သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Biden ႏုိင္တဲ့ ေရြးေကာက္ပြဲရလဒ္ အၿပီးသတ္ ျပင္ဆင္ေနခ်ိန္ Trump ဆက္လက္ကန္႔ကြက္


အေမရိကန္သမၼတ Donald Trump. (ဒီဇင္ဘာ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ၿပီးခဲ့တဲ့ ႏုိဝင္ဘာ ၃ ရက္ ေရြးေကာက္ပြဲကေန အေမရိကန္ႏုိင္ငံရဲ႕ ၄၆ ဆက္ေျမာက္ သမၼတအျဖစ္ ဒီမိုကရက္တစ္ပါတီက Joe Biden ကုိ ေရြးခ်ယ္တင္ေျမႇာက္ေၾကာင္း Electoral College ေခၚ ျပည္နယ္ကိုယ္စားျပဳ သမၼတေရြးခ်ယ္ေရးအဖြဲ႔က တရားဝင္ေၾကညာဖို႔ တရက္ပဲလိုေတာ့တဲ့ တနဂၤေႏြေန႔အထိ သမၼတ Donald Trump က ဒုတိယသက္တမ္း ျပန္အအေရြးခံရဖို႔ ေမွ်ာ္လင့္ေနဆဲ ျဖစ္ပါတယ္။

ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြ ရွိခဲ့တယ္ဆိုတဲ့ သမၼတ Trump တင္ျပခ်က္ေတြကို ဒါဇင္နဲ႔ခ်ီတဲ့ တရား႐ုံးေတြက မဟုတ္မွန္ေၾကာင္း ဆံုးျဖတ္ခဲ့ၾကေပမယ့္ တနဂၤေႏြေန႔ Fox သတင္းဌာနရဲ႕ ေမးျမန္းခန္းမွာ သမၼတက ဒီကိစၥဟာ မၿပီးဆံုးေသးသလို သူတို႔ ဆက္ၿပီး လုပ္ေဆာင္မွာျဖစ္ေၾကာင္းနဲ႔ ပန္ဆယ္လ္ေဗးနီးယား၊ မီရွီဂန္နဲ႔ ေဂ်ာ္ဂ်ီယာျပည္နယ္ေတြမွာ မဲအမ်ားအျပားနဲ႔ ႏုိင္ခဲ့ေပမယ့္ မဲအခိုးခံခဲ့ရေၾကာင္း ေျပာၾကားခဲ့တာပါ။

ဒါေပမယ့္လည္း အထက္လႊတ္ေတာ္အမတ္အျဖစ္ ႏွစ္ေပါင္း ၃၆ ႏွစ္နဲ႔ ဒုသမၼတအျဖစ္ ၈ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ခဲ့သူ Joe Biden ကုိ ေရြးခ်ယ္ေၾကာင္း Electoral College က တနလၤာေန႔မွာပဲ တရားဝင္ေၾကညာဖို႔ ရွိပါတယ္။

ဒီအဖြဲ႔က Joe Biden ကုိ ကိုယ္စားလွယ္မဲ ၃၀၆ မဲနဲ႔ မဲေပါင္း ၂၃၂ မဲရတဲ့ သမၼတ Trump ကို အႏုိင္ရေၾကာင္း ေၾကညာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါဟာ ၂၀၁၆ တုန္းက ဒီမိုကရက္တစ္ပါတီက Hillary Clinton ကို သမၼတ Trump အႏုိင္ရခဲ့တဲ့ မဲအေရအတြက္နဲ႔ တူပါတယ္။

စေနေန႔ကေတာ့ သမၼတ Trump ကို ေထာက္ခံသူေတြ စေနေန႔က ဝါရွင္တန္ဒီစီမွာ စုေဝး ဆႏၵျပခဲ့ၾကပါတယ္။ လမ္းမေတြေပၚမွာလည္း သမၼတကို ေထာက္ခံသူေတြနဲ႔ ဆန္႔က်င္သူေတြၾကား အဓိက႐ုဏ္းေတြ ႀကိဳၾကားႀကိဳၾကား ျဖစ္ပြားခဲ့ၿပီး ဓားဒဏ္ရာနဲ႔ ေဆး႐ုံတင္ခဲ့ရသူ ၄ ဦးရွိခဲ့သလို ၂၃ ဦး အဖမ္းခံခဲ့ရတယ္လုိ႔ ဝါရွင္တန္ဒီစီရဲက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

Biden နိုင်တဲ့ ရွေးကောက်ပွဲရလဒ် အပြီးသတ် ပြင်ဆင်နေချိန် Trump ဆက်လက်ကန့်ကွက်

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲကနေ အမေရိကန်နိုင်ငံရဲ့ ၄၆ ဆက်မြောက် သမ္မတအဖြစ် ဒီမိုကရက်တစ်ပါတီက Joe Biden ကို ရွေးချယ်တင်မြှောက်ကြောင်း Electoral College ခေါ် ပြည်နယ်ကိုယ်စားပြု သမ္မတရွေးချယ်ရေးအဖွဲ့က တရားဝင်ကြေညာဖို့ တရက်ပဲလိုတော့တဲ့ တနင်္ဂနွေနေ့အထိ သမ္မတ Donald Trump က ဒုတိယသက်တမ်း ပြန်အအရွေးခံရဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သမ္မတ Trump တင်ပြချက်တွေကို ဒါဇင်နဲ့ချီတဲ့ တရားရုံးတွေက မဟုတ်မှန်ကြောင်း ဆုံးဖြတ်ခဲ့ကြပေမယ့် တနင်္ဂနွေနေ့ Fox သတင်းဌာနရဲ့ မေးမြန်းခန်းမှာ သမ္မတက ဒီကိစ္စဟာ မပြီးဆုံးသေးသလို သူတို့ ဆက်ပြီး လုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ ပန်ဆယ်လ်ဗေးနီးယား၊ မီရှီဂန်နဲ့ ဂျော်ဂျီယာပြည်နယ်တွေမှာ မဲအများအပြားနဲ့ နိုင်ခဲ့ပေမယ့် မဲအခိုးခံခဲ့ရကြောင်း ပြောကြားခဲ့တာပါ။

ဒါပေမယ့်လည်း အထက်လွှတ်တော်အမတ်အဖြစ် နှစ်ပေါင်း ၃၆ နှစ်နဲ့ ဒုသမ္မတအဖြစ် ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ Joe Biden ကို ရွေးချယ်ကြောင်း Electoral College က တနင်္လာနေ့မှာပဲ တရားဝင်ကြေညာဖို့ ရှိပါတယ်။

ဒီအဖွဲ့က Joe Biden ကို ကိုယ်စားလှယ်မဲ ၃၀၆ မဲနဲ့ မဲပေါင်း ၂၃၂ မဲရတဲ့ သမ္မတ Trump ကို အနိုင်ရကြောင်း ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ ၂၀၁၆ တုန်းက ဒီမိုကရက်တစ်ပါတီက Hillary Clinton ကို သမ္မတ Trump အနိုင်ရခဲ့တဲ့ မဲအရေအတွက်နဲ့ တူပါတယ်။

စနေနေ့ကတော့ သမ္မတ Trump ကို ထောက်ခံသူတွေ စနေနေ့က ဝါရှင်တန်ဒီစီမှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။ လမ်းမတွေပေါ်မှာလည်း သမ္မတကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား အဓိကရုဏ်းတွေ ကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး ဓားဒဏ်ရာနဲ့ ဆေးရုံတင်ခဲ့ရသူ ၄ ဦးရှိခဲ့သလို ၂၃ ဦး အဖမ်းခံခဲ့ရတယ်လို့ ဝါရှင်တန်ဒီစီရဲက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG