သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အကြီးအကဲအဖြစ် Samantha Power ကို Joe Biden ရွေးချယ်


ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Samantha Power
ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Samantha Power

(Zawgyi/Unicode)

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရဲ့အကြီးအကဲအဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်း ကိုယ်စား လှယ်ဟောင်း Samantha Power ကို လျာထားခန့်အပ်တယ်လို့ ရွေးကောက်ခံ သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့က ကြေညာလိုက် ပါတယ်။

Samantha Power က သမ္မတ ဘားရက် အိုဘားမား လက်ထက်မှာ အမျိုးသား လုံခြုံရေးကောင်စီ အဖွဲ့မှာ တာဝန်ယူဖူးသလို ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဆီးနိတ်အထက်လွှတ်တော်က အတည်ပြုမယ်ဆိုရင် Samantha Power က နှစ်စဉ် အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ ဘတ်ဂျက် ပမာဏရှိတဲ့ USAID အဖွဲ့ကို ဦးဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒီ ရာထူးကို အမျိုးသား လုံခြုံရေးကောင်စီ အဖွဲ့ဝင် အဆင့်ကို တိုးမြှင့် သတ်မှတ်မယ်လို့လည်း Joe Biden က ကြေညာပါတယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံရေးကို ဦးစားပေးလုပ်ဆောင်မယ်ဆိုတဲ့ လက္ခဏာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန် တိုက်ဖျက်ရေးကို အမေရိကန် နိုင်ငံက ဦးဆောင်ရေးနဲ့ အားအနည်းဆုံး နိုင်ငံတွေကို အကူအညီပေးရေးမှာ USAID က ညှိနှိုင်းဆောင်ရွက်ရာ ဗဟိုဌာန ဖြစ်လာလိမ့်မယ်လို့လည်း Joe Biden က ပြောပါတယ်။

Samantha Power ဟာ အသိစိတ်နဲ့ ကိုယ်ကျင့်တရားကို ကိုယ်စားပြုပြောဆိုသူ တစ်ယောက် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

သံအမတ်ကြီးဟောင်း Samantha Power က ၂၀၁၃ ခုနှစ်က ၂၀၁၇ ခုနှစ်အထိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ သူရေးသားတဲ့"A Problem from Hell: America and the Age of Genocide," အမေရိကန် နိုင်ငံနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုခေတ် ဆိုတဲ့ စာအုပ်နဲ့ အမေရိကန်စာပေနယ်က အမြင့်ဆုံး ဆုဖြစ်တဲ့ Pulitzerဆုကို ရရှိခဲ့ပါတယ်။ အဲဒီ စာအုပ်က လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးရာ မူဝါဒအကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)






XS
SM
MD
LG