သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Donald Trump ေထာက္ခံဆႏၵျပသူေတြ ကြန္ဂရက္အေဆာက္အဦးကို ဝင္ေရာက္စီးနင္း


အေမရိကန္ လႊတ္ေတာ္အေဆာက္အဦးကုိ ဆႏၵျပသူေတြ ဇန္န၀ါရီ ၆ ရက္ေန႔က ၀င္စီးေနစဥ္

(Zawgyi/Unicode)

သမၼတ ေဒၚနယ္ ထရမ့္ကို ေထာက္ခံသူေတြက အေမရိကန္ကြန္ဂရက္လႊတ္ေတာ္အေဆာက္အအုံထဲ အဓမၼဝင္ေရာက္ဆႏၵျပဖို႔ႀကိဳးစား တာေၾကာင့္ ကြန္ဂရက္ လႊတ္ေတာ္ ရဲတပ္ဖြဲ႕က လုံျခဳံေရး အေၾကာင္းျပခ်က္နဲ႔ လႊတ္ေတာ္ ပရဝုဏ္အတြင္း အသြားအလာ အားလုံးကို ဗုဒၶဟူးေန႔ မြန္းလြဲပိုင္းမွာ ပိတ္ပင္လိုက္ပါတယ္။

ဆႏၵျပသူေတြ လႊတ္ေတာ္အတြင္း အတင္း ဝင္ေရာက္တဲ့အခ်ိန္မွာ အထက္နဲ႔ ေအာက္ လႊတ္ေတာ္ အမတ္ေတြက ေရြးေကာက္ခံ သမၼတ Joe Biden ကို သမၼတသစ္အျဖစ္ မဲေတြကို အတည္ျပဳဖို႔ ေဆြးေႏြးေန ခ်ိန္လည္း ျဖစ္ ပါတယ္။

Joe Biden ကို သမၼတ​ေရြးခ်ယ္ေရးအဖြဲ႕က ေပးအပ္ထားတဲ့ မဲေတြကို အတည္ျပဳေပးဖို႔ လုပ္ေဆာင္ေနတဲ့ အထက္လႊတ္ေတာ္ အစည္း အေဝးကိုလည္း ေရႊ႕ဆိုင္းလိုက္ရပါတယ္။ ဒုတိယသမၼတ Mike Pence ကို လွ်ိဳ႕ဝွက္လုံျခဳံေရးတပ္ဖြဲ႕ေတြကအေဆာက္အဦးေျမေအာက္ လွိုဏ္ဂူေပါက္ထဲကို အကာအကြယ္ေပး ေခၚေဆာင္သြားခဲ့ရတယ္လို႔လည္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

လူမႈမီဒီယာေတြနဲ႔ အေမရိကန္ မီဒီယာေတြမွာ ျပသေနတဲ့ ဗီြဒီယိုေတြမွာေတာ့ သမၼတ ထရမ့္ကို ေထာက္ခံသူေတြက ရဲတပ္ဖြဲ႕ေတြ အတားအဆီးလုပ္ထားတဲ့ စည္းကို ေက်ာ္ၿပီး လႊတ္ေတာ္ အေဆာက္အဦးထဲ ဝင္ေရာက္တာကို ေတြ႕ရပါတယ္။ တစ္ခ်ိဳ႕ ဆႏၵျပသူေတြ က ေအာက္လႊတ္ေတာ္ ခန္းမတံခါးကို ဖြင့္ဖို႔ ႀကိဳးစားတာေၾကာင့္ မ်က္ရည္ယိုဗုံးေတြ အသုံးျပဳဖို႔ အဆင့္သင့္ လုပ္ေဆာင္ ထားခဲ့ရ တယ္ လို႔လည္း တီဗီ သတင္းဌာန တစ္ခုက ေျပာပါတယ္။

သမၼတ ေရြးေကာက္ပြဲကို လႊတ္ေတာ္မွာ အတည္ျပဳတာက အရင္က ပုံမွန္ လုပ္ရိုးလုပ္စဥ္ ကိစၥတစ္ခု ျဖစ္ေပမယ့္ ဒီႏွစ္မွာေတာ့ ရစ္ပတ္ဘလင္ကန္ အမတ္တစ္ခ်ိဳ႕က ေရြးေကာက္ပြဲ ရလဒ္ကို လက္မခံဘဲ ကန္႔ကြက္ခဲ့ၾကပါတယ္။ သမၼတ ေဒၚနယ္ ထရမ့္ကိုယ္တိုင္ကလည္း ေရြးေကာက္ပြဲ ရလဒ္ကို လက္ခံျခင္း မရွိေသးပါဘူး။

လႊတ္ေတာ္ထဲ လူအုပ္ႀကီး ေရာက္ရွိၿပီး ရဲတပ္ဖြဲ႕နဲ႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ခ်ိန္မွာပဲ သမၼတ ထရမ့္က လႊတ္ေတာ္ ရဲတပ္ဖြဲ႕ဝင္ ေတြနဲ႔ လုံျခဳံေရးတပ္ဖြဲ႕ေတြကို အကူအညီေပးၾကဖို႔ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနၾကဖို႔ သူ႔ကို ေထာက္ခံသူေတြကို တိုက္တြန္းတဲ့စာကို တြစ္တာမွာ ေရးသားထားပါတယ္။

ဝါရွင္တန္ ဒီစီ ၿမိဳ႕ေတာ္ဝန္ ကေတာ့ ေဒသစံေတာ္ခ်ိန္ ည ၆ နာရီကစလို႔ ၿမိဳ႕ေတာ္ထဲ ညမထြက္ရအမိန္ curfewထုတ္ျပန္လိုက္ၿပီ ျဖစ္ပါတယ္။

လႊတ္ေတာ္အစည္းအေဝး မရပ္နားခင္ကေလးမွာပဲ အထက္လႊတ္ေတာ္ လူမ်ားစု ေခါင္းေဆာင္ က ေရြးေကာက္ပြဲ ရလဒ္ကို ျပန္ျပင္ မွာ မဟုတ္ဘဲ အေမရိကန္ ျပည္သူေတြရဲ့ ဆုံးျဖတ္ခ်က္ မဲေတြအေပၚ ေလးစား လိုက္နာသြားမယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

Donald Trump ထောက်ခံဆန္ဒပြသူတွေ ကွန်ဂရက်အဆောက်အဦးကို ဝင်ရောက်စီးနင်း

(Unicode)

သမ္မတ ဒေါ်နယ် ထရမ့်ကို ထောက်ခံသူတွေက အမေရိကန်ကွန်ဂရက်လွှတ်တော်အဆောက်အအုံထဲ အဓမ္မဝင်ရောက်ဆန္ဒပြဖို့ကြိုးစား တာကြောင့် ကွန်ဂရက် လွှတ်တော် ရဲတပ်ဖွဲ့က လုံခြုံရေး အကြောင်းပြချက်နဲ့ လွှတ်တော် ပရဝုဏ်အတွင်း အသွားအလာ အားလုံးကို ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ ပိတ်ပင်လိုက်ပါတယ်။

ဆန္ဒပြသူတွေ လွှတ်တော်အတွင်း အတင်း ဝင်ရောက်တဲ့အချိန်မှာ အထက်နဲ့ အောက် လွှတ်တော် အမတ်တွေက ရွေးကောက်ခံ သမ္မတ Joe Biden ကို သမ္မတသစ်အဖြစ် မဲတွေကို အတည်ပြုဖို့ ဆွေးနွေးနေ ချိန်လည်း ဖြစ် ပါတယ်။

Joe Biden ကို သမ္မတရွေးချယ်ရေးအဖွဲ့က ပေးအပ်ထားတဲ့ မဲတွေကို အတည်ပြုပေးဖို့ လုပ်ဆောင်နေတဲ့ အထက်လွှတ်တော် အစည်း အဝေးကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒုတိယသမ္မတ Mike Pence ကို လျှို့ဝှက်လုံခြုံရေးတပ်ဖွဲ့တွေကအဆောက်အဦးမြေအောက် လှိုဏ်ဂူပေါက်ထဲကို အကာအကွယ်ပေး ခေါ်ဆောင်သွားခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လူမှုမီဒီယာတွေနဲ့ အမေရိကန် မီဒီယာတွေမှာ ပြသနေတဲ့ ဗွီဒီယိုတွေမှာတော့ သမ္မတ ထရမ့်ကို ထောက်ခံသူတွေက ရဲတပ်ဖွဲ့တွေ အတားအဆီးလုပ်ထားတဲ့ စည်းကို ကျော်ပြီး လွှတ်တော် အဆောက်အဦးထဲ ဝင်ရောက်တာကို တွေ့ရပါတယ်။ တစ်ချို့ ဆန္ဒပြသူတွေ က အောက်လွှတ်တော် ခန်းမတံခါးကို ဖွင့်ဖို့ ကြိုးစားတာကြောင့် မျက်ရည်ယိုဗုံးတွေ အသုံးပြုဖို့ အဆင့်သင့် လုပ်ဆောင် ထားခဲ့ရ တယ် လို့လည်း တီဗီ သတင်းဌာန တစ်ခုက ပြောပါတယ်။

သမ္မတ ရွေးကောက်ပွဲကို လွှတ်တော်မှာ အတည်ပြုတာက အရင်က ပုံမှန် လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခု ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ရစ်ပတ်ဘလင်ကန် အမတ်တစ်ချို့က ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါတယ်။ သမ္မတ ဒေါ်နယ် ထရမ့်ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို လက်ခံခြင်း မရှိသေးပါဘူး။

လွှတ်တော်ထဲ လူအုပ်ကြီး ရောက်ရှိပြီး ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ချိန်မှာပဲ သမ္မတ ထရမ့်က လွှတ်တော် ရဲတပ်ဖွဲ့ဝင် တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အကူအညီပေးကြဖို့ ငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းတဲ့စာကို တွစ်တာမှာ ရေးသားထားပါတယ်။

ဝါရှင်တန် ဒီစီ မြို့တော်ဝန် ကတော့ ဒေသစံတော်ချိန် ည ၆ နာရီကစလို့ မြို့တော်ထဲ ညမထွက်ရအမိန် curfewထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

လွှတ်တော်အစည်းအဝေး မရပ်နားခင်ကလေးမှာပဲ အထက်လွှတ်တော် လူများစု ခေါင်းဆောင် က ရွေးကောက်ပွဲ ရလဒ်ကို ပြန်ပြင် မှာ မဟုတ်ဘဲ အမေရိကန် ပြည်သူတွေရဲ့ ဆုံးဖြတ်ချက် မဲတွေအပေါ် လေးစား လိုက်နာသွားမယ်လို့ ပြောပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG