သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ခါးပတ္လမ္းကုိ တန္ျပန္မယ့္ ကန္ နဲ႔ ထုိင္၀မ္ရဲ႕ အေျခခံအေဆာက္အအုံအစီအစဥ္


ကန္ နဲ႔ ထုိင္၀မ္ရဲ႕ အေျခခံအေဆာက္အအုံအစည္းအေ၀း (စက္တင္ဘာလ ၃၀ ရက္ေန႔ ၂၀၂၀)

(Zawgyi/Unicode)

အင္ဒို-ပစိဖိတ္ေဒသနဲ႔ လက္တင္ အေမရိကန္ ေဒသေတြမွာ အေျခခံ အေဆာက္အအုံဆိုင္ရာ လုပ္ငန္း စီမံကိန္းေတြ တည္ေဆာက္ဖို႔ အေမရိကန္ ျပည္ေထာင္စုနဲ႔ ထိုင္ဝမ္တို႔ အတူ လက္တြဲ လုပ္ကိုင္ သြားမယ္လို႔ ႏွစ္ဘက္ တာဝန္ရွိသူေတြက ဗုဒၶဟူးေန႔က ေျပာပါတယ္။ အဲဒီေဒသေတြမွာ တ႐ုတ္နိုင္ငံက လုပ္ေဆာင္ေနတဲ့ အေျခခံ အေဆာက္အအုံဆိုင္ရာ လုပ္ငန္းေတြကို တန္ျပန္ဖို႔ ရည္ရြယ္တာလည္း ျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံကေန အာရွနဲ႔ အာရွအလြန္ ဥေရာပအထိ ခ်ိတ္ဆက္မယ့္ တ႐ုတ္တို႔ရဲ့ ခါးပတ္လမ္း စီမံကိန္းအေပၚ အေမရိကန္တို႔က အေတာ္ေလး သံသယဝင္ေနတာ ျဖစ္ၿပီး အဲဒီ စီမံကိန္းနဲ႔ တ႐ုတ္တို႔ ေႂကြးၿမီ ေထာက္ေခ်ာက္ဆင္ၿပီး သူ႔လက္ေအာက္ ဩဇာခံ ျဖစ္ ေအာင္လုပ္ေနတယ္လို႔ ယူဆထားတာပါ။

ၿမိဳ႕ေတာ္ တိုင္ေပမွာ ရွိတဲ့ အေမရိကန္ သံ႐ုံးက အေမရိကန္နဲ႔ထိုင္ဝမ္တို႔ရဲ့ အစီအစဥ္သစ္ဟာ ထြန္းသစ္စ နိုင္ငံေတြအတြက္ အရည္အေသြး ျပည့္ဝတဲ့ အေျခခံ အေဆာက္အအုံ တည္ေဆာက္ေရး အေထာက္အကူ ျပဳေစလိမ့္မယ္လို႔ ေျပာပါတယ္။

ထိုင္ဝမ္နိုင္ငံျခားေရးဝန္ႀကီး Joseph Wu ကေတာ့ ထိုင္ဝမ္နဲ႔ အေမရိကန္ဆက္ဆံေရး ေနာက္တဆင့္ကို ေရာက္ေနးၿပီလို႔ ေျပာ ပါတယ္။ ဒီ အစီအစဥ္က ထိုင္ဝမ္နိုင္ငံအတြက္ အေရွ႕ေတာင္အာရွနဲ႔ ေတာင္အာရွေဒသက နိုင္ငံေတြနဲ႔ စီးပြား ဆက္ဆံေရး တိုးျမႇင့္ဖို႔ ရည္ရြယ္သလို တ႐ုတ္အေပၚ မွီခိုေနရတာကို ေလၽွာ့ခ်ဖို႔လည္း ရည္ရြယ္ပါတယ္။

အစီအစဥ္ အေသးစိတ္နဲ႔ ရန္ပုံေငြ ပမာဏ ဘယ္ေလာက္ ရွိမလဲဆိုတာကိုေတာ့ ေလာေလာဆယ္ ေျပာၾကားတာ မရွိေသးပါဘူး။

အေမရိကန္ နဲ႔ ထိုင္ဝမ္ဘ႑ာေရး ဝန္ႀကီးဌာနတို႔အၾကား လုပ္ငန္းအဖြဲ႕ တစ္ရပ္ကို ထူေထာင္ဖို႔နဲ႔ နိုင္ငံပိုင္နဲ႔ ပုဂၢလိက လုပ္ငန္းေတြအၾကား ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္နိုင္ဖို႔ ရည္ရြယ္ထားတာပါ။

ဘ႑ာေရးနဲ႔ ေဈးကြက္တည္ေဆာက္ေရး အေျခခံ အေဆာက္အအုံ ခိုင္မာေရး မူေဘာင္ လို႔ နာမည္ေပးထားတဲ့ ဒီ အစီအစဥ္က အင္ဒို-ပစိဖိတ္ ေဒသမွာ ကုန္ပစၥည္း ေထာက္ပို႔မႈ ျဖစ္စဥ္ (supply chain) ကို ပိုအားေကာင္း လာေစမယ္လို႔ အေမရိကန္ တာဝန္ရွိသူ Brent Christensen က ေျပာပါတယ္။

လုပ္ငန္းအဖြဲ႕ရဲ့ အစည္းအေဝးကို လာမယ့္ ေဆာင္းဦေပါက္မွာ က်င္းပသြားမွာလို႔လည္း သူက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....

တရုတ်ခါးပတ်လမ်းကို တန်ပြန်မယ့် ကန် နဲ့ ထိုင်ဝမ်ရဲ့ အခြေခံအဆောက်အအုံအစီအစဉ်

(Unicode)

အင်ဒို-ပစိဖိတ်ဒေသနဲ့ လက်တင် အမေရိကန် ဒေသတွေမှာ အခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်း စီမံကိန်းတွေ တည်ဆောက်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်ဝမ်တို့ အတူ လက်တွဲ လုပ်ကိုင် သွားမယ်လို့ နှစ်ဘက် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ အဲဒီဒေသတွေမှာ တရုတ်နိုင်ငံက လုပ်ဆောင်နေတဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ လုပ်ငန်းတွေကို တန်ပြန်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံကနေ အာရှနဲ့ အာရှအလွန် ဥရောပအထိ ချိတ်ဆက်မယ့် တရုတ်တို့ရဲ့ ခါးပတ်လမ်း စီမံကိန်းအပေါ် အမေရိကန်တို့က အတော်လေး သံသယဝင်နေတာ ဖြစ်ပြီး အဲဒီ စီမံကိန်းနဲ့ တရုတ်တို့ ကြွေးမြီ ထောက်ချောက်ဆင်ပြီး သူ့လက်အောက် ဩဇာခံ ဖြစ် အောင်လုပ်နေတယ်လို့ ယူဆထားတာပါ။

မြို့တော် တိုင်ပေမှာ ရှိတဲ့ အမေရိကန် သံရုံးက အမေရိကန်နဲ့ထိုင်ဝမ်တို့ရဲ့ အစီအစဉ်သစ်ဟာ ထွန်းသစ်စ နိုင်ငံတွေအတွက် အရည်အသွေး ပြည့်ဝတဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အထောက်အကူ ပြုစေလိမ့်မယ်လို့ ပြောပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu ကတော့ ထိုင်ဝမ်နဲ့ အမေရိကန်ဆက်ဆံရေး နောက်တဆင့်ကို ရောက်နေးပြီလို့ ပြော ပါတယ်။ ဒီ အစီအစဉ်က ထိုင်ဝမ်နိုင်ငံအတွက် အရှေ့တောင်အာရှနဲ့ တောင်အာရှဒေသက နိုင်ငံတွေနဲ့ စီးပွား ဆက်ဆံရေး တိုးမြှင့်ဖို့ ရည်ရွယ်သလို တရုတ်အပေါ် မှီခိုနေရတာကို လျှော့ချဖို့လည်း ရည်ရွယ်ပါတယ်။

အစီအစဉ် အသေးစိတ်နဲ့ ရန်ပုံငွေ ပမာဏ ဘယ်လောက် ရှိမလဲဆိုတာကိုတော့ လောလောဆယ် ပြောကြားတာ မရှိသေးပါဘူး။

အမေရိကန် နဲ့ ထိုင်ဝမ်ဘဏ္ဍာရေး ဝန်ကြီးဌာနတို့အကြား လုပ်ငန်းအဖွဲ့ တစ်ရပ်ကို ထူထောင်ဖို့နဲ့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက လုပ်ငန်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ထားတာပါ။

ဘဏ္ဍာရေးနဲ့ ဈေးကွက်တည်ဆောက်ရေး အခြေခံ အဆောက်အအုံ ခိုင်မာရေး မူဘောင် လို့ နာမည်ပေးထားတဲ့ ဒီ အစီအစဉ်က အင်ဒို-ပစိဖိတ် ဒေသမှာ ကုန်ပစ္စည်း ထောက်ပို့မှု ဖြစ်စဉ် (supply chain) ကို ပိုအားကောင်း လာစေမယ်လို့ အမေရိကန် တာဝန်ရှိသူ Brent Christensen က ပြောပါတယ်။

လုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးကို လာမယ့် ဆောင်းဦပေါက်မှာ ကျင်းပသွားမှာလို့လည်း သူက ပြောပါတယ်။

XS
SM
MD
LG