သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ဂရက္လႊတ္ေတာ္ ႐ုန္းရင္းဆန္ခတ္မႈ ကမာၻ႔ေခါင္းေဆာင္ တံု႔ျပန္ေျပာဆို


လႊတ္ေတာ္အေဆာက္အဦးအျပင္ဘက္မွာ ေတြ႔ရတဲ့ သမၼတ Trump ကို ေထာက္ခံသူတခ်ိဳ႕။ (ဇန္နဝါရီ ၆၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စု ၿမိဳ႕ေတာ္ ဝါ႐ွင္တန္မွာ ဗုဒၶဟူးေန႔ကျဖစ္ခဲ့တဲ့ အျဖစ္အပ်က္အေပၚ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္အေနနဲ႔ ဝမ္းနည္း စိတ္မေကာင္းျဖစ္ရတယ္လို႔ ေျပာၾကားပါတယ္။ ဒီလိုအေျခအေနမ်ဳိးမွာ ႏိုင္ငံေရးေခါင္းေဆာင္ေတြအေနနဲ႔ သူတို႔အေပၚေထာက္ခံသူေတြ အၾကမ္းမဖက္ေအာင္ ထိန္းသိမ္းဖို႔အေရးႀကီးသလို ဒီမိုကေရစီနည္းလမ္းက် ေဆာင္႐ြက္မႈေတြနဲ႔ တရားဥပေဒစိုးမိုးေရးတို႔အေပၚ ေလးစားဖုိ႔ အေရးႀကီးတယ္လို႔ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ရဲ႕ သေဘာထားကို သူ႔ရဲ႕ေျပာခြင့္ရသူက ေျပာၾကားခဲ့ပါတယ္။ လႊတ္ေတာ္အေဆာက္အဦးမွာျဖစ္ခဲ့တဲ့ အၾကမ္းဖက္လုပ္ရပ္အေပၚ တျခားကမာၻ႔ေခါင္းေဆာင္ေတြကလည္း တံု႔ျပန္အျပစ္တင္ၾကပါတယ္။ ျပင္သစ္သမၼတ Emmanuel Macron ကဆိုရင္ အဂၤလိပ္ဘာသာနဲ႔ ခုလိုေျပာၾကားပါတယ္။

"ဒီေန႔ ဝါ႐ွင္တန္ဒီစီမွာ ျဖစ္ခဲ့တာဟာ အေမရိကား လံုးဝ မဟုတ္ပါဘူး။ ဒီမိုကေရစီစနစ္ရဲ႕ ခိုင္မာမႈ၊ အေမရိကန္ဒီမိုကေရစီရဲ႕ ခိုင္မာမႈကို ျပင္သစ္ႏိုင္ငံက ယံုၾကည္ပါတယ္။" လို႔ ျပင္သစ္သမၼတက ေျပာၾကားခဲ့တာပါ။

ဂ်ာမနီသမၼတ Frank-Walter Steinmeier ကေတာ့ ဒီမိုကေရစီ အေျခခံသေဘာတရားေတြကို လက္မခံတဲ့ လက္႐ွိသမၼတရဲ႕ ေသြးထိုးမႈေၾကာင့္ ခုလို လူအုပ္ႀကီးက လႊတ္ေတာ္အေဆာက္အဦးထဲ အတင္းဝင္ေရာက္တာလို႔ ေျပာပါတယ္။ တ႐ုတ္အစိုးရကေတာ့ အေမရိကန္က ျဖစ္ရပ္ကို ေဟာင္ေကာင္လႊတ္ေတာ္အေဆာက္အဦးထဲ ဒီမိုကေရစီေတာင္းဆို ဆႏၵျပသူေတြ အတင္းဝင္ေရာက္ခဲ့တာနဲ႔ ႏႈိင္းယွဥ္ေျပာၾကားသြားပါတယ္။

အေမရိကန္ျပည္သူေတြအေနနဲ႔ ေဘးကင္း လံုၿခံဳ ေအးခ်မ္းမႈကို အျမန္ဆံုးခံစားရမယ္လို႔ေမ ွ်ာ္လင့္ေၾကာင္း တ႐ုတ္အစိုးရေျပာခြင့္ရ Hua Chunying က ဒီေန႔သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်ဂရက်လွှတ်တော် ရုန်းရင်းဆန်ခတ်မှု ကမ္ဘာ့ခေါင်းဆောင် တုံ့ပြန်ပြောဆို

အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်မှာ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ ဝမ်းနည်း စိတ်မကောင်းဖြစ်ရတယ်လို့ ပြောကြားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ သူတို့အပေါ်ထောက်ခံသူတွေ အကြမ်းမဖက်အောင် ထိန်းသိမ်းဖို့အရေးကြီးသလို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေးတို့အပေါ် လေးစားဖို့ အရေးကြီးတယ်လို့ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ သဘောထားကို သူ့ရဲ့ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။ လွှတ်တော်အဆောက်အဦးမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်အပေါ် တခြားကမ္ဘာ့ခေါင်းဆောင်တွေကလည်း တုံ့ပြန်အပြစ်တင်ကြပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron ကဆိုရင် အင်္ဂလိပ်ဘာသာနဲ့ ခုလိုပြောကြားပါတယ်။

"ဒီနေ့ ဝါရှင်တန်ဒီစီမှာ ဖြစ်ခဲ့တာဟာ အမေရိကား လုံးဝ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ရဲ့ ခိုင်မာမှု၊ အမေရိကန်ဒီမိုကရေစီရဲ့ ခိုင်မာမှုကို ပြင်သစ်နိုင်ငံက ယုံကြည်ပါတယ်။" လို့ ပြင်သစ်သမ္မတက ပြောကြားခဲ့တာပါ။

ဂျာမနီသမ္မတ Frank-Walter Steinmeier ကတော့ ဒီမိုကရေစီ အခြေခံသဘောတရားတွေကို လက်မခံတဲ့ လက်ရှိသမ္မတရဲ့ သွေးထိုးမှုကြောင့် ခုလို လူအုပ်ကြီးက လွှတ်တော်အဆောက်အဦးထဲ အတင်းဝင်ရောက်တာလို့ ပြောပါတယ်။ တရုတ်အစိုးရကတော့ အမေရိကန်က ဖြစ်ရပ်ကို ဟောင်ကောင်လွှတ်တော်အဆောက်အဦးထဲ ဒီမိုကရေစီတောင်းဆို ဆန္ဒပြသူတွေ အတင်းဝင်ရောက်ခဲ့တာနဲ့ နှိုင်းယှဉ်ပြောကြားသွားပါတယ်။

အမေရိကန်ပြည်သူတွေအနေနဲ့ ဘေးကင်း လုံခြုံ အေးချမ်းမှုကို အမြန်ဆုံးခံစားရမယ်လို့မေ ျှာ်လင့်ကြောင်း တရုတ်အစိုးရပြောခွင့်ရ Hua Chunying က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG