သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္ဝမ္ကို ကန္ ဒ႐ုန္းယာဥ္ေရာင္းမယ့္ကိစၥ တ႐ုတ္တုန္႔ျပန္


ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin

(Zawgyi/Unicode)
ထိုင္ဝမ္စစ္တပ္ကို အေမရိကန္ ျပည္ေထာင္စုက ေမာင္းသူမဲ့ ဒ႐ုန္းယာဥ္ေတြ ေရာင္းခ်ဖို႔ ျပင္ဆင္ေနတဲ့ လုပ္ရပ္ဟာ ဆုိးရြားၿပီး မွားယြင္းတဲ့ အခ်က္ျပမႈမ်ဳိး ျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဗုဒၶဟူးေန႔က တုန္႔ျပန္လုိက္ ပါတယ္။

ျဖစ္ေပၚလာတဲ့ အေျခအေနေပၚမူတည္ၿပီး တ႐ုတ္ႏိုင္ငံကလည္း လိုအပ္သလို တရားဝင္ တုန္႔ျပန္သ ြားမယ္လို႔ ေဘဂ်င္းၿမဳိ႕ေတာ္မွာ လုပ္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ပုံမွန္ သတင္းစာရွင္းပဲြမွာ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Wang Wenbin က ေျပာ သြားတာပါ။

"ထိုင္ဝမ္ေဒသကို အေမရိကန္က လက္နက္ေတြ ေရာင္းခ်တဲ့ ကိစၥအေပၚ တ႐ုတ္ႏိုင္ငံရဲ႕ ရပ္တည္ခ်က္က ရွင္းလင္းမႈရွိၿပီး တသမတ္တည္းရွိေနပါတယ္။ ဒီလို လက္နက္ေရာင္းမယ့္ကိစၥဟာ One China Principle ေခၚ တ႐ုတ္တႏိုင္ငံထဲ ရွိတယ္ဆိုတဲ့ အယူအဆကို အတိအလင္းခ်ဳိးေဖါက္လိုက္တာ ျဖစ္တယ္လို႔ အေလးအနက္ ေျပာလိုပါတယ္။ ဒါဟာ တ႐ုတ္ျပည္တြင္းေရး ဝင္ေရာက္စြက္ဖက္ၿပီး တ႐ုတ္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ လုံၿခဳံေရးကို ျပင္းထန္စ ြာ ထိခိုက္ေစပါတယ္။".. လို ႔ Wang Wenbin က ေျပာသြားတာပါ။

ထိုင္ဝမ္စစ္တပ္ကို အေမရိကန္လုပ္ ေနာက္ဆုံးေခတ္ေပၚ ဒ႐ုန္းယာဥ္ ၄ စင္း - ေရာင္းခ်ဖို႔ အလားအလာရွိတဲ့ ကိစၥကို အေမရိကန္ႏိုင္ငံျခားေရးဌာနက ခြင့္ျပဳထားတဲ့အေၾကာင္း ေအာက္လႊတ္ေတာ္ကို တရားဝင္ အသိေပးထားတယ္လို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္က ႏိုဝင္ဘာ ၃ ရက္ အဂၤါေန႔က ေျပာပါတယ္။ ထိုင္ဝမ္ကို စစ္လက္နက္ ေရာင္းခ်ဖို႔ ေနာက္ဆုံးအဆင့္ ေရာက္လာရင္ တရုတ္အစိုးရက အခုထက္ ေဒါသ ျဖစ္လိမ့္မယ္လို႔ ဆိုပါတယ္။

တရုတ္အစိုးရကေတာ့ ထိုင္ဝမ္ဟာ သူတို႔ရဲ႕ပိုင္နက္ တခုသာ ျဖစ္တယ္ဆိုတဲ့ စဥ္းစားခ်က္မ်ဳိး အျမဲရွိၿပီး လိုအပ္ရင္ အင္အားသုံးၿပီး တရုတ္လက္ေအာက္ကို ျပန္သိမ္းသြင္းခ်င္ေနတာပါ။ ထိုင္ဝမ္ဟာ အေရးပါတဲ့ ဒီမုိကေရစီ တိုင္းျပည္တခုအျဖစ္ အေမရိကန္ဘက္က စဥ္းစားခ်က္ရွိၿပီး သူ႔ေဒသကုိ သူကိုယ္တုိင္ ကာကြယ္ေရးအတြက္ တရားဝင္ ေထာက္ပံ့မႈမ်ဳိး ေပးသင့္တယ္လို႔ ယူဆထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ထိုင်ဝမ်ကို ကန် ဒရုန်းယာဉ်ရောင်းမယ့်ကိစ္စ တရုတ်တုန့်ပြန်

(Unicode)
ထိုင်ဝမ်စစ်တပ်ကို အမေရိကန် ပြည်ထောင်စုက မောင်းသူမဲ့ ဒရုန်းယာဉ်တွေ ရောင်းချဖို့ ပြင်ဆင်နေတဲ့ လုပ်ရပ်ဟာ ဆိုးရွားပြီး မှားယွင်းတဲ့ အချက်ပြမှုမျိုး ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က တုန့်ပြန်လိုက် ပါတယ်။

ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး တရုတ်နိုင်ငံကလည်း လိုအပ်သလို တရားဝင် တုန့်ပြန်သ ွားမယ်လို့ ဘေဂျင်းမြို့တော်မှာ လုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန် သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Wang Wenbin က ပြော သွားတာပါ။

"ထိုင်ဝမ်ဒေသကို အမေရိကန်က လက်နက်တွေ ရောင်းချတဲ့ ကိစ္စအပေါ် တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်က ရှင်းလင်းမှုရှိပြီး တသမတ်တည်းရှိနေပါတယ်။ ဒီလို လက်နက်ရောင်းမယ့်ကိစ္စဟာ One China Principle ခေါ် တရုတ်တနိုင်ငံထဲ ရှိတယ်ဆိုတဲ့ အယူအဆကို အတိအလင်းချိုးဖေါက်လိုက်တာ ဖြစ်တယ်လို့ အလေးအနက် ပြောလိုပါတယ်။ ဒါဟာ တရုတ်ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ပြီး တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ပြင်းထန်စ ွာ ထိခိုက်စေပါတယ်။".. လို့ Wang Wenbin က ပြောသွားတာပါ။

ထိုင်ဝမ်စစ်တပ်ကို အမေရိကန်လုပ် နောက်ဆုံးခေတ်ပေါ် ဒရုန်းယာဉ် ၄ စင်း - ရောင်းချဖို့ အလားအလာရှိတဲ့ ကိစ္စကို အမေရိကန်နိုင်ငံခြားရေးဌာနက ခွင့်ပြုထားတဲ့အကြောင်း အောက်လွှတ်တော်ကို တရားဝင် အသိပေးထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က နိုဝင်ဘာ ၃ ရက် အင်္ဂါနေ့က ပြောပါတယ်။ ထိုင်ဝမ်ကို စစ်လက်နက် ရောင်းချဖို့ နောက်ဆုံးအဆင့် ရောက်လာရင် တရုတ်အစိုးရက အခုထက် ဒေါသ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရကတော့ ထိုင်ဝမ်ဟာ သူတို့ရဲ့ပိုင်နက် တခုသာ ဖြစ်တယ်ဆိုတဲ့ စဉ်းစားချက်မျိုး အမြဲရှိပြီး လိုအပ်ရင် အင်အားသုံးပြီး တရုတ်လက်အောက်ကို ပြန်သိမ်းသွင်းချင်နေတာပါ။ ထိုင်ဝမ်ဟာ အရေးပါတဲ့ ဒီမိုကရေစီ တိုင်းပြည်တခုအဖြစ် အမေရိကန်ဘက်က စဉ်းစားချက်ရှိပြီး သူ့ဒေသကို သူကိုယ်တိုင် ကာကွယ်ရေးအတွက် တရားဝင် ထောက်ပံ့မှုမျိုး ပေးသင့်တယ်လို့ ယူဆထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG