(Zawgyi / Unicode)
အေရြးေကာက္ခံသမၼတ Joe Biden က စေနေန႔မွာ အေမရိကန္ ႏုိင္ငံျခားေရးဌာနရဲ႕ ထိပ္တန္းတာဝန္ေတြအတြက္ သူခန္႔ထားမယ့္သူေတြကို ထပ္မံ ေၾကညာခဲ့ပါတယ္။
အီရန္ႏုိင္ငံနဲ႔ ႏ်ဴကလီးယားဆိုင္ရာ ၂၀၁၅ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုေရးမွာ အဓိကညႇိႏႈိင္းေရးမွဴးတဦးျဖစ္တဲ့ အေမရိကန္ ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ ကၽြမ္းက်င္သူ Wendy Sherman ကို ႏိုင္ငံျခားေရးဌာန ဒုတိယအႀကီးအကဲအျဖစ္ အမည္စာရင္း တင္သြင္းလိုက္ပါတယ္။
ဒါ့အျပင္ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရအျဖစ္ တာဝန္ယူခဲ့သူ အၿငိမ္းစား ထိပ္တန္းသံတမန္တဦးျဖစ္တဲ့ Victoria Nuland ကို အေမရိကန္ ႏိုင္ငံျခားေရးဌာနမွာ တတိယတာဝန္အရွိဆံုးျဖစ္တဲ့ ႏိုင္ငံေရးရာ အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ အမည္တင္သြင္းခဲ့တာပါ။
ႏုိင္ငံျခားေရးဌာန စီမံခန္႔ခြဲေရးနဲ႔ အရင္းအျမစ္ဌာန ဒုတိယဝန္ႀကီးအျဖစ္ သူ႔ရဲ႕ ႏိ္ုင္ငံျခားေရးမူဝါဒဆိုင္ရာ အႀကံေပးအျဖစ္ ႏွစ္ရွည္လမ်ား ေဆာင္ရြက္ခဲ့သူ တဦးျဖစ္တဲ့ Brian McKeon ကို Mr. Biden က ေရြးခ်ယ္ထားသလို လက္နက္ထိန္းခ်ဳပ္ေရးနဲ႔ ႏုိင္ငံတကာ လံုၿခံဳေရးကိစၥရပ္ဆိုင္ရာ လက္ေထာက္ႏုိင္ငံျခားေရးဝန္ႀကီးအျဖစ္ Bonnie Jenkins ကို ေရြးခ်ယ္ခဲ့တာပါ။
အရပ္ဘက္လံုၿခံဳေရး၊ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးဆိုင္ရာဌာန လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီး အျဖစ္ေတာ့ Uzra Zeya ကို အမည္စာရင္း တင္သြင္းထားပါတယ္။
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ Mr. Biden အမည္စာရင္း တင္သြင္းထားတဲ့ Antony Blinken ကို အတည္ျပဳေရးအတြက္ အဂၤါေန႔မွာ အထက္လႊတ္ေတာ္ ႏိုင္ငံျခားဆက္ဆံေရး ေကာ္မတီက ၾကားနာဖို႔ရွိပါတယ္။
တကယ္လို႔ အထက္လႊတ္ေတာ္က အတည္ျပဳေပးခဲ့ရင္ အခု အမည္စာရင္း တင္သြင္းထားသူေတြဟာ Mr. Blinken လက္ေအာက္မွာ တာဝန္ထမ္းေဆာင္ၾကရမွာ ျဖစ္ပါတယ္။
----------------------------
(Unicode)
နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူတွေကို လူသစ်တွေနဲ့ Biden အစားထိုးခန့်အပ်
အရွေးကောက်ခံသမ္မတ Joe Biden က စနေနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထိပ်တန်းတာဝန်တွေအတွက် သူခန့်ထားမယ့်သူတွေကို ထပ်မံ ကြေညာခဲ့ပါတယ်။
အီရန်နိုင်ငံနဲ့ နျူကလီးယားဆိုင်ရာ ၂၀၁၅ သဘောတူစာချုပ် ချုပ်ဆိုရေးမှာ အဓိကညှိနှိုင်းရေးမှူးတဦးဖြစ်တဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ Wendy Sherman ကို နိုင်ငံခြားရေးဌာန ဒုတိယအကြီးအကဲအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံခြားရေးဌာန ပြောခွင့်ရအဖြစ် တာဝန်ယူခဲ့သူ အငြိမ်းစား ထိပ်တန်းသံတမန်တဦးဖြစ်တဲ့ Victoria Nuland ကို အမေရိကန် နိုင်ငံခြားရေးဌာနမှာ တတိယတာဝန်အရှိဆုံးဖြစ်တဲ့ နိုင်ငံရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်တင်သွင်းခဲ့တာပါ။
နိုင်ငံခြားရေးဌာန စီမံခန့်ခွဲရေးနဲ့ အရင်းအမြစ်ဌာန ဒုတိယဝန်ကြီးအဖြစ် သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးအဖြစ် နှစ်ရှည်လများ ဆောင်ရွက်ခဲ့သူ တဦးဖြစ်တဲ့ Brian McKeon ကို Mr. Biden က ရွေးချယ်ထားသလို လက်နက်ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာ လုံခြုံရေးကိစ္စရပ်ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် Bonnie Jenkins ကို ရွေးချယ်ခဲ့တာပါ။
အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အဖြစ်တော့ Uzra Zeya ကို အမည်စာရင်း တင်သွင်းထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် Mr. Biden အမည်စာရင်း တင်သွင်းထားတဲ့ Antony Blinken ကို အတည်ပြုရေးအတွက် အင်္ဂါနေ့မှာ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက ကြားနာဖို့ရှိပါတယ်။
တကယ်လို့ အထက်လွှတ်တော်က အတည်ပြုပေးခဲ့ရင် အခု အမည်စာရင်း တင်သွင်းထားသူတွေဟာ Mr. Blinken လက်အောက်မှာ တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။