သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ကြန္ျမဴနစ္ပါတီ၀င္ေတြအေပၚ ကန္ျပည္၀င္ခြင္႔ ကန္႔သတ္မႈ တရုတ္ေ၀ဖန္


(Zawgyi/Unicode)

အေမရိကန္နိုင္ငံက တ႐ုတ္ ကြန္ျမဴနစ္ ပါတီ ဝင္ေတြအေပၚ ဗီဇာ ကန္႔သတ္ခ်က္ေတြ ခ်မွတ္တာဟာ တ႐ုတ္အေပၚ နိုင္ငံေရး ဖိႏွိပ္ေနတာေတြကို တိုးျမႇင့္ လုပ္ေဆာင္လိုက္တာ ျဖစ္တယ္လို႔ တ႐ုတ္နိုင္ငံက တုန္႔ျပန္ ေျပာၾကားပါတယ္။

“အေမရိကန္နိုင္ငံမွာ ရွိတဲ့ တ႐ုတ္ဆန္႔က်င္ေရး အစြန္းေရာက္ေနသူေတြက စစ္ေအးေခတ္က စိတ္ဓါတ္နဲ႔ တ႐ုတ္နိုင္ငံ အေပၚ နိုင္ငံေရး အရ ဖိႏွိပ္ေနတာကို ရွင္းရွင္းလင္းလင္းျမင္နိုင္ေၾကာင္း၊ အေျခအေနပိုဆိုးရြားေအာင္လုပ္တာကို တ႐ုတ္နိုင္ငံဆန္႔က်င္ေၾကာင္း” တ႐ုတ္ နိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Hua Chunying က ၾကာသပေတးေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

ဗီဇာကန္႔သတ္လိုက္တာက အေမရိကန္တို႔ရဲ့ အက်ိဳးစီးပြားနဲ႔လည္း မကိုက္ညီဘူးလို႔ Hua Chunying ေျပာပါတယ္။

ၾကာသပေတးေန႔က ထုတ္ျပန္တဲ့ အေမရိကန္ နိုင္ငံျခားေရးဝန္ႀကီးဌာနရဲ့ ထုတ္ျပန္ခ်က္မွာေတာ့ တ႐ုတ္ ကြန္ျမဴနစ္ ပါတီရဲ႕ အႏၲရာယ္ရွိတဲ့ ဩဇာလႊမ္းမိုးမႈကို တြန္းလွန္ ကာကြယ္နိုင္ဖို႔ ဗီဇာ ကန္႔သတ္ရတာလို႔ ေျပာပါတယ္။

အေမရိကန္တို႔က တ႐ုတ္ကြန္ျမဴနစ္ပါတီဝင္ေတြနဲ႔ သူတို႔ရဲ့ မိသားစုဝင္ေတြကို တစ္ႀကိမ္ဝင္ခြင့္ ျပဳတဲ့ ဗီဇာသာ ထုတ္ေပးေတာ့မွာ ျဖစ္ၿပီး အဲဒီ ဗီဇာကလည္း တစ္လသက္တမ္းပဲ ရွိမွာပါ။

အရင္တုန္းက အကန္႔အသတ္မရွိ ဝင္ထြက္နိုင္သလို ဆယ္ႏွစ္ေလာက္အထိ သက္တမ္းရွိတဲ့ ဗီဇာေတြ ထုတ္ေပးခဲ့ဖူးပါတယ္။

အေမရိကန္တို႔ရဲ့ ေၾကညာခ်က္မွာ တ႐ုတ္ ကြန္ျမဴနစ္ ပါတီက သူ႔ရဲ့ ေအးဂ်င့္ေတြကို ေစလႊတ္ၿပီး အေမရိကန္နိုင္ငံအတြင္း ေက်ာင္းတက္၊ အလုပ္လုပ္ေနတဲ့ တ႐ုတ္ နိုင္ငံ သားေတြကို ေစာင့္ၾကည့္တာေတြ ေႏွာက္ယွက္တာေတြ လုပ္တယ္လို႔လည္း ပါရွိပါတယ္။

၂၀၁၉ ခုႏွစ္မွာ တ႐ုတ္ ကြန္ျမဴနစ္ ပါတီဝင္ေပါင္း ၉၂ သန္း ရွိတာေၾကာင့္ အေမရိကန္နိုင္ငံျခားေရးဌာနရဲ့ ကန္႔သတ္ခ်က္ေတြက သူတို႔ရဲ့ မိသားစုဝင္ေတြ အပါအဝင္ သန္းရာနဲ႔ခ်ီတဲ့ တ႐ုတ္ နိုင္ငံသားေတြ အေပၚ သက္ေရာက္မွာ ျဖစ္ပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္ ကမၻာ့ စီးပြားေရး အင္အားႀကီး ႏွစ္နိုင္အၾကား ကိစၥမ်ိဳးစုံမွာ သေဘာထား ကြဲလြဲမႈေတြ ရွိေနၿပီး တင္းမာမႈေတြ ျမင့္တက္ေနတာေၾကာင့္ ႏွစ္နိုင္ငံစလုံးက နိုင္ငံသားေတြ အေပၚမွာ ကန္႔သတ္မႈေတြ အျပန္အလွန္ ခ်မွတ္ေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............

တရုတ်ကွန်မြူနစ်ပါတီဝင်တွေအပေါ် ကန်ပြည်ဝင်ခွင့် ကန့်သတ်မှု တရုတ်ဝေဖန်

(Unicode)

အမေရိကန်နိုင်ငံက တရုတ် ကွန်မြူနစ် ပါတီ ဝင်တွေအပေါ် ဗီဇာ ကန့်သတ်ချက်တွေ ချမှတ်တာဟာ တရုတ်အပေါ် နိုင်ငံရေး ဖိနှိပ်နေတာတွေကို တိုးမြှင့် လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့ တရုတ်နိုင်ငံက တုန့်ပြန် ပြောကြားပါတယ်။

“အမေရိကန်နိုင်ငံမှာ ရှိတဲ့ တရုတ်ဆန့်ကျင်ရေး အစွန်းရောက်နေသူတွေက စစ်အေးခေတ်က စိတ်ဓါတ်နဲ့ တရုတ်နိုင်ငံ အပေါ် နိုင်ငံရေး အရ ဖိနှိပ်နေတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ကြောင်း၊ အခြေအနေပိုဆိုးရွားအောင်လုပ်တာကို တရုတ်နိုင်ငံဆန့်ကျင်ကြောင်း” တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Hua Chunying က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဗီဇာကန့်သတ်လိုက်တာက အမေရိကန်တို့ရဲ့ အကျိုးစီးပွားနဲ့လည်း မကိုက်ညီဘူးလို့ Hua Chunying ပြောပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တရုတ် ကွန်မြူနစ် ပါတီရဲ့ အန္တရာယ်ရှိတဲ့ ဩဇာလွှမ်းမိုးမှုကို တွန်းလှန် ကာကွယ်နိုင်ဖို့ ဗီဇာ ကန့်သတ်ရတာလို့ ပြောပါတယ်။

အမေရိကန်တို့က တရုတ်ကွန်မြူနစ်ပါတီဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို တစ်ကြိမ်ဝင်ခွင့် ပြုတဲ့ ဗီဇာသာ ထုတ်ပေးတော့မှာ ဖြစ်ပြီး အဲဒီ ဗီဇာကလည်း တစ်လသက်တမ်းပဲ ရှိမှာပါ။

အရင်တုန်းက အကန့်အသတ်မရှိ ဝင်ထွက်နိုင်သလို ဆယ်နှစ်လောက်အထိ သက်တမ်းရှိတဲ့ ဗီဇာတွေ ထုတ်ပေးခဲ့ဖူးပါတယ်။

အမေရိကန်တို့ရဲ့ ကြေညာချက်မှာ တရုတ် ကွန်မြူနစ် ပါတီက သူ့ရဲ့ အေးဂျင့်တွေကို စေလွှတ်ပြီး အမေရိကန်နိုင်ငံအတွင်း ကျောင်းတက်၊ အလုပ်လုပ်နေတဲ့ တရုတ် နိုင်ငံ သားတွေကို စောင့်ကြည့်တာတွေ နှောက်ယှက်တာတွေ လုပ်တယ်လို့လည်း ပါရှိပါတယ်။

၂၀၁၉ ခုနှစ်မှာ တရုတ် ကွန်မြူနစ် ပါတီဝင်ပေါင်း ၉၂ သန်း ရှိတာကြောင့် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ကန့်သတ်ချက်တွေက သူတို့ရဲ့ မိသားစုဝင်တွေ အပါအဝင် သန်းရာနဲ့ချီတဲ့ တရုတ် နိုင်ငံသားတွေ အပေါ် သက်ရောက်မှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ် ကမ္ဘာ့ စီးပွားရေး အင်အားကြီး နှစ်နိုင်အကြား ကိစ္စမျိုးစုံမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး တင်းမာမှုတွေ မြင့်တက်နေတာကြောင့် နှစ်နိုင်ငံစလုံးက နိုင်ငံသားတွေ အပေါ်မှာ ကန့်သတ်မှုတွေ အပြန်အလှန် ချမှတ်နေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG