သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး Lloyd Austin ေနာက္ေၾကာင္း


အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး Lloyd Austin

[Zawgyi/Unicode]

ေရြးေကာက္ခံသမၼတ ဂ်ိဳးဘိုင္ဒန္က အေမရိကန္ကာကြယ္ေရးဝန္ၾကီးအျဖစ္ ေရြးခ်ယ္လိုက္တဲ့ အၿငိမ္းစားစစ္ဗုိလ္ခ်ဳပ္ၾကီး Lloyd Austin ဟာ လႊတ္ေတာ္က အတည္ျပဳခဲ့မယ္ဆိုရင္ အေမရိကန္ရဲ႕ ပထမဆံုး အာဖရိကန္ႏြယ္ အေမရိကန္ ကာကြယ္ေရးဝန္ၾကီးအျဖစ္ ပန္တဂြန္စစ္ဌာနခ်ဳပ္မွာ တာဝန္ထမ္းေဆာင္ႏိုင္မွာျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စု အေရွ႕ေတာင္ဘက္ အယ္လဘားမားျပည္နယ္မွာ ၁၉၅၃ ခုႏွစ္က ေမြးဖြားၿပီး ေဂ်ာ္ဂ်ီယာမွာ ၾကီးျပင္းခဲ့သူ Austin ဟာ West Point အေမရိကန္ စစ္တကၠသိုလ္ကေန ၁၉၇၅ ခုႏွစ္မွာ ေက်ာင္းၿပီးခဲ့ပါတယ္။

ေျမာက္ကယ္႐ိုလိုင္းနားျပည္နယ္က Fort Bragg မွာ အေျခစိုက္တဲ့ အမွတ္ ၈၂ ေလထီးခုန္တပ္ရင္း တိုက္ခိုက္ေရးအကူ တပ္စိတ္မွာ ပထမဆံုးႀကီးၾကပ္ကြပ္ကဲခဲ့ရၿပီး ရာထူးအဆင့္ဆင့္နဲ႔ တပ္တြင္း ႏွစ္ ၄၀ ၾကာ တာ၀န္ထမ္းေဆာင္ခဲ့ပါတယ္။

စစ္ဗိုလ္ခ်ဳပ္ၾကီး Austin ဟာ ၂၀၁၀ ကေန ၂၀၁၁ အထိ အီရတ္စစ္အေျခစိုက္စခန္းမွာ စစ္ေရးကြပ္ကဲမႈ အႀကီးအကဲအျဖစ္တာ၀န္ယူၿပီး အေမရိကန္တပ္ေတြ အီရတ္ထဲ ၀င္ေရာက္သိမ္းပိုက္မႈအဆံုးသတ္အေျခအေနနဲ႔ တပ္ျပန္႐ုပ္သိမ္းမႈေတြကို ႀကီးၾကပ္ခဲ့ရပါတယ္။

၂၀၁၆ ခုႏွစ္မွာေတာ့ စစ္ဗိုလ္ခ်ဳပ္ၾကီး Austin ဟာ အီရတ္-အာဖဂန္နစၥတန္ အေရွ႕အလယ္ပိုင္းေဒသ နဲ႔ ေတာင္အာရွေဒသေတြကိုႀကီးၾကပ္ရတဲ့ အေရွ႕အလယ္ပိုင္းေဒသဆိုင္ရာ အေမရိကန္စစ္ေရးကြပ္ကဲမႈဌာနခ်ဳပ္ အႀကီးအကဲ အျဖစ္ တာ၀န္ယူခဲ့ၿပီးေနာက္၊ တပ္ကေန အနားယူခဲ့ပါတယ္။

အရပ္ဘက္မွာေရာ၊ စစ္ေရးဘက္မွာပါ ထက္ျမက္ခိုင္မာတဲ့ေခါင္းေဆာင္မႈ အရည္အေသြးေတြရွိတယ္ဆိုၿပီး သူဟာ ခ်ီးမြန္းခံခဲ့ရပါတယ္။ အေမရိကန္ေတြ လိုအပ္တဲ့ စစ္ေရးေခါင္းေဆာင္မႈမ်ိဳး ရွိသူျဖစ္တယ္လို႔ သူ တပ္က အနားယူခ်ိန္မွာ သမၼတ အိုဘားမားက ထုတ္ေဖာ္ခ်ီးက်ဴးခဲ့ပါတယ္။

ဒါေပမဲ့လည္း ဆီးရီယားတပ္ကို သင္တန္းေပးဖို႔ ေဒၚလာသန္း ၅၀၀ အစီအစဥ္တခု မေအာင္မျမင္ျဖစ္ခဲ့တဲ့အေပၚမွာ ၂၀၁၅ ခုႏွစ္တုန္းက လႊတ္ေတာ္အမတ္ေတြရဲ႕ေ၀ဖန္ျပစ္တင္တာကို ခံခဲ့ရဖူးပါတယ္။ သူဟာ ၂၀၀၉ ခုႏွစ္ကေန ၂၀၁၀ ခုႏွစ္အထိ ပင္တဂြမ္ကာကြယ္ေရး၀န္ႀကီးဌာနရဲ႕ ပူးတဲြစစ္ဦးစီးခ်ဳပ္မ်ားအဖဲြ႕ ၫႊြန္ၾကားေရးမွဴးအျဖစ္တာ၀န္ယူခဲ့သလို၊ ၂၀၁၂ကေန ၂၀၁၃ ခုႏွစ္အထိ အေမရိကန္စစ္ဦးစီးခ်ဳပ္မ်ားအဖဲြ႕ရဲ႕ ဒုတိယအႀကီးအကဲအျဖစ္ တာ၀န္ယူခဲ့သူျဖစ္ပါတယ္။

အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး Lloyd Austin ေနာက္ေၾကာင္း
please wait

No media source currently available

0:00 0:02:04 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အငြိမ်းစားဗိုလ်ချုပ်ကြီး Lloyd Austin နောက်ကြောင်း

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်လိုက်တဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီး Lloyd Austin ဟာ လွှတ်တော်က အတည်ပြုခဲ့မယ်ဆိုရင် အမေရိကန်ရဲ့ ပထမဆုံး အာဖရိကန်နွယ် အမေရိကန် ကာကွယ်ရေးဝန်ကြီးအဖြစ် ပန်တဂွန်စစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့တောင်ဘက် အယ်လဘားမားပြည်နယ်မှာ ၁၉၅၃ ခုနှစ်က မွေးဖွားပြီး ဂျော်ဂျီယာမှာ ကြီးပြင်းခဲ့သူ Austin ဟာ West Point အမေရိကန် စစ်တက္ကသိုလ်ကနေ ၁၉၇၅ ခုနှစ်မှာ ကျောင်းပြီးခဲ့ပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်က Fort Bragg မှာ အခြေစိုက်တဲ့ အမှတ် ၈၂ လေထီးခုန်တပ်ရင်း တိုက်ခိုက်ရေးအကူ တပ်စိတ်မှာ ပထမဆုံးကြီးကြပ်ကွပ်ကဲခဲ့ရပြီး ရာထူးအဆင့်ဆင့်နဲ့ တပ်တွင်း နှစ် ၄၀ ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်ကြီး Austin ဟာ ၂၀၁၀ ကနေ ၂၀၁၁ အထိ အီရတ်စစ်အခြေစိုက်စခန်းမှာ စစ်ရေးကွပ်ကဲမှု အကြီးအကဲအဖြစ်တာဝန်ယူပြီး အမေရိကန်တပ်တွေ အီရတ်ထဲ ဝင်ရောက်သိမ်းပိုက်မှုအဆုံးသတ်အခြေအနေနဲ့ တပ်ပြန်ရုပ်သိမ်းမှုတွေကို ကြီးကြပ်ခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ စစ်ဗိုလ်ချုပ်ကြီး Austin ဟာ အီရတ်-အာဖဂန်နစ္စတန် အရှေ့အလယ်ပိုင်းဒေသ နဲ့ တောင်အာရှဒေသတွေကိုကြီးကြပ်ရတဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်စစ်ရေးကွပ်ကဲမှုဌာနချုပ် အကြီးအကဲ အဖြစ် တာဝန်ယူခဲ့ပြီးနောက်၊ တပ်ကနေ အနားယူခဲ့ပါတယ်။

အရပ်ဘက်မှာရော၊ စစ်ရေးဘက်မှာပါ ထက်မြက်ခိုင်မာတဲ့ခေါင်းဆောင်မှု အရည်အသွေးတွေရှိတယ်ဆိုပြီး သူဟာ ချီးမွန်းခံခဲ့ရပါတယ်။ အမေရိကန်တွေ လိုအပ်တဲ့ စစ်ရေးခေါင်းဆောင်မှုမျိုး ရှိသူဖြစ်တယ်လို့ သူ တပ်က အနားယူချိန်မှာ သမ္မတ အိုဘားမားက ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့လည်း ဆီးရီယားတပ်ကို သင်တန်းပေးဖို့ ဒေါ်လာသန်း ၅၀၀ အစီအစဉ်တခု မအောင်မမြင်ဖြစ်ခဲ့တဲ့အပေါ်မှာ ၂၀၁၅ ခုနှစ်တုန်းက လွှတ်တော်အမတ်တွေရဲ့ဝေဖန်ပြစ်တင်တာကို ခံခဲ့ရဖူးပါတယ်။ သူဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ပင်တဂွမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ညွှွန်ကြားရေးမှူးအဖြစ်တာဝန်ယူခဲ့သလို၊ ၂၀၁၂ကနေ ၂၀၁၃ ခုနှစ်အထိ အမေရိကန်စစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ဒုတိယအကြီးအကဲအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG