သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြ်န္းအနီး ပ်ံသန္းေနတဲ့ တ႐ုတ္ဂ်က္ေလယာဥ္ေတြနဲ႔အၿပိဳင္ ထိုင္ဝမ္ တိုက္ေလယာဥ္ေတြ အစြမ္းျပ


ထုိင္ဝမ္ F-16 တုိက္ေလယာဥ္တစီး။ (စက္တင္ဘာ ၁၆၊ ၂၀၁၄)

(Zawgyi / Unicode)

ထိုင္ဝမ္ေရလက္ၾကားရဲ႕ အကဲဆတ္တဲ့ အလယ္မ်ည္းကို ျဖတ္ၿပီး တ႐ုတ္ႏိုင္ငံ ေလယာဥ္အုပ္စုတစု စေနေန႔တုန္းက ခ်ဥ္းကပ္ဝင္လာတဲ့အတြက္ ထိုင္ဝမ္ ဂ်က္တိုက္ေလယာဥ္ေတြ အေရးေပၚပ်ံသန္းျပခဲ့ၿပီး တ႐ုတ္ေလယာဥ္ေတြ ျပန္ထြက္သြားဖို႔ တ႐ုတ္အစိုးရကို ထိုင္ဝမ္က ေတာင္းဆိုခဲ့ပါတယ္။

မေန႔ကထက္ တစင္းပိုတဲ့ ၁၉ စင္းပါ တ႐ုတ္ေလယာဥ္အုပ္စုဟာ ထိုင္ဝမ္ေရလက္ၾကား ထက္ဝက္ကို ျဖတ္ေက်ာ္ၿပီး အေနာက္ေတာင္ဘက္က ကာကြယ္ေရးဆိုင္ရာ သတ္မွတ္နယ္ေျမထဲကို ဝင္ေရာက္ခဲ့တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

တ႐ုတ္ႏုိင္ငံဘက္ကေတာ့ ထိုင္ဝမ္ဟာ သူတို႔ပိုင္နက္ျဖစ္တယ္ဆိုၿပီး သူ႔ရဲ႕ တိုက္ေလယာဥ္ေတြ၊ ဗုံးႀကဲေလယာဥ္နဲ႔ Y-8 ေရငုပ္သေဘၤာဖ်က္ ေလယာဥ္ေတြကို ေစလႊတ္ခဲ့တာပါ။ ဒါေပမယ့္ တ႐ုတ္ေလယာဥ္ေတြဟာ ထိုင္ဝမ္ကၽြန္းကို ျဖတ္ေက်ာ္ ပ်ံသန္းသြားတာမ်ဳိးေတာ့ မရွိခဲ့ဘူးလို႔ ထိုင္ဝမ္ ကာကြယ္ေရးဌာနက ဆိုပါတယ္။

တ႐ုတ္ေလယာဥ္ေတြ ခ်ဥ္းကပ္လာတဲ့ အခုလုိျဖစ္ရပ္မ်ဳိး ဒီႏွစ္ထဲမွာ မၾကာခဏ ျဖစ္ခဲ့တာေၾကာင့္ ထိုင္ဝမ္က အႀကိမ္ႀကိမ္ ေစာဒကတက္ခဲ့ၿပီး သူ႔ရဲ႕ F-16 တိုက္ေလယာဥ္ေတြနဲ႔ ၾကားျဖတ္ ဟန္႔တားခဲ့ရပါတယ္။

တ႐ုတ္ႏုိင္ငံက ကုလသမဂၢမွာ ပါဝင္ရတဲ့ ၿငိမ္းခ်မ္းေရးတပ္အတြက္ ထိုင္ဝမ္ေရလက္ၾကားနားမွာ စစ္ေရးေလ့က်င့္မႈ လုပ္ခဲ့တာပါလုိ႔ တ႐ုတ္တို႔က ေသာၾကာေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာခဲ့ၿပီး သူတို႔အေခၚ အေမရိကန္နဲ႔ ထိုင္ဝမ္ ပူးေပါင္းလိမ္လည္မႈေတြ ဆိုတာနဲ႔ပတ္သက္လို႔ ႐ႈတ္ခ်ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကျွန်းအနီး ပျံသန်းနေတဲ့ တရုတ်ဂျက်လေယာဉ်တွေနဲ့အပြိုင် ထိုင်ဝမ် တိုက်လေယာဉ်တွေ အစွမ်းပြ

ထိုင်ဝမ်ရေလက်ကြားရဲ့ အကဲဆတ်တဲ့ အလယ်မျည်းကို ဖြတ်ပြီး တရုတ်နိုင်ငံ လေယာဉ်အုပ်စုတစု စနေနေ့တုန်းက ချဉ်းကပ်ဝင်လာတဲ့အတွက် ထိုင်ဝမ် ဂျက်တိုက်လေယာဉ်တွေ အရေးပေါ်ပျံသန်းပြခဲ့ပြီး တရုတ်လေယာဉ်တွေ ပြန်ထွက်သွားဖို့ တရုတ်အစိုးရကို ထိုင်ဝမ်က တောင်းဆိုခဲ့ပါတယ်။

မနေ့ကထက် တစင်းပိုတဲ့ ၁၉ စင်းပါ တရုတ်လေယာဉ်အုပ်စုဟာ ထိုင်ဝမ်ရေလက်ကြား ထက်ဝက်ကို ဖြတ်ကျော်ပြီး အနောက်တောင်ဘက်က ကာကွယ်ရေးဆိုင်ရာ သတ်မှတ်နယ်မြေထဲကို ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ထိုင်ဝမ်ဟာ သူတို့ပိုင်နက်ဖြစ်တယ်ဆိုပြီး သူ့ရဲ့ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်နဲ့ Y-8 ရေငုပ်သင်္ဘောဖျက် လေယာဉ်တွေကို စေလွှတ်ခဲ့တာပါ။ ဒါပေမယ့် တရုတ်လေယာဉ်တွေဟာ ထိုင်ဝမ်ကျွန်းကို ဖြတ်ကျော် ပျံသန်းသွားတာမျိုးတော့ မရှိခဲ့ဘူးလို့ ထိုင်ဝမ် ကာကွယ်ရေးဌာနက ဆိုပါတယ်။

တရုတ်လေယာဉ်တွေ ချဉ်းကပ်လာတဲ့ အခုလိုဖြစ်ရပ်မျိုး ဒီနှစ်ထဲမှာ မကြာခဏ ဖြစ်ခဲ့တာကြောင့် ထိုင်ဝမ်က အကြိမ်ကြိမ် စောဒကတက်ခဲ့ပြီး သူ့ရဲ့ F-16 တိုက်လေယာဉ်တွေနဲ့ ကြားဖြတ် ဟန့်တားခဲ့ရပါတယ်။

တရုတ်နိုင်ငံက ကုလသမဂ္ဂမှာ ပါဝင်ရတဲ့ ငြိမ်းချမ်းရေးတပ်အတွက် ထိုင်ဝမ်ရေလက်ကြားနားမှာ စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တာပါလို့ တရုတ်တို့က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီး သူတို့အခေါ် အမေရိကန်နဲ့ ထိုင်ဝမ် ပူးပေါင်းလိမ်လည်မှုတွေ ဆိုတာနဲ့ပတ်သက်လို့ ရှုတ်ချခဲ့ပါတယ်။

XS
SM
MD
LG