့္ခ္

အေမရိကန္ျပည္ေထာင္စုမွာ ေ႐ြးေကာက္ခံသမၼတ Joe Biden အစိုးရတက္လာတဲ့အခါ ႐ိုဟင္ဂ်ာအေရး ဦးေဆာင္ေျဖရွင္းဖို႔ ဒုကၡသည္အေရး လႈပ္ရွားသူေတြ လိုလားေနပါတယ္။ ႐ိုဟင္ဂ်ာေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြကို ဟန႔္တားႏိုင္ေအာင္ အေမရိကန္ အစိုးရသစ္နဲ႔ မူဝါဒသစ္ေတြ က်င့္သုံးဖို႔လည္း ဒီတပတ္ထဲမွာပဲ ဝါရွင္တန္အေျခစိုက္ Refugees International အဖြဲ႕ကလည္း “႐ိုဟင္ဂ်ာအေရး ႏိုင္ငံတကာအတိုင္းအတာနဲ႔ ဦးေဆာင္ေျဖရွင္းဖို႔ ေ႐ြးေကာက္ခံသမၼတ Biden အတြက္ အေရးႀကီးတဲ့ မူဝါဒေရးရာ အႀကံျပဳခ်က္အျဖစ္” အစီရင္ခံစာတေစာင္ ထုတ္ျပန္ၿပီး တိုက္တြန္းခဲ့တာပါ။ အစီရင္ခံစာကို ဦးေဆာင္ျပဳစုခဲ့တဲ့ Daniel Sullivan ကို Skype ကေန ဆက္သြယ္ေမးျမန္း တင္ဆက္ထားပါတယ္။

ေမး ။ ။ VOA ျမန္မာပိုင္းက ႀကိဳဆိုပါတယ္။ ပထမဦးဆံုးအေနနဲ႔ Refugees International ရဲ ႔ အစီရင္ခံစာနဲ႔ ပတ္သက္လို႔ ေမးခ်င္ပါတယ္။ ရိုဟင္ဂ်ာဒုကၡသည္ေတြ ႀကံဳေနရတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ အစီရင္ခံစာမွာ အေလးထားေဖာ္ျပထားတာကို ေတြ႔ရသလို၊ တက္လာမယ့္ Joe Biden အစိုးရအေနနဲ႔ ဒီကိစၥကို ဦးေဆာင္ေျဖရွင္းဖို႔ တိုက္တြန္းထားတာကိုလည္း ေတြ႔ပါတယ္။ ဆိုေတာ့ ဒီကိစၥကို ေျဖရွင္းတဲ့ေနရာမွာ အေမရိကန္ရဲ ႔ အခန္းက႑က ဘယ္ေလာက္အထိ အေရးပါေနလို႔ အခုလို တုိက္တြန္းရတာလဲ။

ေျဖ ။ ။ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အဓိကအခန္းက႑ကေန ဦးေဆာင္ႏုိင္မယ္လို႔ က်ေနာ္တိုိ႔ ယံုၾကည္ထားပါတယ္။ ျဖစ္ခဲ့တာေတြအေပၚ ျဖစ္တဲ့အတိုင္း တရားဝင္အသိအမွတ္ျပဳ သံုးႏႈန္းေျပာဆိုတာမ်ဳိးကအစ လုပ္ႏုိင္တာေတြလည္း အေတာ္မ်ားမ်ား ရိွပါတယ္။ လူမ်ဳိးတုန္းသတ္ျဖတ္မႈ၊ လူသားတို႔အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈအျဖစ္ သတ္မွတ္ဖို႔နဲ႔ ေနာက္ဆက္တြဲ သံတမန္အေရးအရ အေရးတႀကီးေဆာင္ရြက္တာေတြ အပါအဝင္ တျခားအေရးယူေဆာင္ရြက္တာေတြ လုပ္သြားဖို႔လည္း လုိပါတယ္။ ဒီလိုလုပ္တဲ့ေနရာမွာ Biden အစိုးရအေနနဲ႔ အေျဖတစ္ခုထြက္လာေအာင္ အျခားႏိုင္ငံေတြနဲ႔ လက္တြဲလုပ္ႏုိင္ဖို႔နဲ႔ ျမန္မာႏိုင္ငံတာဝန္ရိွသူေတြ ဆက္ဆံႏုိင္ဖို႔အတြက္ပါ ဦးေဆာင္ေဆာင္ရြက္မယ့္သူ တစ္ေယာက္ေယာက္ကို ခန္႔အပ္ဖို႔လည္း လုိပါတယ္။

ေမး ။ ။ တကယ္ေတာ့ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ျမန္မာႏုိင္ငံအေပၚမွာ အရင္ကတည္းကလဲ ဖိအားေပးတာေတြ ရိွပါတယ္။ အထူးသျဖင့္ ထိပ္တန္းစစ္အရာရိွေတြအေပၚ ပစ္မွတ္ထား ဒဏ္ခတ္တာေတြ ရိွပါတယ္။ ဆိုေတာ့ ရိုဟင္ဂ်ာအေရး ေျဖရွင္းတဲ့ေနရာမွာ အေထာက္အကူ ျဖစ္ဖုိ႔ဆုိရင္ အေမရိကန္အေနနဲ႔ ေနာက္ထပ္လုပ္ႏိုင္တဲ့ နည္းလမ္းေတြ ဘာေတြမ်ား ရိွအံုးမယ္လို႔ ယူဆထားပါလဲ။

ေျဖ ။ ။ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္အေပၚ အေရးယူဒဏ္ခတ္တာအပါအဝင္ အေမရိကန္က ေတာ္ေတာ္မ်ားမ်ား လုပ္ခဲ့တာေတြ ရိွပါတယ္။ လူသားခ်င္း စာနာမႈအပိုင္းေတြမွာလည္း လုပ္ေပးတာေတြ ရိွပါတယ္။ ဒါေတြက အေရးႀကီးသလို ေရွ ႔ဆက္လုပ္ဖို႔လည္း လုိပါတယ္။ ဒါေပမဲ့လဲ မဟာမိတ္ေတြနဲ႔ လက္တြဲၿပီး ထိေရာက္တဲ့ ဖိအားေတြ ျဖစ္လာေအာင္ တကမာၻလံုး အတိုင္းအတာနဲ႔ ႀကိဳးပမ္းတာမ်ဳိးေတာ့ မရိွေသးပါဘူး။ ဒါေၾကာင့္လဲ တကမာၻလံုး အတုိင္းအတာအထိ ျဖစ္သြားေအာင္ လုပ္စရာေတြ အမ်ားႀကီးရိွပါတယ္။ က်ေနာ္ ေျပာခဲ့သလိုပဲ အေမရိကန္အဆင့္ျမင့္အရာရိွတစ္ေယာက္ကို တာဝန္ေပးျခင္းအားျဖင့္ ဘယ္ေလာက္အထိ အေလးအနက္ထားတာမ်ဳိးကို ျပသႏုိင္သလို၊ လူမ်ဳိးတုန္းသတ္ျဖတ္မႈအျဖစ္ သတ္မွတ္တာမ်ဳိး ဆံုးျဖတ္ဖို႔ လုပ္ရမွာပါ။ ကုလသမဂၢလံုၿခံဳေရးေကာင္စီမွာ ဦးေဆာင္ေဆြးေႏြးေပးတာမ်ဳိးလည္း မလုပ္ျဖစ္တာ (၂) ႏွစ္ေက်ာ္ေလာက္ ရိွေနပါၿပီ။

ေမး ။ ။ တကယ္ေတာ့ ျမန္မာႏုိင္ငံအေပၚ အေမရိကန္ရဲ ႔ ပစ္မွတ္ထား ဒဏ္ခတ္မႈေတြနဲ႔ ပတ္သက္လို႔ အရင္ စစ္အစိုးရေတြ လက္ထက္ကတည္းကလည္း ရာဇဝင္ေတြ ရိွဖူးပါတယ္။ တခ်ဳိ ႔ကလဲ အရင္က ျမန္မာႏုိင္ငံေပၚ ခ်မွတ္တဲ့ ပိတ္စို႔ဒဏ္ခတ္မႈေတြက ထိေရာက္မႈမရိွသလို၊ ေျပာင္းျပန္အက်ဳိးသက္ေရာက္မႈေတြေတာင္ ရိွတယ္လို႔ ယူဆတာမ်ဳိးေတြလည္း ရိွပါတယ္။ ဆိုေတာ့ ဒီအျမင္ေတြေပၚကို ဘယ္လိုေျပာႏုိင္မလဲ။

ေျဖ ။ ။ အတိတ္မွာတုန္းကလို သိမ္းက်ဳံးၿပီးေတာ့ ျပစ္ဒဏ္ခတ္တာမ်ဳိး၊ အထီးက်န္ျဖစ္တာမ်ဳိးေတြေတာ့ လုပ္စရာမလုိဘူးလို႔ ေျပာရပါလိမ့္မယ္။ အေရးယူဒဏ္ခတ္တဲ့ နည္းလမ္းနဲ႔ သံတမန္ေရး နည္းလမ္းေတြကိုပါ သံုးခဲ့တာေတြ ရိွပါတယ္။ ဒါေတြကို အက်ဳိးရိွရိွ အသံုးခ်လို႔ ရပါတယ္။ ဒါေၾကာင့္လဲ ဖိအားနဲ႔ ထိေတြ႔ဆက္ဆံမႈကို ေပါင္းစပ္က်င့္သံုးဖိုိ႔ လိုပါတယ္။ မတူကြဲျပားတဲ့ အေမရိကန္ရဲ ႔ မဟာမိတ္ေတြအေနနဲ႔ ျမန္မာႏုိင္ငံနဲ႔ မတူညီတဲ့ ဆက္ဆံေရးေတြ ရိွတာေၾကာင့္ ဒါေတြက အသံုးက်ႏုိင္ပါတယ္။ ဒါေပမဲ့လဲ က်ေနာ္တုိ႔အေနနဲ႔ အတိတ္မွာတုန္းကလို လံုးဝအထီးက်န္ျဖစ္ေအာင္ ဝိုင္းပယ္တာမ်ဳိးကို ေျပာေနတာ မဟုတ္ပါဘူး။

ေမး ။ ။ ဒီေနရာမွာ အေမရိကန္ရဲ ႔ ျမန္မာႏိုင္ငံဆုိင္ရာ ႏုိင္ငံျခားေရးရာမူဝါဒနဲ႔ ပတ္သက္လို႔ စိုးရိမ္မႈတခ်ဳိ ႔လည္း ရိွပါတယ္။ အထူးသျဖင့္ တရုတ္ႏုိ္င္ငံနဲ႔ ပတ္သက္ပါတယ္။ တရုတ္ႏုိ္င္ငံဆိုတာ ကုလသမဂၢလံုၿခံဳေရးေကာင္စီမွာ ဗီတုိအာဏာလည္း သံုးခြင့္ရိွတဲ့ ႏုိင္ငံတစ္ခုလည္း ျဖစ္ပါတယ္။ ဆိုေတာ့ အေမရိကန္က ျမန္မာအေပၚ ဖိအားေပးလာတာနဲ႔အမွ် တရုတ္ႏုိင္ငံဘက္ကို ယိမ္းသြားမလားဆိုတဲ့ စိုးရိမ္မႈေတြလည္း ရိွပါတယ္။ ဒါကေရာ စိုးရိမ္သင့္၊ စိုးရိမ္ထိုက္တဲ့ ကိစၥ ျဖစ္ႏုိင္မလား။

ေျဖ ။ ။ ဟုတ္ပါတယ္။ အေမရိကန္ရဲ ႔ ေယဘုယ် ႏုိင္ငံျခားေရး မူဝါဒနဲ႔ အထူးသျဖင့္ ျမန္မာ့ႏုိင္ငံေရးမွာ တရုတ္ႏုိင္ငံနဲ႔ ဆက္ဆံေရးက ရႈပ္ေထြးနက္နဲပါတယ္။ ဒါေပမဲ့လဲ လုပ္ႏုိင္တဲ့အပိုင္းေတြလည္း ရိွတယ္လို႔ ထင္ပါတယ္။ ဘံုအက်ဳိးစီးပြားတခ်ဳိ ႔လည္း ရိွေနပါတယ္။ တရုတ္ႏုိင္ငံအေနနဲ႔ ခါးပတ္လမ္း စီမံကိန္းလို စီးပြားေရးအက်ဳိးစီးပြားေတြနဲ႔ တည္ၿငိမ္မႈရိွဖို႔ ျမန္မာႏုိင္ငံမွာ ျဖစ္ေနတဲ့ လက္နက္ကိုင္တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ပဲျဖစ္ျဖစ္၊ အက်ဳိးစီးပြားနဲ႔ ပတ္သက္ေနတဲ့ ကိစၥမ်ဳိးေတြ ရိွေနပါတယ္။ ျမန္မာအာဏာပိုင္ေတြအေနနဲ႔လဲ အတိတ္ကာလမွာတုန္းကလိုပဲ ဆက္ဆံေရးမွာ ဘက္မွ်ေအာင္ ထိန္းထားဖို႔ လိုလားတဲ့သေဘာမ်ဳိး ရိွတယ္လို႔ က်ေနာ္ ထင္ပါတယ္။ ျမန္မာႏုိင္ငံအေပၚ တရုတ္ႏုိ္င္ငံရဲ ႔ ၾသဇာအရိွန္အဝါကလည္း ႀကီးမားလြန္ပါတယ္။ ဒါေတြက အေမရိကန္အတြက္ အေပါင္းလကၡဏာေဆာင္တဲ့ အခန္းက႑ကေန ပါဝင္ႏုိင္မယ့္ လမ္းစလို႔ ထင္ပါတယ္။ တခ်ဳိ ႔ေဝဖန္ေနသူေတြ ေျပာေနသလို အေမရိကန္က ဖိအားေပးလို႔ တရုတ္လက္ထဲ ေရာက္သြားစရာအေၾကာင္း မရိွႏိုင္ပါဘူး။ ဒီေနရာမွာ အေမရိကန္နဲ႔ တရုတ္ဆက္ဆံေရးက ရႈပ္ေထြးနက္နဲတယ္ဆိုတာကေတာ့ သံသယျဖစ္စရာ မရိွပါဘူး။ ဒါေပမဲ့ ဘံုအက်ဳိးစီးပြားတခ်ဳိ ႔ ရိွေနတာက လက္တြဲႏုိင္မယ့္ နည္းလမ္းေတြလည္း ရိွေနပါတယ္။ ရိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ေရးကိစၥမွာလည္း ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏုိင္ငံၾကား ညိွႏိႈင္းႏုိင္ေအာင္ တရုတ္က ၾကားဝင္ေဆာင္ရြက္ေနတာလည္း ရိွပါတယ္။

ေမး ။ ။ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးဆိုတဲ့ အပိုင္းကိုလည္း ေမးခ်င္ပါတယ္။ ျမန္မာအာဏာပိုင္ေတြအေနနဲ႔ ရုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို တရားဝင္အသိအမွတ္ျပဳ လက္ခံႏိုင္တာမ်ဳိးေတာ့ မရိွပါဘူး။ ဒါေပမဲ့လဲ ရခိုင္ျပည္နယ္ကေန ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္ကို တိမ္းေရွာင္သြားတဲ့ ဒုကၡသည္ေတြကို ျပန္လက္ခံထားဖို႔ ျပင္ဆင္ထားတဲ့ ဘဂၤလားေဒ့ရွ္ တာဝန္ရိွသူေတြနဲ႔ေကာ ေနာက္ ကုလသမဂၢလို ႏုိင္ငံတကာအဖြဲ႔အစည္းေတြနဲ႔ ေဆြးေႏြးေနတာေတြ ရိွတယ္လို႔ ေျပာထားတာေတြ ရိွပါတယ္။ ဒါေပမဲ့ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးကေတာ့ လက္ေတြ႔မွာ ျဖစ္မလာေသးဘူးေပါ့။ ဆိုေတာ့ ဒုကၡသည္ေတြ ျပန္ႏိုင္ဖို႔အတြက္ အဓိက ဘယ္လိုအေျခခံအခ်က္ေတြ ရိွေနလို႔ အခုလို မျပန္ႏုိင္ေသးဘဲ၊ ျဖစ္ေနရတယ္လို႔ နားလည္ထားသလဲ။

ေျဖ ။ ။ အေျခခံအားျဖင့္ေတာ့ ကိုယ့္သေဘာဆႏၵနဲ႔ ေဘးအႏၱရာယ္ကင္းကင္း၊ ႏုိင္ငံတကာစံေတြနဲ႔အညီ ဂုဏ္သိကၡာရိွရိွ ျပန္ႏိုင္တဲ့ အေျခအေနမ်ဳိး ျမန္မာႏုိင္ငံထဲမွာ ဖန္တီးေပးဖို႔လိုတယ္လို႔ ထင္ပါတယ္။ ရခိုင္ျပည္နယ္မွာ က်န္ေနေသးတဲ့ ရိုဟင္ဂ်ာ ေျခာက္သိန္းေလာက္ကလည္း သြားလာလႈပ္ရွားမႈေတြ၊ ဘာသာေရးယံုၾကည္မႈေတြကို အႀကီးအက်ယ္ ကန္႔သတ္ခ်ဳပ္ခ်ယ္တာေတြနဲ႔ ရင္ဆိုင္ေနရတာပါ။ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာဆိုရင္လဲ ဝင္ယွဥ္ၿပိဳင္ႏုိင္ဖို႔ေနေနသာ မဲထည့္ခြင့္ေတာင္ မရခဲ့ပါဘူး။ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ဆက္ျဖစ္ေနသလို၊ ရခိုင္တပ္ေတာ္ AA နဲ႔လည္း တိုက္ပြဲေတြ ျဖစ္ေနတာကလဲ ရိုဟင္ဂ်ာေတြ ေနရပ္ျပန္ဖို႔အေရး အဟန္႔အတား ျဖစ္ေနပါတယ္။ ဘဂၤလားေဒရွ္ဘက္မွာလည္း လုပ္ရမယ့္ကိစၥေတြ ရိွပါတယ္။ ရိုဟင္ဂ်ာဒုကၡသည္ အသိုင္းအဝိုင္းရဲ ႔ သေဘာထားအျမင္၊ ပါဝင္ခြင့္ေတြရဖို႔ လိုသလို၊ သိသင့္သိထိုက္တာေတြကိုလည္း အသိေပးဖို႔ လိုပါတယ္။ ဒုကၡသည္ေတြကို Bhashan Char ကၽြန္းကို ေျပာင္းေရႊ ႔တာမ်ဳိးလို ျပႆနာမ်ဳိးေတြ ရိွေနပါတယ္။

ေမး ။ ။ ေနာက္တစ္ခ်က္ကေတာ့ Refugees International အစီရင္ခံစာမွာလည္း ပါပါတယ္။ အေစာပိုင္းမွာလည္း ေျပာသြားတာ ေတြ႔ပါတယ္။ ဒါကေတာ့ ေနာက္တက္မယ့္ အေမရိကန္အစိုးရအေနနဲ႔ ရုိဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို လူမ်ဳိးတုန္းသတ္ျဖတ္မႈအျဖစ္ သတ္မွတ္သင့္မသင့္ဆိုတာကို စဥ္းစားဖို႔ဆုိတဲ့ ကိစၥပါ။ ဆုိေတာ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈအျဖစ္ အေမရိကန္အစိုးရက အသိအမွတ္ျပဳ လက္ခံလိုက္ျခင္းအားျဖင့္ ရိုဟင္ဂ်ာအေရး ေျဖရွင္းတဲ့ေနရာမွာ ဘယ္လိုတြန္းအားေတြ ျဖစ္လာႏို္င္မယ္လို႔ ယူဆထားလို႔မ်ား အခုလို တိုက္တြန္းေနရတာလဲ။

ေျဖ ။ ။ အရိွကိုအရိွအတိုင္း ေခၚေဝၚသံုးႏႈန္းဖို႔က တကယ့္ကို အေရးႀကီးတယ္လို႔ ထင္ပါတယ္။ အေမရိကန္ႏုိင္ငံျခားေရး မူဝါဒအေပၚ အမ်ားယံုၾကည္ကိုးစားမႈရေအာင္ အမွန္အတိုင္းေျပာဖို႔က အေရးႀကီးတယ္လို႔ ထင္ပါတယ္။ ဒီနည္းက ႏိုင္ငံတကာက တာဝန္ခံမႈရိွေအာင္ ေဆာင္ရြက္ေနတဲ့ ယႏၱရားေတြအတြက္ အေထာက္အကူ ျဖစ္ႏုိင္ပါတယ္။ ICJ ႏိုင္ငံတကာတရားရံုးက အခုဆိုရင္ ၾကားျဖတ္အမိန္႔ ခ်တာမ်ဳိးပါ။ ဒါေၾကာင့္လဲ လူမ်ဳိးတုန္းသတ္ျဖတ္မႈအျဖစ္ သတ္မွတ္ဖို႔ ဆံုးျဖတ္တာဟာ ဘယ္ေလာက္အထိ အေလးအနက္ ထားတယ္ဆိုတာကို ျပသရာ ေရာက္ပါတယ္။

ေမး ။ ။ ေနာက္ဆံုးအေနနဲ႔ ေမးခ်င္တာကေတာ့ မၾကာခင္မွာဆိုရင္လဲ အေမရိကန္မွာ အစိုးရသစ္တစ္ရပ္ တက္လာပါေတာ့မယ္။ ဒီအစိုးရဖြဲ႔သစ္ထဲမွာ ရိုဟင္ဂ်ာအေရးကို ေျဖရွင္းရာမွာ ဘယ္လိုလူေတြက အဓိက ဦးေဆာင္လုပ္ႏိုင္လိမ့္မယ္လို႔ ထင္ပါသလဲ။ ဘယ္လိုလူေတြဆိုရင္ သင့္ေတာ္မယ္လို႔မ်ား ယူဆထားပါသလဲ။

ေျဖ ။ ။ ဘယ္သူေတြနဲ႔ သင့္ေတာ္မယ္ဆိုတာကို အတိအက် က်ေနာ္ မေျပာႏိုင္ေပမယ့္ အဆင့္ျမင့္ရာထူးတာဝန္ ထမ္းေဆာင္ၾကမယ့္လူေတြရဲ ႔ ေျပာဆိုခ်က္ေတြေၾကာင့္ က်ေနာ္ အားရေက်နပ္မိတာေတြ ရိွပါတယ္။ Biden အစိုးရအဖြဲ႔မွာ ပထမဦးဆံုးအေနနဲ႔ ဒုသမၼတ Kamala Harris က အထက္လႊတ္ေတာ္ဘဝမွာတုန္းက ျမန္မာႏို္င္ငံ လူ႔အခြင့္အေရးဆိုင္ရာ ဥပေဒၾကမ္းကို ပူးတြဲတင္သြင္းဖူးပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ အဆိုျပဳခံထားရတဲ့ Antony Blinken ဆိုရင္လဲ ရိုဟင္ဂ်ာေတြ တုိက္ခိုက္ခံရမႈ စျဖစ္ခဲ့တဲ့ (၃) ႏွစ္ျပည့္ အခမ္းအနားအျဖစ္ ၿပီးခဲ့တဲ့ ၾသဂုတ္လ (၂၅) ရက္ေန႔က ရိုဟင္ဂ်ာအေရး တာဝန္ခံမႈ ရိွဖို႔နဲ႔ ႏုိင္ငံသားအခြင့္အေရး ရရိွဖို႔ Twitter လူ႔မႈကြန္ရက္ကေန ေတာင္းဆိုခဲ့ဖူးပါတယ္။ Samantha Power ကလည္း အစိုးရအဖြဲ႔မွာ ပါလာဖို႔ ရိွတာေၾကာင့္ ရိုဟင္ဂ်ာအေရး ေျဖရွင္းဖို႔ လိုလိုလားလား ေျပာဆိုၾကသူေတြ ေတာ္ေတာ္မ်ားမ်ား အစိုးရအဖြဲ႔သစ္မွာ ပါလာၾကေတာ့မွာပါ။

ကိုေအာင္လြင္ဦး ။ ။ ရိုဟင္ဂ်ာအေရး ႏုိင္ငံတကာအတိုင္းအတာနဲ႔ ဦးေဆာင္ေျဖရွင္းဖို႔ ေရြးေကာက္ခံ သမၼတ Joe Biden အတြက္ အေရးႀကီးတဲ့ မူဝါဒေရးရာ အႀကံျပဳခ်က္အျဖစ္ ဝါရွင္တန္အေျခစိုက္ Refugees International အဖြဲ႔က ဒီတပတ္ထဲ ထုတ္ျပန္လုိုက္တဲ့ အစီရင္ခံစာကို ဦးေဆာင္ေရးခဲ့သူ Daniel Sullivan Skype ကေန ဆက္သြယ္ေမးျမန္းခဲ့တာပါ။


==Unicode===

အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ Joe Biden အစိုးရတက်လာတဲ့အခါ ရိုဟင်ဂျာအရေး ဦးဆောင်ဖြေရှင်းဖို့ ဒုက္ခသည်အရေး လှုပ်ရှားသူတွေ လိုလားနေပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားနိုင်အောင် အမေရိကန် အစိုးရသစ်နဲ့ မူဝါဒသစ်တွေ ကျင့်သုံးဖို့လည်း ဒီတပတ်ထဲမှာပဲ ဝါရှင်တန်အခြေစိုက် Refugees International အဖွဲ့ကလည်း “ရိုဟင်ဂျာအရေး နိုင်ငံတကာအတိုင်းအတာနဲ့ ဦးဆောင်ဖြေရှင်းဖို့ ရွေးကောက်ခံသမ္မတ Biden အတွက် အရေးကြီးတဲ့ မူဝါဒရေးရာ အကြံပြုချက်အဖြစ်” အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တာပါ။ အစီရင်ခံစာကို ဦးဆောင်ပြုစုခဲ့တဲ့ Daniel Sullivan ကို Skype ကနေ ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

မေး ။ ။ VOA မြန်မာပိုင်းက ကြိုဆိုပါတယ်။ ပထမဦးဆုံးအနေနဲ့ Refugees International ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ အစီရင်ခံစာမှာ အလေးထားဖော်ပြထားတာကို တွေ့ရသလို၊ တက်လာမယ့် Joe Biden အစိုးရအနေနဲ့ ဒီကိစ္စကို ဦးဆောင်ဖြေရှင်းဖို့ တိုက်တွန်းထားတာကိုလည်း တွေ့ပါတယ်။ ဆိုတော့ ဒီကိစ္စကို ဖြေရှင်းတဲ့နေရာမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါနေလို့ အခုလို တိုက်တွန်းရတာလဲ။

ဖြေ ။ ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဓိကအခန်းကဏ္ဍကနေ ဦးဆောင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ဖြစ်ခဲ့တာတွေအပေါ် ဖြစ်တဲ့အတိုင်း တရားဝင်အသိအမှတ်ပြု သုံးနှုန်းပြောဆိုတာမျိုးကအစ လုပ်နိုင်တာတွေလည်း အတော်များများ ရှိပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားတို့အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့နဲ့ နောက်ဆက်တွဲ သံတမန်အရေးအရ အရေးတကြီးဆောင်ရွက်တာတွေ အပါအဝင် တခြားအရေးယူဆောင်ရွက်တာတွေ လုပ်သွားဖို့လည်း လိုပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ Biden အစိုးရအနေနဲ့ အဖြေတစ်ခုထွက်လာအောင် အခြားနိုင်ငံတွေနဲ့ လက်တွဲလုပ်နိုင်ဖို့နဲ့ မြန်မာနိုင်ငံတာဝန်ရှိသူတွေ ဆက်ဆံနိုင်ဖို့အတွက်ပါ ဦးဆောင်ဆောင်ရွက်မယ့်သူ တစ်ယောက်ယောက်ကို ခန့်အပ်ဖို့လည်း လိုပါတယ်။

မေး ။ ။ တကယ်တော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ အရင်ကတည်းကလဲ ဖိအားပေးတာတွေ ရှိပါတယ်။ အထူးသဖြင့် ထိပ်တန်းစစ်အရာရှိတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်တာတွေ ရှိပါတယ်။ ဆိုတော့ ရိုဟင်ဂျာအရေး ဖြေရှင်းတဲ့နေရာမှာ အထောက်အကူ ဖြစ်ဖို့ဆိုရင် အမေရိကန်အနေနဲ့ နောက်ထပ်လုပ်နိုင်တဲ့ နည်းလမ်းတွေ ဘာတွေများ ရှိအုံးမယ်လို့ ယူဆထားပါလဲ။

ဖြေ ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် အရေးယူဒဏ်ခတ်တာအပါအဝင် အမေရိကန်က တော်တော်များများ လုပ်ခဲ့တာတွေ ရှိပါတယ်။ လူသားချင်း စာနာမှုအပိုင်းတွေမှာလည်း လုပ်ပေးတာတွေ ရှိပါတယ်။ ဒါတွေက အရေးကြီးသလို ရှေ့ဆက်လုပ်ဖို့လည်း လိုပါတယ်။ ဒါပေမဲ့လဲ မဟာမိတ်တွေနဲ့ လက်တွဲပြီး ထိရောက်တဲ့ ဖိအားတွေ ဖြစ်လာအောင် တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြိုးပမ်းတာမျိုးတော့ မရှိသေးပါဘူး။ ဒါကြောင့်လဲ တကမ္ဘာလုံး အတိုင်းအတာအထိ ဖြစ်သွားအောင် လုပ်စရာတွေ အများကြီးရှိပါတယ်။ ကျနော် ပြောခဲ့သလိုပဲ အမေရိကန်အဆင့်မြင့်အရာရှိတစ်ယောက်ကို တာဝန်ပေးခြင်းအားဖြင့် ဘယ်လောက်အထိ အလေးအနက်ထားတာမျိုးကို ပြသနိုင်သလို၊ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်တာမျိုး ဆုံးဖြတ်ဖို့ လုပ်ရမှာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဦးဆောင်ဆွေးနွေးပေးတာမျိုးလည်း မလုပ်ဖြစ်တာ (၂) နှစ်ကျော်လောက် ရှိနေပါပြီ။

မေး ။ ။ တကယ်တော့ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ ပစ်မှတ်ထား ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ အရင် စစ်အစိုးရတွေ လက်ထက်ကတည်းကလည်း ရာဇဝင်တွေ ရှိဖူးပါတယ်။ တချို့ကလဲ အရင်က မြန်မာနိုင်ငံပေါ် ချမှတ်တဲ့ ပိတ်စို့ဒဏ်ခတ်မှုတွေက ထိရောက်မှုမရှိသလို၊ ပြောင်းပြန်အကျိုးသက်ရောက်မှုတွေတောင် ရှိတယ်လို့ ယူဆတာမျိုးတွေလည်း ရှိပါတယ်။ ဆိုတော့ ဒီအမြင်တွေပေါ်ကို ဘယ်လိုပြောနိုင်မလဲ။

ဖြေ ။ ။ အတိတ်မှာတုန်းကလို သိမ်းကျုံးပြီးတော့ ပြစ်ဒဏ်ခတ်တာမျိုး၊ အထီးကျန်ဖြစ်တာမျိုးတွေတော့ လုပ်စရာမလိုဘူးလို့ ပြောရပါလိမ့်မယ်။ အရေးယူဒဏ်ခတ်တဲ့ နည်းလမ်းနဲ့ သံတမန်ရေး နည်းလမ်းတွေကိုပါ သုံးခဲ့တာတွေ ရှိပါတယ်။ ဒါတွေကို အကျိုးရှိရှိ အသုံးချလို့ ရပါတယ်။ ဒါကြောင့်လဲ ဖိအားနဲ့ ထိတွေ့ဆက်ဆံမှုကို ပေါင်းစပ်ကျင့်သုံးဖို့ လိုပါတယ်။ မတူကွဲပြားတဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေအနေနဲ့ မြန်မာနိုင်ငံနဲ့ မတူညီတဲ့ ဆက်ဆံရေးတွေ ရှိတာကြောင့် ဒါတွေက အသုံးကျနိုင်ပါတယ်။ ဒါပေမဲ့လဲ ကျနော်တို့အနေနဲ့ အတိတ်မှာတုန်းကလို လုံးဝအထီးကျန်ဖြစ်အောင် ဝိုင်းပယ်တာမျိုးကို ပြောနေတာ မဟုတ်ပါဘူး။

မေး ။ ။ ဒီနေရာမှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားရေးရာမူဝါဒနဲ့ ပတ်သက်လို့ စိုးရိမ်မှုတချို့လည်း ရှိပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ ပတ်သက်ပါတယ်။ တရုတ်နိုင်ငံဆိုတာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာလည်း သုံးခွင့်ရှိတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဆိုတော့ အမေရိကန်က မြန်မာအပေါ် ဖိအားပေးလာတာနဲ့အမျှ တရုတ်နိုင်ငံဘက်ကို ယိမ်းသွားမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ ဒါကရော စိုးရိမ်သင့်၊ စိုးရိမ်ထိုက်တဲ့ ကိစ္စ ဖြစ်နိုင်မလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ အမေရိကန်ရဲ့ ယေဘုယျ နိုင်ငံခြားရေး မူဝါဒနဲ့ အထူးသဖြင့် မြန်မာ့နိုင်ငံရေးမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးက ရှုပ်ထွေးနက်နဲပါတယ်။ ဒါပေမဲ့လဲ လုပ်နိုင်တဲ့အပိုင်းတွေလည်း ရှိတယ်လို့ ထင်ပါတယ်။ ဘုံအကျိုးစီးပွားတချို့လည်း ရှိနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ခါးပတ်လမ်း စီမံကိန်းလို စီးပွားရေးအကျိုးစီးပွားတွေနဲ့ တည်ငြိမ်မှုရှိဖို့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အကျိုးစီးပွားနဲ့ ပတ်သက်နေတဲ့ ကိစ္စမျိုးတွေ ရှိနေပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့လဲ အတိတ်ကာလမှာတုန်းကလိုပဲ ဆက်ဆံရေးမှာ ဘက်မျှအောင် ထိန်းထားဖို့ လိုလားတဲ့သဘောမျိုး ရှိတယ်လို့ ကျနော် ထင်ပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါကလည်း ကြီးမားလွန်ပါတယ်။ ဒါတွေက အမေရိကန်အတွက် အပေါင်းလက္ခဏာဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ့် လမ်းစလို့ ထင်ပါတယ်။ တချို့ဝေဖန်နေသူတွေ ပြောနေသလို အမေရိကန်က ဖိအားပေးလို့ တရုတ်လက်ထဲ ရောက်သွားစရာအကြောင်း မရှိနိုင်ပါဘူး။ ဒီနေရာမှာ အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးက ရှုပ်ထွေးနက်နဲတယ်ဆိုတာကတော့ သံသယဖြစ်စရာ မရှိပါဘူး။ ဒါပေမဲ့ ဘုံအကျိုးစီးပွားတချို့ ရှိနေတာက လက်တွဲနိုင်မယ့် နည်းလမ်းတွေလည်း ရှိနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စမှာလည်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြား ညှိနှိုင်းနိုင်အောင် တရုတ်က ကြားဝင်ဆောင်ရွက်နေတာလည်း ရှိပါတယ်။

မေး ။ ။ ဒုက္ခသည်တွေ နေရပ်ပြန်ရေးဆိုတဲ့ အပိုင်းကိုလည်း မေးချင်ပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်အသိအမှတ်ပြု လက်ခံနိုင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့လဲ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံထားဖို့ ပြင်ဆင်ထားတဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ကော နောက် ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေတာတွေ ရှိတယ်လို့ ပြောထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကတော့ လက်တွေ့မှာ ဖြစ်မလာသေးဘူးပေါ့။ ဆိုတော့ ဒုက္ခသည်တွေ ပြန်နိုင်ဖို့အတွက် အဓိက ဘယ်လိုအခြေခံအချက်တွေ ရှိနေလို့ အခုလို မပြန်နိုင်သေးဘဲ၊ ဖြစ်နေရတယ်လို့ နားလည်ထားသလဲ။

ဖြေ ။ ။ အခြေခံအားဖြင့်တော့ ကိုယ့်သဘောဆန္ဒနဲ့ ဘေးအန္တရာယ်ကင်းကင်း၊ နိုင်ငံတကာစံတွေနဲ့အညီ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်တဲ့ အခြေအနေမျိုး မြန်မာနိုင်ငံထဲမှာ ဖန်တီးပေးဖို့လိုတယ်လို့ ထင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာ ခြောက်သိန်းလောက်ကလည်း သွားလာလှုပ်ရှားမှုတွေ၊ ဘာသာရေးယုံကြည်မှုတွေကို အကြီးအကျယ် ကန့်သတ်ချုပ်ချယ်တာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာဆိုရင်လဲ ဝင်ယှဉ်ပြိုင်နိုင်ဖို့နေနေသာ မဲထည့်ခွင့်တောင် မရခဲ့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေသလို၊ ရခိုင်တပ်တော် AA နဲ့လည်း တိုက်ပွဲတွေ ဖြစ်နေတာကလဲ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့အရေး အဟန့်အတား ဖြစ်နေပါတယ်။ ဘင်္ဂလားဒေရှ်ဘက်မှာလည်း လုပ်ရမယ့်ကိစ္စတွေ ရှိပါတယ်။ ရိုဟင်ဂျာဒုက္ခသည် အသိုင်းအဝိုင်းရဲ့ သဘောထားအမြင်၊ ပါဝင်ခွင့်တွေရဖို့ လိုသလို၊ သိသင့်သိထိုက်တာတွေကိုလည်း အသိပေးဖို့ လိုပါတယ်။ ဒုက္ခသည်တွေကို Bhashan Char ကျွန်းကို ပြောင်းရွှေ့တာမျိုးလို ပြဿနာမျိုးတွေ ရှိနေပါတယ်။

မေး ။ ။ နောက်တစ်ချက်ကတော့ Refugees International အစီရင်ခံစာမှာလည်း ပါပါတယ်။ အစောပိုင်းမှာလည်း ပြောသွားတာ တွေ့ပါတယ်။ ဒါကတော့ နောက်တက်မယ့် အမေရိကန်အစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်သင့်မသင့်ဆိုတာကို စဉ်းစားဖို့ဆိုတဲ့ ကိစ္စပါ။ ဆိုတော့ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရက အသိအမှတ်ပြု လက်ခံလိုက်ခြင်းအားဖြင့် ရိုဟင်ဂျာအရေး ဖြေရှင်းတဲ့နေရာမှာ ဘယ်လိုတွန်းအားတွေ ဖြစ်လာနိုင်မယ်လို့ ယူဆထားလို့များ အခုလို တိုက်တွန်းနေရတာလဲ။

ဖြေ ။ ။ အရှိကိုအရှိအတိုင်း ခေါ်ဝေါ်သုံးနှုန်းဖို့က တကယ့်ကို အရေးကြီးတယ်လို့ ထင်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး မူဝါဒအပေါ် အများယုံကြည်ကိုးစားမှုရအောင် အမှန်အတိုင်းပြောဖို့က အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီနည်းက နိုင်ငံတကာက တာဝန်ခံမှုရှိအောင် ဆောင်ရွက်နေတဲ့ ယန္တရားတွေအတွက် အထောက်အကူ ဖြစ်နိုင်ပါတယ်။ ICJ နိုင်ငံတကာတရားရုံးက အခုဆိုရင် ကြားဖြတ်အမိန့် ချတာမျိုးပါ။ ဒါကြောင့်လဲ လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်တာဟာ ဘယ်လောက်အထိ အလေးအနက် ထားတယ်ဆိုတာကို ပြသရာ ရောက်ပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ မကြာခင်မှာဆိုရင်လဲ အမေရိကန်မှာ အစိုးရသစ်တစ်ရပ် တက်လာပါတော့မယ်။ ဒီအစိုးရဖွဲ့သစ်ထဲမှာ ရိုဟင်ဂျာအရေးကို ဖြေရှင်းရာမှာ ဘယ်လိုလူတွေက အဓိက ဦးဆောင်လုပ်နိုင်လိမ့်မယ်လို့ ထင်ပါသလဲ။ ဘယ်လိုလူတွေဆိုရင် သင့်တော်မယ်လို့များ ယူဆထားပါသလဲ။

ဖြေ ။ ။ ဘယ်သူတွေနဲ့ သင့်တော်မယ်ဆိုတာကို အတိအကျ ကျနော် မပြောနိုင်ပေမယ့် အဆင့်မြင့်ရာထူးတာဝန် ထမ်းဆောင်ကြမယ့်လူတွေရဲ့ ပြောဆိုချက်တွေကြောင့် ကျနော် အားရကျေနပ်မိတာတွေ ရှိပါတယ်။ Biden အစိုးရအဖွဲ့မှာ ပထမဦးဆုံးအနေနဲ့ ဒုသမ္မတ Kamala Harris က အထက်လွှတ်တော်ဘဝမှာတုန်းက မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းကို ပူးတွဲတင်သွင်းဖူးပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အဆိုပြုခံထားရတဲ့ Antony Blinken ဆိုရင်လဲ ရိုဟင်ဂျာတွေ တိုက်ခိုက်ခံရမှု စဖြစ်ခဲ့တဲ့ (၃) နှစ်ပြည့် အခမ်းအနားအဖြစ် ပြီးခဲ့တဲ့ သြဂုတ်လ (၂၅) ရက်နေ့က ရိုဟင်ဂျာအရေး တာဝန်ခံမှု ရှိဖို့နဲ့ နိုင်ငံသားအခွင့်အရေး ရရှိဖို့ Twitter လူ့မှုကွန်ရက်ကနေ တောင်းဆိုခဲ့ဖူးပါတယ်။ Samantha Power ကလည်း အစိုးရအဖွဲ့မှာ ပါလာဖို့ ရှိတာကြောင့် ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ လိုလိုလားလား ပြောဆိုကြသူတွေ တော်တော်များများ အစိုးရအဖွဲ့သစ်မှာ ပါလာကြတော့မှာပါ။

ကိုအောင်လွင်ဦး ။ ။ ရိုဟင်ဂျာအရေး နိုင်ငံတကာအတိုင်းအတာနဲ့ ဦးဆောင်ဖြေရှင်းဖို့ ရွေးကောက်ခံ သမ္မတ Joe Biden အတွက် အရေးကြီးတဲ့ မူဝါဒရေးရာ အကြံပြုချက်အဖြစ် ဝါရှင်တန်အခြေစိုက် Refugees International အဖွဲ့က ဒီတပတ်ထဲ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကို ဦးဆောင်ရေးခဲ့သူ Daniel Sullivan Skype ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG