သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ေရြးေကာက္ပြဲ မဲမသမာမႈဆုိင္ရာ သတင္းမွားေတြ Youtube ျဖဳတ္ခ်မည္


(Zawgyi/Unicode)
အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ရွိတယ္ဆိုတဲ့ သတင္းမွားေတြ ပါတဲ့ ဗီြဒီယိုေတြကို ျဖတ္ခ် ေတာ့မယ္ လို႔ YouTube ကုမၸဏီက ဗုဒၶဟူးေန႔က ေျပာပါတယ္။ အဲဒီလို ျဖဳတ္ခ်မယ့္ ဗီြဒီယိုေတြထဲ ဗုဒၶဟူးေန႔ကစၿပီး တင္တဲ့ ဗီြဒီယို ေတြ ပါဝင္မွာ ျဖစ္ပါတယ္။ YouTube ကုမၸဏီအေနနဲ႔ သတင္းမွားေတြ ပါတဲ့ ဗီြဒီယိုေတြကို ျဖဳတ္ခ်ဖို႔ လက္ေရွာင္ေန ခဲ့တဲ့ မူကို ေျပာင္းလဲလိုက္တာလည္း ျဖစ္ပါတယ္။

သမၼတ ေရြးေကာက္ပြဲ ရလဒ္ေတြကို ျပည္နယ္ေတြက အတည္ျပဳေပးရမယ့္ ေနာက္ဆုံးရက္ မတိုင္ခင္ တရက္အလိုမွာ YouTube ကုမၸဏီက အခုလို ေၾကညာခဲ့တာပါ။

သမၼတ ေရြးေကာက္ပြဲ သတင္းမွားေတြကို ေစာင့္ၾကည့္ စစ္ေဆးဖို႔ YouTube ကုမၸဏီ အေနနဲ႔ ဖိအားေပးခံေနခဲ့ရတာ ၾကာၿပီ ျဖစ္ပါတယ္။

Google ရဲ့ မိခင္ ကုမၸဏီျဖစ္တဲ့ Alphabet Inc's Google က ပိုင္ဆိုင္တဲ့ YouTube က သတင္းမွားေတြအေပၚ စိစစ္ရာမွာ Facebook နဲ႔ Twitter ထက္ ပိုၿပီး လက္ေရွာင္ေနတယ္လို႔ အမ်ားက ျမင္ေနၾကတာပါ။

ေရြးေကာက္ပြဲ မသမာမႈ ရွိတယ္ဆိုၿပီး အႀကီးအက်ယ္ စြပ္စြဲခ်က္ေတြပါဝင္တဲ့ ေၾကာ္ျငာေတြနဲ႔ YouTube အဖြဲ႕ဝင္ေတြ တင္တဲ့ ဗီြဒီယိုေတြကေန YouTube ကုမၸဏီက နိုဝင္ဘာလ ေရြးေကာက္ပြဲ အၿပီးမွာ ေငြေၾကးေတြ ရယူေနတာကို Reuters သတင္းဌာနက မွတ္တမ္းတင္ထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ လကလည္း ဒီမိုကရက္ အထက္လႊတ္ေတာ္အမတ္ အဖြဲ႕တစ္ဖြဲ႕က YouTube အေနနဲ႔ ၂၀၂၀ ေရြးေကာက္ပြဲ ရလဒ္နဲ႔ Georgia ျပည္နယ္က အထက္လႊတ္ေတာ္ အမတ္ေရြးေကာက္ပြဲ ျပန္လည္ က်င္းပေရးနဲ႔ဆက္စပ္ေနတဲ့ သတင္းမွားေတြကို စိစစ္ ျဖဳတ္ခ် ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ကန် ရွေးကောက်ပွဲ မဲမသမာမှုဆိုင်ရာ သတင်းမှားတွေ Youtube ဖြုတ်ချမည်
(Unicode)
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်ဆိုတဲ့ သတင်းမှားတွေ ပါတဲ့ ဗွီဒီယိုတွေကို ဖြတ်ချ တော့မယ် လို့ YouTube ကုမ္ပဏီက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အဲဒီလို ဖြုတ်ချမယ့် ဗွီဒီယိုတွေထဲ ဗုဒ္ဓဟူးနေ့ကစပြီး တင်တဲ့ ဗွီဒီယို တွေ ပါဝင်မှာ ဖြစ်ပါတယ်။ YouTube ကုမ္ပဏီအနေနဲ့ သတင်းမှားတွေ ပါတဲ့ ဗွီဒီယိုတွေကို ဖြုတ်ချဖို့ လက်ရှောင်နေ ခဲ့တဲ့ မူကို ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။

သမ္မတ ရွေးကောက်ပွဲ ရလဒ်တွေကို ပြည်နယ်တွေက အတည်ပြုပေးရမယ့် နောက်ဆုံးရက် မတိုင်ခင် တရက်အလိုမှာ YouTube ကုမ္ပဏီက အခုလို ကြေညာခဲ့တာပါ။

သမ္မတ ရွေးကောက်ပွဲ သတင်းမှားတွေကို စောင့်ကြည့် စစ်ဆေးဖို့ YouTube ကုမ္ပဏီ အနေနဲ့ ဖိအားပေးခံနေခဲ့ရတာ ကြာပြီ ဖြစ်ပါတယ်။

Google ရဲ့ မိခင် ကုမ္ပဏီဖြစ်တဲ့ Alphabet Inc's Google က ပိုင်ဆိုင်တဲ့ YouTube က သတင်းမှားတွေအပေါ် စိစစ်ရာမှာ Facebook နဲ့ Twitter ထက် ပိုပြီး လက်ရှောင်နေတယ်လို့ အများက မြင်နေကြတာပါ။

ရွေးကောက်ပွဲ မသမာမှု ရှိတယ်ဆိုပြီး အကြီးအကျယ် စွပ်စွဲချက်တွေပါဝင်တဲ့ ကြော်ငြာတွေနဲ့ YouTube အဖွဲ့ဝင်တွေ တင်တဲ့ ဗွီဒီယိုတွေကနေ YouTube ကုမ္ပဏီက နိုဝင်ဘာလ ရွေးကောက်ပွဲ အပြီးမှာ ငွေကြေးတွေ ရယူနေတာကို Reuters သတင်းဌာနက မှတ်တမ်းတင်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ လကလည်း ဒီမိုကရက် အထက်လွှတ်တော်အမတ် အဖွဲ့တစ်ဖွဲ့က YouTube အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်နဲ့ Georgia ပြည်နယ်က အထက်လွှတ်တော် အမတ်ရွေးကောက်ပွဲ ပြန်လည် ကျင်းပရေးနဲ့ဆက်စပ်နေတဲ့ သတင်းမှားတွေကို စိစစ် ဖြုတ်ချ ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG