သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူေတြေၾကာင့္ ရပ္ဆိုင္းခဲ့ရတဲ့ သမၼတေ႐ြးခ်ယ္ေရးကိုယ္စားလွယ္မဲ ေရတြက္မႈ ကန္လႊတ္ေတာ္ ျပန္စ


(Zawgyi/Unicode)

သမၼတေရြးခ်ယ္ေရးအဖြဲ႔ ျပည္နယ္ကိုယ္စားျပဳမဲေတြ အထက္လႊတ္ေတာ္က အတည္ျပဳေပးေရး အစီအစဥ္ကုိ လႊတ္ေတာ္မွာ ၀ါရွင္တန္ ေဒသစံေတာ္ခ်ိန္ ဗုဒၶဟူးေန႔ည ၈ ခန္႔က ျပန္လည္ စတင္ပါတယ္။

ဖြဲ႔စည္းပုံျပဌာန္းခ်က္အရ ႏုိ၀င္ဘာ ၃ ရက္ေန႔မွာ က်င္းပခဲ့တဲ့ သမၼတေရြးေကာက္ပြဲမွာ အႏုိင္ရသူ သမၼတကုိယ္စားလွယ္ေလာင္းကုိ အထက္လႊတ္ေတာ္က အတည္ျပဳေပးရတဲ့အစီအစဥ္ကုိ ဇန္န၀ါရီ ၆ ရက္ေန႔ မနက္မွာ စတင္ခဲ့ေပမယ့္ ေန႔လည္ပုိင္းမွာ သမၼတ Donald Trump ကုိ ေထာက္ခံသူေတြက လႊတ္ေတာ္အတြင္းထဲအထိ ၀င္ေရာက္ စီးနင္းၿပီး ကန္႔ကြက္ ဆႏၵျပခဲ့ၾကတာေၾကာင့္ အထက္လႊတ္ေတာ္ရဲ႕ အတည္ျပဳေရး အစီအစဥ္ကုိ ရပ္ဆုိင္းလုိက္ရတဲ့အျပင္ လႊတ္ေတာ္အမတ္ေတြလည္း ေဘးကင္းရာကုိ ေရွာင္တိမ္းေပးခဲ့ၾကရတာပါ။

လႊတ္ေတာ္ထဲ ၀င္ေရာက္ စီးနင္းခဲ့ၾကတဲ့ ဆႏၵျပသူေတြကုိ လုံၿခံဳေရးတပ္ဖြဲ႔ေတြက ရွင္းလင္းၿပီးတဲ့ေနာက္ အခမ္းအနား ရပ္နားၿပီး ၅ နာရီေလာက္ ၾကာတဲ့အခ်ိန္မွာ မူလအစီအစဥ္အတုိင္း ဒုသမၼတ Mike Pence ဦးေဆာင္ၿပီး အခမ္းအနား အစီအစဥ္ကုိ ျပန္လည္ စတင္ခဲ့ပါတယ္။

အလားတူပဲ ေအအာက္လႊတ္ေတာ္မွာလည္း ေရြးေကာက္ခံသမၼတကုိ အတည္ျပဳေရးအစီအစဥ္ကို တၿပိဳင္တည္းက်င္းပေနၾကပါတယ္။

ေရြးေကာက္ခံသမၼတကုိ အတည္ျပဳေရးအစီအစဥ္ ျပန္စေနၿပီျဖစ္တဲ့အတြက္ လႊတ္ေတာ္၂ရပ္စလံုးရဲ႕ အခမ္းအနားအၿပီးမွာ Joe Biden ဟာ ၄၆ ေယာက္ေျမာက္ အေမရိကန္သမၼတျဖစ္လာဖုိ႔ ရွိေနပါတယ္။

သမၼတေရြးခ်ယ္ေရးအဖြဲ႔ ျပည္နယ္ကိုယ္စားျပဳမဲေတြ အထက္လႊတ္ေတာ္က အတည္ျပဳေပးတဲ့ အစီအစဥ္ဟာ အရင္က ပုံမွန္ လုပ္ရိုးလုပ္စဥ္ ကိစၥတစ္ခု ျဖစ္ေပမယ့္ ဒီႏွစ္မွာေတာ့ ရီပတ္ဘလင္ကန္ အမတ္တစ္ခ်ိဳ႕က ေရြးေကာက္ပြဲ ရလဒ္ကို လက္မခံဘဲ ကန္႔ကြက္ခဲ့ၾကပါတယ္။ သမၼတ ေဒၚနယ္ ထရမ့္ကိုယ္တိုင္ကလည္း ေရြးေကာက္ပြဲ ရလဒ္ကို လက္ခံျခင္း မရွိေသးပါဘူး။

...........

ဆန္ဒပြသူတွေကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ သမ္မတရွေးချယ်ရေးကိုယ်စားလှယ်မဲ ရေတွက်မှု ကန်လွှတ်တော် ပြန်စ
(Unicode)

သမ္မတရွေးချယ်ရေးအဖွဲ့ ပြည်နယ်ကိုယ်စားပြုမဲတွေ အထက်လွှတ်တော်က အတည်ပြုပေးရေး အစီအစဉ်ကို လွှတ်တော်မှာ ဝါရှင်တန် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ည ၈ ခန့်က ပြန်လည် စတင်ပါတယ်။

ဖွဲ့စည်းပုံပြဌာန်းချက်အရ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူ သမ္မတကိုယ်စားလှယ်လောင်းကို အထက်လွှတ်တော်က အတည်ပြုပေးရတဲ့အစီအစဉ်ကို ဇန်နဝါရီ ၆ ရက်နေ့ မနက်မှာ စတင်ခဲ့ပေမယ့် နေ့လည်ပိုင်းမှာ သမ္မတ Donald Trump ကို ထောက်ခံသူတွေက လွှတ်တော်အတွင်းထဲအထိ ဝင်ရောက် စီးနင်းပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတာကြောင့် အထက်လွှတ်တော်ရဲ့ အတည်ပြုရေး အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရတဲ့အပြင် လွှတ်တော်အမတ်တွေလည်း ဘေးကင်းရာကို ရှောင်တိမ်းပေးခဲ့ကြရတာပါ။

လွှတ်တော်ထဲ ဝင်ရောက် စီးနင်းခဲ့ကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းပြီးတဲ့နောက် အခမ်းအနား ရပ်နားပြီး ၅ နာရီလောက် ကြာတဲ့အချိန်မှာ မူလအစီအစဉ်အတိုင်း ဒုသမ္မတ Mike Pence ဦးဆောင်ပြီး အခမ်းအနား အစီအစဉ်ကို ပြန်လည် စတင်ခဲ့ပါတယ်။

အလားတူပဲ အောက်လွှတ်တော်မှာလည်း ရွေးကောက်ခံသမ္မတကို အတည်ပြုရေးအစီအစဉ်ကို တပြိုင်တည်းကျင်းပနေကြပါတယ်။

ရွေးကောက်ခံသမ္မတကို အတည်ပြုရေးအစီအစဉ် ပြန်စနေပြီဖြစ်တဲ့အတွက် လွှတ်တော်၂ရပ်စလုံးရဲ့ အခမ်းအနားအပြီးမှာ Joe Biden ဟာ ၄၆ ယောက်မြောက် အမေရိကန်သမ္မတဖြစ်လာဖို့ ရှိနေပါတယ်။

သမ္မတရွေးချယ်ရေးအဖွဲ့ ပြည်နယ်ကိုယ်စားပြုမဲတွေ အထက်လွှတ်တော်က အတည်ပြုပေးတဲ့ အစီအစဉ်ဟာ အရင်က ပုံမှန် လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခု ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ရီပတ်ဘလင်ကန် အမတ်တစ်ချို့က ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို လက်ခံခြင်း မရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG