သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္လႊတ္ေတာ္ စီးနင္းဝင္ေရာက္မႈ ျမန္မာ့ႏိုင္ငံေရး သံုးသပ္သူတခ်ိဳ႕ အျမင္


အေမရိကန္ လႊတ္ေတာ္အေဆာက္အဦထဲ ခ်ဳိးေဖာက္ဝင္ေရာက္ခဲ့တဲ့ သမၼတ ထရမ့္ကို ေထာက္ခံသူမ်ား။ (ဇန္နဝါရီ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္လႊတ္ေတာ္ အေဆာက္အဦ Capitol Hill ကို ဇန္နဝါရီ ၆ ရက္ေန႔က ဆႏၵျပသူေတြ ဝင္ေရာင္စီးနင္းခဲ့တဲ့လုပ္ရပ္ဟာ ကမၻာ့ဒီမုိကေရစီႏိုင္ငံေတြရဲ႕ အားထားစရာ အေမရိကန္ရဲ႕ ဒီမုိကေရစီပုံရိပ္ကို မ်ားစြာ ထိခိုက္ေစတယ္လို႔ အေမရိကန္ေရာက္ ျမန္မာ့ႏိုင္ငံေရး သုံးသပ္သူေတြက ေျပာဆိုလိုက္ၾကပါတယ္။ အျပည့္အစုံကုိ ကိုဉာဏ္ဝင္းေအာင္ စုစည္းတင္ျပထားပါတယ္။

ေရြးေကာက္ခံသမၼတ Joe Biden ကို သမၼတသစ္အျဖစ္ အတည္ျပဳႏုိင္ဖို႔ အေမရိကန္လႊတ္ေတာ္ရဲ႕ သမၼတ​ေရြးခ်ယ္ေရးအဖြဲ႔က စည္းေဝးပဲြ က်င္းပေနခ်ိန္မွာ သမၼတ Donald Trump ကို ေထာက္ခံတဲ့ ဆႏၵျပသူေတြက လႊတ္ေတာ္ထဲ အတင္းဝင္ေရာက္ စီးနင္းခဲ့တဲ့အတြက္ ဗုဒၶဟူးေန႔ က်င္းပေနတဲ့ လႊတ္ေတာ္ကို နာရီအေတာ္ၾကာ ရပ္နားခဲ့ရပါတယ္။

လႊတ္ေတာ္အျပင္ဘက္မွာ “March to Save America” ေခါင္းစဥ္နဲ႔ စု႐ုံးေရာက္ေနတဲ့ ေထာင္ခ်ီတဲ့ ဆႏၵျပသူေတြက ရဲနဲ႔ လုံၿခဳံေရး အတားအဆီးေတြကို ေက်ာ္ေဖာက္ၿပီး တံခါးေတြခ်ဳိးဖ်က္ရင္း လႊတ္ေတာ္ထဲ ဝင္ေရာက္ခဲ့တာကို ႐ုပ္သံၾကည့္ ျပည္သူေတြအားလုံး ျမင္ေတြ႔ခဲ့ရပါတယ္။

ကမၻာေပၚမွာ ဒီမုိကေရစီႏိုင္ငံႀကီးအျဖစ္ အျခားႏိုင္ငံေတြကေတာင္ အေလးထား ၾကည့္ေနရတဲ့ အေမရိကန္ျပည္ေထာင္စုမွာ ခုလို မႀကဳံစဘူး ျဖစ္သြားတဲ့ လုပ္ရပ္ေၾကာင့္ အေမရိကန္ရဲ႕ ဒီမုိကေရစီပုံရိပ္ကို ထိခိုက္ေစတယ္လို႔ အင္ဒီယားနားျပည္နယ္မွာ ေနထိုင္တဲ့ ျမန္မာ့ႏိုင္ငံေရးအကဲခတ္ ေဒါက္တာ တင့္ေဆြက မွတ္ခ်က္ေပးပါတယ္။

“ဒီအျဖစ္အပ်က္ကိုၾကည့္ေတာ့ အေမရိကန္ရဲ႕ပုံရိပ္ကို ထိခိုက္ေစတာကေတာ့ အမွန္ပါပဲ။ ပုံရိပ္သာမက ကမၻာေပၚမွာ ဒီမုိကေရစီက်င့္စဥ္ကို က်င့္သုံးတဲ့ ထိပ္တန္း နံပါတ္တစ္ႏိုင္ငံႀကီးမွာ အဲဒီလုိျဖစ္သြားတာဟာ အဲဒီ ဒီမိုကေရစီစနစ္၊ သူတို႔က်င့္စဥ္၊ သူတို႔လုပ္ထုံးလုပ္နည္းေတြကိုပါ ထိခိုက္တယ္လို႔ က်ေနာ္ျမင္ပါတယ္။ အေမရိကန္လိုပဲ အလားတူ ဒီမုိကေရစီ မိခင္ႏို္င္ငံလို႔ ေခၚၾကတဲ့ အိႏၵိယရဲ႕ လႊတ္ေတာ္ေတြကိုလည္း က်ေနာ္က ေရာက္ခဲ့ေတာ့ အခုလို လုံၿခဳံေရးအားနည္းတာကုိ အိႏၵိယနဲ႔ယွဥ္ၾကည့္ရင္ အျပင္ဘက္မွာ အခုိင္အမာ အကာအရံေတြနဲ႔ ျပယုဂ္ဆုိးေပမယ္လို႔ လုံၿခဳံေရးကိုထိန္းႏိုင္တဲ့ အိႏၵိယနဲ႔ ျပယုဂ္လွေပမယ္လို႔ လုံၿခဳံေရးစည္း အေဖာက္ခံရတဲ့ အေမရိကန္ႏိုင္ငံရဲ႕ လုံၿခဳံေရးစနစ္ကိုပါ ေမးခြန္းထုတ္စရာ ျဖစ္လာတယ္လို႔ က်ေနာ္ျမင္ပါတယ္။”

အေမရိကန္လႊတ္ေတာ္က အျဖစ္အပ်က္ဟာ စိတ္မေကာင္းစရာ ေကာင္းေပမယ့္ ႏွစ္ရာခ်ီ တည္ေဆာက္လာခဲ့တဲ့ အေမရိကန္ရဲ႕ ဒီမုိကေရစီကေတာ့ ေရရွည္မွာ ပုံရိပ္က်ဆင္းသြားစရာအေၾကာင္း မရွိဘူးလို႔ ေမရီလန္းျပည္နယ္ ခ်င္းတိုင္းရင္းသားမ်ားအဖဲြ႔ (CAM) ရဲ႕ အမႈေဆာင္ဒါ႐ုိက္တာ ဦးဇိုသုန္းမႈန္က ျမင္ပါတယ္။

“ဆႏၵျပတယ္ဆိုတာကေတာ့ ျပလို႔ရပါတယ္။ ဒါေပမယ့္ အဲဒီလႊတ္ေတာ္ထဲအထိ အဲဒီ Capitol အေဆာက္အဦႀကီးကိုလည္း ဖ်က္ဆီးၿပီးေတာ့ စီးနင္းဝင္လိုက္တဲ့ဟာက လုံးဝ စိတ္မေကာင္းစရာပါ။ က်ေနာ္စိတ္မေကာင္းဘူး ႐ႈတ္ခ်တယ္။ သမၼတ Trump က သူတို႔လူစုေတြ မဝင္ခင္မွာ ဆႏၵျပတဲ့ဟာကုိ သူက အားေပးစကားလိုမ်ဳိး ေျပာခဲ့တယ္ေလ။ အဲဒီလိုမ်ဳိး ဝင္ေျပာတဲ့ဟာကေတာ့ မေကာင္းဘူး။ ဒါေပမယ့္ အေမရိကန္ရဲ႕ ဒီမုိကေရစီပုံရိပ္ က်ဆင္းသြားမယ္ဆိုတာ လုံးဝမျဖစ္ႏို္င္ဘူးထင္တယ္။ အေမရိကန္ဆိုတာက ဒီမုိကေရစီ ႏွစ္ေပါင္းအၾကာႀကီး ရွိလာခဲ့တာပါ။ ဆိုေတာ့ အခုလို ခ်ဳိးေဖာက္တဲ့ လူေတြကိုလည္း ဥပေဒအရ ေကာင္းေကာင္း အေရးယူသြားမွာပဲ။”

လႊတ္ေတာ္ကိုဝင္စီးတဲ့ လုပ္ရပ္ကို ျမင္လိုက္ရခ်ိန္မွာ အေမရိကန္ရဲ႕ ဒီမိုကေရစီက တကယ္ပဲ ပ်က္သုဥ္းသြားၿပီလားလို႔ေတာင္ သံသယဝင္မိေၾကာင္း ကယ္လီဖိုးနီးယားျပည္နယ္မွာ ေနထိုင္တဲ့ ျမန္မာ့ႏိုင္ငံေရး ေလ့လာသုံးသပ္သူ ေဒါက္တာ စိုင္းေထြးေမာင္က ေျပာပါတယ္။

“ဒီလုိဝင္စီးတဲ့သူေတြက Trump ကို အားေပးေထာက္ခံတဲ့ သူေတြေပါ့။ အထူးသျဖင့္ က်ေနာ္ျမင္တာက အေမရိကန္ရဲ႕ ဒီမုိကေရစီႀကီးက တကယ္ပဲ ပ်က္စီးသြားၿပီလားလို႔ေတာင္ သံသယျဖစ္မိတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ ဒီမုိကေရစီဆိုတာ ျပည္သူေတြက ေရြးေကာက္တင္ေျမႇာက္တာကို တရားဥပေဒအတိုင္း လုိက္ၿပီးမွ အုပ္ခ်ဳပ္ရတာမ်ဳိးေလ။ အခုက်ေတာ့ ဒီလိုမ်ဳိး အၾကမ္းဖက္ၿပီး ပါလီမန္ထဲ ဝင္ၿပီးေတာ့မွ ဖ်က္ဆီးတာတုိ႔ ပါလီမန္ကို ဝင္စီးတာတုိ႔ အဲဒါေတြက တကယ့္ ဒီမုိကေရစီႏိုင္ငံ မဟုတ္ဘူးဗ်၊ အဲဒါေၾကာင့္ အေမရိကန္ပုံရိပ္က တကယ္႐ုပ္ဆိုးတယ္။ အဲဒါေတြက ဒီမုိကေရစီကို ဖ်က္ဆီးတဲ့ လုပ္ရပ္ေတြပဲလို႔ က်ေနာ္ျမင္တယ္။”

ဘယ္လိုအေျခအေနေတြ ႀကဳံခဲ့ရပါေစ လႊတ္ေတာ္ရဲ႕ သမၼတ​ေရြးခ်ယ္ေရး အဖြဲ႔ကေတာ့ Joe Biden ကုိ အေမရိကန္ရဲ႕ ၄၆ ဦးေျမာက္ သမၼတအျဖစ္ အတည္ျပဳလုိက္ၾကပါၿပီ။

အဲဒီအတည္ျပဳခ်က္ ထြက္ေပၚအၿပီး မိနစ္ပိုင္းအတြင္းမွာပဲ "ေရြးေကာက္ပဲြရလဒ္ကို သူ႔အေနနဲ႔ လက္မခံေၾကာင္း" သမၼတ Donald Trump က ခ်က္ခ်င္းတုံ႔ျပန္ခဲ့ေပမယ့္ ေခ်ာေမြ႔တဲ့ အာဏာလႊဲေျပာင္းေရး ျဖစ္ေစရမယ္လို႔ေတာ့ အိမ္ျဖဴေတာ္က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

ဒါေပမယ့္ ဇန္နဝါရီ ၂၀ ရက္ေန႔မွာ က်င္းပမယ့္ Joe Biden နဲ႔ သမၼတက်မ္းသစၥာႀကိမ္ပဲြကို တက္ေရာက္မွာမဟုတ္ဘူးလို႔ Donald Trump က ေျပာပါတယ္။

ဒီအေတာအတြင္း လႊတ္ေတာ္အေဆာက္အဦကို ဝင္ေရာက္စီးနင္း ဖ်က္ဆီးခဲ့တဲ့ထဲက တဒါဇင္ထက္မနည္းတဲ့ သူေတြကိုေတာ့ တရားဥပေဒေၾကာင္းအရ စဲြခ်က္တင္ထားၿပီး တခ်ဳိ႕ကိုလည္း ဖမ္းဆီးထားပါတယ္။

လႊတ္ေတာ္ကို စီးနင္းတဲ့ေန႔က တာဝန္က် လုံၿခဳံေရးတပ္ဖဲြ႔ရဲ႕ ပစ္ခတ္မႈအတြင္း အမ်ဳိးသမီးတဦး ေသဆုံးခဲ့ရသလို ႐ုန္းရင္းဆန္ခတ္မႈအတြင္း ဒဏ္ရာရခဲ့တဲ့ ဒီစီၿမဳိ႕ေတာ္ ရဲအရာရွိ Brian Sicknick လည္း ေသဆုံးသြားပါတယ္။ သူတုိ႔ ၂ ဦးအျပင္ ေရာဂါအခံေၾကာင့္ ေသဆုံးသြားသူ ၃ ဦး စုစုေပါင္း ၅ ဦး ေသဆုံးခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

အမေရိကန်လွှတ်တော် စီးနင်းဝင်ရောက်မှု မြန်မာ့နိုင်ငံရေး သုံးသပ်သူတချို့ အမြင်

အမေရိကန်လွှတ်တော် အဆောက်အဦ Capitol Hill ကို ဇန်နဝါရီ ၆ ရက်နေ့က ဆန္ဒပြသူတွေ ဝင်ရောင်စီးနင်းခဲ့တဲ့လုပ်ရပ်ဟာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေရဲ့ အားထားစရာ အမေရိကန်ရဲ့ ဒီမိုကရေစီပုံရိပ်ကို များစွာ ထိခိုက်စေတယ်လို့ အမေရိကန်ရောက် မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုလိုက်ကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။

ရွေးကောက်ခံသမ္မတ Joe Biden ကို သမ္မတသစ်အဖြစ် အတည်ပြုနိုင်ဖို့ အမေရိကန်လွှတ်တော်ရဲ့ သမ္မတရွေးချယ်ရေးအဖွဲ့က စည်းဝေးပွဲ ကျင်းပနေချိန်မှာ သမ္မတ Donald Trump ကို ထောက်ခံတဲ့ ဆန္ဒပြသူတွေက လွှတ်တော်ထဲ အတင်းဝင်ရောက် စီးနင်းခဲ့တဲ့အတွက် ဗုဒ္ဓဟူးနေ့ ကျင်းပနေတဲ့ လွှတ်တော်ကို နာရီအတော်ကြာ ရပ်နားခဲ့ရပါတယ်။

လွှတ်တော်အပြင်ဘက်မှာ “March to Save America” ခေါင်းစဉ်နဲ့ စုရုံးရောက်နေတဲ့ ထောင်ချီတဲ့ ဆန္ဒပြသူတွေက ရဲနဲ့ လုံခြုံရေး အတားအဆီးတွေကို ကျော်ဖောက်ပြီး တံခါးတွေချိုးဖျက်ရင်း လွှတ်တော်ထဲ ဝင်ရောက်ခဲ့တာကို ရုပ်သံကြည့် ပြည်သူတွေအားလုံး မြင်တွေ့ခဲ့ရပါတယ်။

ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံကြီးအဖြစ် အခြားနိုင်ငံတွေကတောင် အလေးထား ကြည့်နေရတဲ့ အမေရိကန်ပြည်ထောင်စုမှာ ခုလို မကြုံစဘူး ဖြစ်သွားတဲ့ လုပ်ရပ်ကြောင့် အမေရိကန်ရဲ့ ဒီမိုကရေစီပုံရိပ်ကို ထိခိုက်စေတယ်လို့ အင်ဒီယားနားပြည်နယ်မှာ နေထိုင်တဲ့ မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာ တင့်ဆွေက မှတ်ချက်ပေးပါတယ်။

“ဒီအဖြစ်အပျက်ကိုကြည့်တော့ အမေရိကန်ရဲ့ပုံရိပ်ကို ထိခိုက်စေတာကတော့ အမှန်ပါပဲ။ ပုံရိပ်သာမက ကမ္ဘာပေါ်မှာ ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးတဲ့ ထိပ်တန်း နံပါတ်တစ်နိုင်ငံကြီးမှာ အဲဒီလိုဖြစ်သွားတာဟာ အဲဒီ ဒီမိုကရေစီစနစ်၊ သူတို့ကျင့်စဉ်၊ သူတို့လုပ်ထုံးလုပ်နည်းတွေကိုပါ ထိခိုက်တယ်လို့ ကျနော်မြင်ပါတယ်။ အမေရိကန်လိုပဲ အလားတူ ဒီမိုကရေစီ မိခင်နိုင်ငံလို့ ခေါ်ကြတဲ့ အိန္ဒိယရဲ့ လွှတ်တော်တွေကိုလည်း ကျနော်က ရောက်ခဲ့တော့ အခုလို လုံခြုံရေးအားနည်းတာကို အိန္ဒိယနဲ့ယှဉ်ကြည့်ရင် အပြင်ဘက်မှာ အခိုင်အမာ အကာအရံတွေနဲ့ ပြယုဂ်ဆိုးပေမယ်လို့ လုံခြုံရေးကိုထိန်းနိုင်တဲ့ အိန္ဒိယနဲ့ ပြယုဂ်လှပေမယ်လို့ လုံခြုံရေးစည်း အဖောက်ခံရတဲ့ အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးစနစ်ကိုပါ မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ကျနော်မြင်ပါတယ်။”

အမေရိကန်လွှတ်တော်က အဖြစ်အပျက်ဟာ စိတ်မကောင်းစရာ ကောင်းပေမယ့် နှစ်ရာချီ တည်ဆောက်လာခဲ့တဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီကတော့ ရေရှည်မှာ ပုံရိပ်ကျဆင်းသွားစရာအကြောင်း မရှိဘူးလို့ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ (CAM) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးဇိုသုန်းမှုန်က မြင်ပါတယ်။

“ဆန္ဒပြတယ်ဆိုတာကတော့ ပြလို့ရပါတယ်။ ဒါပေမယ့် အဲဒီလွှတ်တော်ထဲအထိ အဲဒီ Capitol အဆောက်အဦကြီးကိုလည်း ဖျက်ဆီးပြီးတော့ စီးနင်းဝင်လိုက်တဲ့ဟာက လုံးဝ စိတ်မကောင်းစရာပါ။ ကျနော်စိတ်မကောင်းဘူး ရှုတ်ချတယ်။ သမ္မတ Trump က သူတို့လူစုတွေ မဝင်ခင်မှာ ဆန္ဒပြတဲ့ဟာကို သူက အားပေးစကားလိုမျိုး ပြောခဲ့တယ်လေ။ အဲဒီလိုမျိုး ဝင်ပြောတဲ့ဟာကတော့ မကောင်းဘူး။ ဒါပေမယ့် အမေရိကန်ရဲ့ ဒီမိုကရေစီပုံရိပ် ကျဆင်းသွားမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးထင်တယ်။ အမေရိကန်ဆိုတာက ဒီမိုကရေစီ နှစ်ပေါင်းအကြာကြီး ရှိလာခဲ့တာပါ။ ဆိုတော့ အခုလို ချိုးဖောက်တဲ့ လူတွေကိုလည်း ဥပဒေအရ ကောင်းကောင်း အရေးယူသွားမှာပဲ။”

လွှတ်တော်ကိုဝင်စီးတဲ့ လုပ်ရပ်ကို မြင်လိုက်ရချိန်မှာ အမေရိကန်ရဲ့ ဒီမိုကရေစီက တကယ်ပဲ ပျက်သုဉ်းသွားပြီလားလို့တောင် သံသယဝင်မိကြောင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။

“ဒီလိုဝင်စီးတဲ့သူတွေက Trump ကို အားပေးထောက်ခံတဲ့ သူတွေပေါ့။ အထူးသဖြင့် ကျနော်မြင်တာက အမေရိကန်ရဲ့ ဒီမိုကရေစီကြီးက တကယ်ပဲ ပျက်စီးသွားပြီလားလို့တောင် သံသယဖြစ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ ပြည်သူတွေက ရွေးကောက်တင်မြှောက်တာကို တရားဥပဒေအတိုင်း လိုက်ပြီးမှ အုပ်ချုပ်ရတာမျိုးလေ။ အခုကျတော့ ဒီလိုမျိုး အကြမ်းဖက်ပြီး ပါလီမန်ထဲ ဝင်ပြီးတော့မှ ဖျက်ဆီးတာတို့ ပါလီမန်ကို ဝင်စီးတာတို့ အဲဒါတွေက တကယ့် ဒီမိုကရေစီနိုင်ငံ မဟုတ်ဘူးဗျ၊ အဲဒါကြောင့် အမေရိကန်ပုံရိပ်က တကယ်ရုပ်ဆိုးတယ်။ အဲဒါတွေက ဒီမိုကရေစီကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေပဲလို့ ကျနော်မြင်တယ်။”

ဘယ်လိုအခြေအနေတွေ ကြုံခဲ့ရပါစေ လွှတ်တော်ရဲ့ သမ္မတရွေးချယ်ရေး အဖွဲ့ကတော့ Joe Biden ကို အမေရိကန်ရဲ့ ၄၆ ဦးမြောက် သမ္မတအဖြစ် အတည်ပြုလိုက်ကြပါပြီ။

အဲဒီအတည်ပြုချက် ထွက်ပေါ်အပြီး မိနစ်ပိုင်းအတွင်းမှာပဲ "ရွေးကောက်ပွဲရလဒ်ကို သူ့အနေနဲ့ လက်မခံကြောင်း" သမ္မတ Donald Trump က ချက်ချင်းတုံ့ပြန်ခဲ့ပေမယ့် ချောမွေ့တဲ့ အာဏာလွှဲပြောင်းရေး ဖြစ်စေရမယ်လို့တော့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပမယ့် Joe Biden နဲ့ သမ္မတကျမ်းသစ္စာကြိမ်ပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ Donald Trump က ပြောပါတယ်။

ဒီအတောအတွင်း လွှတ်တော်အဆောက်အဦကို ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့တဲ့ထဲက တဒါဇင်ထက်မနည်းတဲ့ သူတွေကိုတော့ တရားဥပဒေကြောင်းအရ စွဲချက်တင်ထားပြီး တချို့ကိုလည်း ဖမ်းဆီးထားပါတယ်။

လွှတ်တော်ကို စီးနင်းတဲ့နေ့က တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုအတွင်း အမျိုးသမီးတဦး သေဆုံးခဲ့ရသလို ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ ဒီစီမြို့တော် ရဲအရာရှိ Brian Sicknick လည်း သေဆုံးသွားပါတယ်။ သူတို့ ၂ ဦးအပြင် ရောဂါအခံကြောင့် သေဆုံးသွားသူ ၃ ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG