သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြန္ဂရက္လႊတ္ေတာ္ ႐ုန္းရင္းဆန္ခတ္ျဖစ္မႈ ကန္ေခါင္းေဆာင္ေတြ ျပစ္တင္႐ႈတ္ခ်


လႊတ္ေတာ္အေဆာက္အဦးအျပင္ဘက္မွာ ေတြ႔ရတဲ့ သမၼတ Trump ကို ေထာက္ခံသူတခ်ိဳ႕။ (ဇန္နဝါရီ ၆၊ ၂၀၂၁)

[Zawgyi/Unicode]

အေမရိကန္ ေ႐ြးေကာက္ပြဲရလဒ္ကို လႊတ္ေတာ္က တရားဝင္အတည္ျပဳဖုိ႔ အထူး အစည္းေဝးပဲြလုပ္ေနစဥ္ လႊတ္ေတာ္အေဆာက္အဦးကို Trump လိုလားသူေတြ အတင္းဝင္ေရာက္ခဲ့တာဟာ အၾကမ္းဖက္ တိုက္ခုိက္မႈျဖစ္တယ္လို႔ သမၼတေဟာင္း George W. Bush ကေျပာၾကားလိုက္ပါတယ္။

ေ႐ြးေကာက္ပြဲၿပီးထဲက တခ်ဳိ႕ႏိုင္ငံေရးေခါင္းေဆာင္ေတြရဲ႕ မဆင္ျခင္တဲ့ လုပ္ရပ္ေတြအျပင္ အေမရိကန္အဖဲြ႔အစည္းေတြ၊ ဓေလ့ထံုးစံေတြနဲ႔ တရားဥပေဒစိုးမိုးေရးေဆာင္႐ြက္သူေတြအေပၚ ဒီေန႔ မေလးစားတဲ့လုပ္ရပ္ေတြအတြက္ သူ႔အေနနဲ႔ တုန္လႈပ္စိတ္ပ်က္ခဲ့ေၾကာင္း Republican ပါတီရဲ႕ တဦးတည္းေသာ အသက္႐ွင္က်န္တဲ့ သမၼတေဟာင္း George W. Bush က ဗုဒၶဟူးေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့တာပါ။

သမၼတ Trump ေၾကာင့္လို႔ တိုက္႐ုိက္မေျပာေပမဲ့ Capitol လႊတ္ေတာ္အေဆာက္အဦးအေပၚ အၾကမ္းဖက္တိုက္ခိုက္မႈနဲ႔ ဖဲြ႔စည္းပံုအရေဆာင္႐ြက္တဲ့ လႊတ္ေတာ္စည္းေဝးပြဲကို ေႏွာင့္ယွက္မႈသူေတြဟာ မွားယြင္းတဲ့အျမင္ ေမ ွ်ာ္လင့္ခ်က္ေတြေၾကာင့္ ေဒါသထြက္ေနၾကသူေတြျဖစ္တယ္လို႔ ေဖာ္ျပေျပာဆိုပါတယ္။ Trump အေပၚေထာက္ခံတဲ့ လူအုပ္ႀကီးရဲ႕ လုပ္ရပ္အေပၚ သမၼတေဟာင္း George W. Bush အျပင္ တျခားထင္႐ွားတဲ့ Republican ပါတီဝင္ေတြကလည္း ျပစ္တင္ ေဝဖန္ခဲ့ၾကတာပါ။ အေမရိကန္ဒီမိုကေရစီစနစ္မွာ အၾကမ္းဖက္မႈအတြက္ လုံးဝေနရာမ႐ွိဘူးလို႔ အမ်ဳိးသားလံုၿခံဳေရးအႀကံေပးေဟာင္း Robert O'Brien ကလည္းေျပာပါတယ္။

လႊတ္ေတာ္အေဆာက္အဦးမွာ ဥပေဒမဲ့ ဆႏၵျပမႈေတြျမင္ရတာ အင္မတန္ေဒါသထြက္တယ္လို႔ Oklahoma ျပည္နယ္ ေအာက္လႊတ္ေတာ္အမတ္ Tom Cole ကလည္း ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ Democrat သမၼတေဟာင္း Barack Obama ကေတာ့ သမၼတ Donald Trump နဲ႔ သူေ႐ြးေကာက္ပြဲအႏုိင္ရတယ္ဆိုတဲ့ ေျပာၾကားမႈေတြအေပၚ ေထာက္ခံေနၾကတဲ့ Republican ပါတီဝင္ေတြကို တိုက္႐ုိက္ အျပစ္တင္ခဲ့ပါတယ္။ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ကလည္း အေမရိကန္ဒီမိုကေရစီကို အ႐ွက္ရေအာင္ ေစာ္ကားမႈျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကွန်ဂရက်လွှတ်တော် ရုန်းရင်းဆန်ခတ်ဖြစ်မှု ကန်ခေါင်းဆောင်တွေ ပြစ်တင်ရှုတ်ချ

အမေရိကန် ရွေးကောက်ပွဲရလဒ်ကို လွှတ်တော်က တရားဝင်အတည်ပြုဖို့ အထူး အစည်းဝေးပွဲလုပ်နေစဉ် လွှတ်တော်အဆောက်အဦးကို Trump လိုလားသူတွေ အတင်းဝင်ရောက်ခဲ့တာဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်လို့ သမ္မတဟောင်း George W. Bush ကပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲပြီးထဲက တချို့နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မဆင်ခြင်တဲ့ လုပ်ရပ်တွေအပြင် အမေရိကန်အဖွဲ့အစည်းတွေ၊ ဓလေ့ထုံးစံတွေနဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်သူတွေအပေါ် ဒီနေ့ မလေးစားတဲ့လုပ်ရပ်တွေအတွက် သူ့အနေနဲ့ တုန်လှုပ်စိတ်ပျက်ခဲ့ကြောင်း Republican ပါတီရဲ့ တဦးတည်းသော အသက်ရှင်ကျန်တဲ့ သမ္မတဟောင်း George W. Bush က ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

သမ္မတ Trump ကြောင့်လို့ တိုက်ရိုက်မပြောပေမဲ့ Capitol လွှတ်တော်အဆောက်အဦးအပေါ် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖွဲ့စည်းပုံအရဆောင်ရွက်တဲ့ လွှတ်တော်စည်းဝေးပွဲကို နှောင့်ယှက်မှုသူတွေဟာ မှားယွင်းတဲ့အမြင် မေ ျှာ်လင့်ချက်တွေကြောင့် ဒေါသထွက်နေကြသူတွေဖြစ်တယ်လို့ ဖော်ပြပြောဆိုပါတယ်။ Trump အပေါ်ထောက်ခံတဲ့ လူအုပ်ကြီးရဲ့ လုပ်ရပ်အပေါ် သမ္မတဟောင်း George W. Bush အပြင် တခြားထင်ရှားတဲ့ Republican ပါတီဝင်တွေကလည်း ပြစ်တင် ဝေဖန်ခဲ့ကြတာပါ။ အမေရိကန်ဒီမိုကရေစီစနစ်မှာ အကြမ်းဖက်မှုအတွက် လုံးဝနေရာမရှိဘူးလို့ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Robert O'Brien ကလည်းပြောပါတယ်။

လွှတ်တော်အဆောက်အဦးမှာ ဥပဒေမဲ့ ဆန္ဒပြမှုတွေမြင်ရတာ အင်မတန်ဒေါသထွက်တယ်လို့ Oklahoma ပြည်နယ် အောက်လွှတ်တော်အမတ် Tom Cole ကလည်း ကြေညာချက်ထုတ်ပြန်ပါတယ်။ Democrat သမ္မတဟောင်း Barack Obama ကတော့ သမ္မတ Donald Trump နဲ့ သူရွေးကောက်ပွဲအနိုင်ရတယ်ဆိုတဲ့ ပြောကြားမှုတွေအပေါ် ထောက်ခံနေကြတဲ့ Republican ပါတီဝင်တွေကို တိုက်ရိုက် အပြစ်တင်ခဲ့ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကလည်း အမေရိကန်ဒီမိုကရေစီကို အရှက်ရအောင် စော်ကားမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG