[Zawgyi/Unicode]
အေမရိကန္ ကာကြယ္ေရးအသံုးစရိတ္ဆိုင္ရာ ဥပေဒမူၾကမ္းတရပ္ကို ဒီမိုကရက္တစ္ပါတီက ထိန္းခ်ဳပ္ထားတဲ့ ေအာက္လႊတ္ေတာ္ကေန အဂၤါေန႔က အတည္ျပဳလိုက္ပါၿပီ။ အဲဒီဥပေဒမူၾကမ္း ထြက္လာရင္ ဗီတိုအာဏာသံုးၿပီး ပယ္ခ်မယ္လုိ႔ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္က ေျပာထားတဲ့ၾကားမွာပဲ ေအာက္လႊတ္ေတာ္က အတည္ျပဳလိုက္တာပါ။
ဒါေၾကာင့္လည္း ရီပတ္ဘလီကန္သမၼတျဖစ္တဲ့ မစၥတာထရမ့္ပ္ အစိုးရအဖြဲ႔ရဲ႕ ေနာက္ဆံုးရက္ေတြမွာ သမၼတနဲ႔ လႊတ္ေတာ္အၾကား ထိပ္တိုက္ေတြ႔မယ့္ အလားအလာ ေပၚလာပါတယ္။
ေဒၚလာ ဘီလီယံ ၇၃၀ ေက်ာ္ရွိတဲ့ ကာကြယ္ေရးအသံုးစရိတ္ ဥပေဒမူၾကမ္းကို ေအာက္လႊတ္ေတာ္က ေထာက္ခံမဲ ၃၃၅ မဲ၊ ကန္႔ကြက္မဲ ၇၈ မဲနဲ႔ အတည္ျပဳခဲ့ပါတယ္။ ေအာက္လႊတ္ေတာ္ ဒီမုိကရက္အမတ္ ၁၉၅ ေယာက္နဲ႔အတူ ရီပတ္ဘလီကန္အမတ္ ၁၄၀ တို႔ကပါ ေထာက္ခံမဲေပးခဲ့တဲ့အတြက္ ဥပေဒမူၾကမ္းကို အတည္ျပဳလိုက္ႏုိင္တာျဖစ္ၿပီး ဒီေထာက္ခံမဲအေရအတြက္က သမၼတရဲ႕ ဗီတိုကို ေက်ာ္လႊားႏိုင္ေျခရွိပါတယ္။
အခုဆိုရင္ေတာ့ ရီပတ္ဘလီကန္ေတြ ထိန္းခ်ဳပ္ထားတဲ့ အထက္လႊတ္ေတာ္မွာ ေရာက္သြားၿပီျဖစ္ပါတယ္။
သမၼတေရြးေကာက္ပြဲကာလအတြင္း သူ႔အေပၚ ဘက္လိုက္ႏွိပ္ကြပ္ခဲ့တယ္လို႔ သမၼတထရမ့္ပ္ စြပ္စြဲေျပာဆိုထားတဲ့ ဆိုရွယ္မီဒီယာကုမၸဏီေတြကို အေရးယူမယ့္ျပဌာန္းခ်က္ ဥပေဒမူၾကမ္းထဲမွာမပါရင္ ဗီတိုသံုးပယ္ခ်မယ္လုိ႔ သမၼတထရမ့္ပ္က ထပ္ေျပာအၿပီး နာရီပိုင္းေတြအတြင္းမွာပဲ ေအာက္လႊတ္ေတာ္က မဲခြဲအတည္ျပဳခဲ့တာပါ။
အေမရိကန္မွာ ကၽြန္စနစ္ကိုေထာက္ခံခဲ့တဲ့ ကြန္ဖက္ဒရိတ္ေခါင္းေဆာင္ေတြကို ဂုဏ္ျပဳမွည့္ေခၚထားတဲ့ စစ္စခန္းေတြရဲ႕နာမည္ေတြကို ျပန္ေျပာင္းမယ့္ ျပဌာန္းခ်က္တရပ္ ဥပေဒမူၾကမ္းထဲမွာ ထည့္သြင္းထားတာကို ျဖဳတ္ပစ္ဖို႔လည္း သမၼတထရမ့္ပ္က ေတာင္းဆိုထားတာပါ။
သမၼတထရမ့္ပ္က ဗီတိုသံုးမယ္ဆုိရင္ အဲဒီဗီတိုကို ေက်ာ္လႊားႏုိင္ေအာင္ လုပ္သြားမယ္လုိ႔ ေအာက္လႊတ္ေတာ္၊ လက္နက္ကိုင္တပ္ဖြဲ႔မ်ားဆိုင္ရာ ေကာ္မတီရဲ႕ဥကၠ႒၊ ဝါရွင္တန္ျပည္နယ္ ေအာက္လႊတ္ေတာ္အမတ္ Adam Smith ကေျပာပါတယ္။
[Unicode Version]
ကန် ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်း အောက်လွှတ်တော်အတည်ပြု
အမေရိကန် ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေမူကြမ်းတရပ်ကို ဒီမိုကရက်တစ်ပါတီက ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်ကနေ အင်္ဂါနေ့က အတည်ပြုလိုက်ပါပြီ။ အဲဒီဥပဒေမူကြမ်း ထွက်လာရင် ဗီတိုအာဏာသုံးပြီး ပယ်ချမယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောထားတဲ့ကြားမှာပဲ အောက်လွှတ်တော်က အတည်ပြုလိုက်တာပါ။
ဒါကြောင့်လည်း ရီပတ်ဘလီကန်သမ္မတဖြစ်တဲ့ မစ္စတာထရမ့်ပ် အစိုးရအဖွဲ့ရဲ့ နောက်ဆုံးရက်တွေမှာ သမ္မတနဲ့ လွှတ်တော်အကြား ထိပ်တိုက်တွေ့မယ့် အလားအလာ ပေါ်လာပါတယ်။
ဒေါ်လာ ဘီလီယံ ၇၃၀ ကျော်ရှိတဲ့ ကာကွယ်ရေးအသုံးစရိတ် ဥပဒေမူကြမ်းကို အောက်လွှတ်တော်က ထောက်ခံမဲ ၃၃၅ မဲ၊ ကန့်ကွက်မဲ ၇၈ မဲနဲ့ အတည်ပြုခဲ့ပါတယ်။ အောက်လွှတ်တော် ဒီမိုကရက်အမတ် ၁၉၅ ယောက်နဲ့အတူ ရီပတ်ဘလီကန်အမတ် ၁၄၀ တို့ကပါ ထောက်ခံမဲပေးခဲ့တဲ့အတွက် ဥပဒေမူကြမ်းကို အတည်ပြုလိုက်နိုင်တာဖြစ်ပြီး ဒီထောက်ခံမဲအရေအတွက်က သမ္မတရဲ့ ဗီတိုကို ကျော်လွှားနိုင်ခြေရှိပါတယ်။
အခုဆိုရင်တော့ ရီပတ်ဘလီကန်တွေ ထိန်းချုပ်ထားတဲ့ အထက်လွှတ်တော်မှာ ရောက်သွားပြီဖြစ်ပါတယ်။
သမ္မတရွေးကောက်ပွဲကာလအတွင်း သူ့အပေါ် ဘက်လိုက်နှိပ်ကွပ်ခဲ့တယ်လို့ သမ္မတထရမ့်ပ် စွပ်စွဲပြောဆိုထားတဲ့ ဆိုရှယ်မီဒီယာကုမ္ပဏီတွေကို အရေးယူမယ့်ပြဌာန်းချက် ဥပဒေမူကြမ်းထဲမှာမပါရင် ဗီတိုသုံးပယ်ချမယ်လို့ သမ္မတထရမ့်ပ်က ထပ်ပြောအပြီး နာရီပိုင်းတွေအတွင်းမှာပဲ အောက်လွှတ်တော်က မဲခွဲအတည်ပြုခဲ့တာပါ။
အမေရိကန်မှာ ကျွန်စနစ်ကိုထောက်ခံခဲ့တဲ့ ကွန်ဖက်ဒရိတ်ခေါင်းဆောင်တွေကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ စစ်စခန်းတွေရဲ့နာမည်တွေကို ပြန်ပြောင်းမယ့် ပြဌာန်းချက်တရပ် ဥပဒေမူကြမ်းထဲမှာ ထည့်သွင်းထားတာကို ဖြုတ်ပစ်ဖို့လည်း သမ္မတထရမ့်ပ်က တောင်းဆိုထားတာပါ။
သမ္မတထရမ့်ပ်က ဗီတိုသုံးမယ်ဆိုရင် အဲဒီဗီတိုကို ကျော်လွှားနိုင်အောင် လုပ်သွားမယ်လို့ အောက်လွှတ်တော်၊ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ဥက္ကဋ္ဌ၊ ဝါရှင်တန်ပြည်နယ် အောက်လွှတ်တော်အမတ် Adam Smith ကပြောပါတယ်။