သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Biden ႏိုင္တဲ့ ကန္ေရြးေကာက္ပြဲရလဒ္ ကန္႔ကြက္ဖို႔ ရီပတ္ဘလစ္ကန္ အမတ္တခ်ိဳ႕ ျပင္ဆင္


ေရြးေကာက္ပြဲမွာ အႏုိင္ရခဲ့တဲ့ Joe Biden ကို ေထာက္ခံဆႏၵျပေနသူမ်ား။ (ႏုိဝင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ႏုိဝင္ဘာေရြးေကာက္ပြဲမွာ သမၼတ Donald Trump ကို ဒီမိုကရက္တစ္ပါတီက Joe Biden က အႏုိင္ရေၾကာင္း Electoral College လို႔ေခၚတဲ့ သမၼတေရြးခ်ယ္ေရးအဖြဲ႔ရဲ႕ ကိုယ္စားလွယ္မဲေတြ အတည္ျပဳဖို႔ ဗုဒၶဟူးေန႔မွာ အခမ္းအနားနဲ႔ က်င္းပမွာျဖစ္ၿပီး ဒါကို ေအာက္လႊတ္ေတာ္က ရီပတ္ဘလစ္ကန္ အမတ္ ၁၀၀ ေက်ာ္နဲ႔ အထက္လႊတ္ေတာ္အမတ္ တဒါဇင္ေလာက္က ကန္႔ကြက္မွာျဖစ္ေၾကာင္း ေျပာေနပါတယ္။

ဗုဒၶဟူးေန႔ အခမ္းအနားဟာ ၄၆ ဆက္ေျမာက္ သမၼတအတြက္ ဇန္နဝါရီ ၂၀ ရက္ က်မ္းသစၥာက်ိန္ဆိုပြဲ မတိုင္ခင္ အေမရိကန္သမၼတ ေရြးေကာက္တင္ေျမႇာက္ရာမွာ ေနာက္ဆံုးအဆင့္အျဖစ္ Joe Biden ကိုယ္စားလွယ္မဲ ၃၀၆ မဲ၊ သမၼတက ၂၃၂ မဲ ရထားတာကို အတည္ျပဳေပးတဲ့ပြဲ ျဖစ္ပါတယ္။

ေရြးေကာက္ပြဲမဲရလဒ္ကို ေျပာင္းလဲေစဖုိ႔အတြက္ Mr. Biden အႏုိင္ရမႈကို လႊတ္ေတာ္ ၂ ရပ္စလံုးက လက္မခံမွသာ ေျပာင္းလဲႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီမိုကရက္ေတြ ႀကီးစိုးထားတဲ့ ေအာက္လႊတ္ေတာ္က Mr. Biden အႏိုင္ရေၾကာင္း အတည္ျပဳေပးဖို႔ရွိသလို အထက္လႊတ္ေတာ္မွာလည္း အလားတူ အတည္ျပဳႏုိင္ေခ် ရွိေနပါတယ္။

သမၼတ Trump ကေတာ့ သူ႐ႈံးနိမ့္ရတာဟာ ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြေၾကာင့္ ျဖစ္ေၾကာင္း အေထာက္အထား ခိုင္ခိုင္လံုလံု မျပဘဲ ေျပာဆိုေနဆဲပါ။ သူ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ရတဲ့ ျပည္နယ္ေတြမွာ တရားေရးအရ ေဆာင္ရြက္တာေတြ လုပ္ခဲ့ေပမယ့္လည္း အရာမထင္ခဲ့ပါဘူး။

ဒုသမၼတ Mike Pence ကေတာ့ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိခဲ့တာနဲ႔ ပတ္သက္ၿပီး အေမရိကန္ သန္းေပါင္းမ်ားစြာက စိုးရိမ္မႈရွိေၾကာင္း စေနေန႔ညေနမွာ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

Biden နိုင်တဲ့ ကန်ရွေးကောက်ပွဲရလဒ် ကန့်ကွက်ဖို့ ရီပတ်ဘလစ်ကန် အမတ်တချို့ ပြင်ဆင်

နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတ Donald Trump ကို ဒီမိုကရက်တစ်ပါတီက Joe Biden က အနိုင်ရကြောင်း Electoral College လို့ခေါ်တဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်မဲတွေ အတည်ပြုဖို့ ဗုဒ္ဓဟူးနေ့မှာ အခမ်းအနားနဲ့ ကျင်းပမှာဖြစ်ပြီး ဒါကို အောက်လွှတ်တော်က ရီပတ်ဘလစ်ကန် အမတ် ၁၀၀ ကျော်နဲ့ အထက်လွှတ်တော်အမတ် တဒါဇင်လောက်က ကန့်ကွက်မှာဖြစ်ကြောင်း ပြောနေပါတယ်။

ဗုဒ္ဓဟူးနေ့ အခမ်းအနားဟာ ၄၆ ဆက်မြောက် သမ္မတအတွက် ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင် အမေရိကန်သမ္မတ ရွေးကောက်တင်မြှောက်ရာမှာ နောက်ဆုံးအဆင့်အဖြစ် Joe Biden ကိုယ်စားလှယ်မဲ ၃၀၆ မဲ၊ သမ္မတက ၂၃၂ မဲ ရထားတာကို အတည်ပြုပေးတဲ့ပွဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲရလဒ်ကို ပြောင်းလဲစေဖို့အတွက် Mr. Biden အနိုင်ရမှုကို လွှတ်တော် ၂ ရပ်စလုံးက လက်မခံမှသာ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရက်တွေ ကြီးစိုးထားတဲ့ အောက်လွှတ်တော်က Mr. Biden အနိုင်ရကြောင်း အတည်ပြုပေးဖို့ရှိသလို အထက်လွှတ်တော်မှာလည်း အလားတူ အတည်ပြုနိုင်ချေ ရှိနေပါတယ်။

သမ္မတ Trump ကတော့ သူရှုံးနိမ့်ရတာဟာ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေကြောင့် ဖြစ်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ မပြဘဲ ပြောဆိုနေဆဲပါ။ သူ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ပြည်နယ်တွေမှာ တရားရေးအရ ဆောင်ရွက်တာတွေ လုပ်ခဲ့ပေမယ့်လည်း အရာမထင်ခဲ့ပါဘူး။

ဒုသမ္မတ Mike Pence ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် သန်းပေါင်းများစွာက စိုးရိမ်မှုရှိကြောင်း စနေနေ့ညနေမှာ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG