သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္၀မ္ေရလက္ၾကား ကေနဒါစစ္သေဘၤာ ေစလႊတ္မႈ


လြန္ခဲ့တဲ့ ၃ လအတြင္း ကေနဒါေရတပ္က စစ္သေဘၤာ ၂ စင္း ထိုင္၀မ္ ေရလက္ၾကားကို ျဖတ္ေက်ာ္ ခုတ္ေမာင္းခဲ့မႈဟာ ကေနဒါအေနနဲ႕ အေမရိကန္ ျပည္ေထာင္စုဘက္က ရပ္တည္ျပီး တရုတ္ႏုိ္င္ငံကို ဆန္႔က်င္တာကို ျပသလိုတာျဖစ္တယ္လို႔ ေလ့လာသူေတြက သုံးသပ္ၾကပါတယ္။

အေမရိကန္ ေရတပ္သေဘၤာေတြကေတာ့ ၂၀၁၈ ခုႏွစ္လယ္က စလို႔ တရုတ္နဲ႔ ထိုင္၀မ္ၾကား စစ္မီးပြား စေတာက္ရာ ေနရာျဖစ္ႏုိင္တဲ့ ထုိင္၀မ္ ေရလက္ၾကားထဲ ၁၀ ႀကိမ္ ျဖတ္ေက်ာ္ ခုတ္ေမာင္းခဲ့ျပီျဖစ္ပါတယ္။ ထိုင္၀မ္ကို ေထာက္ခံတာ ျပသလိုတာနဲ႔ တရုတ္ကို သတိေပးတဲ့အေနနဲ႔ အခုလို ခုတ္ေမာင္းတာျဖစ္ပါတယ္။

အဂၤါေန႔ကေတာ့ ကေနဒါ ေရတပ္က ဖရီးဂတ္သေဘၤာ HMCS Ottawa ဟာ ထုိင္၀မ္ ေရလက္ၾကားကို ျဖတ္ေက်ာ္ခုတ္ေမာင္းခဲ့ပါတယ္။ အေရွ႕ေျမာက္အာရွက ေျမာက္ကိုရီးယားအေပၚ ကုလသမဂၢက ခ်မွတ္ထားတဲ့ အေရးယူ ပိတ္ဆို႔မႈကို ေစာင့္ၾကည့္ ဖို႔နဲ႕ အေရွ႕ေတာင္အာရွ ေဒသကို ကူညီရာမွာ ဒီ လမ္းေၾကာင္းဟာ အတိုဆုံး ျဖစ္တယ္လို႔လ ကေနဒါ အမ်ိဳးသား ကာကြယ္ေရး ၀န္ၾကီးဌာနက ဗီြအိုေအကို ေျပာပါတယ္။ဖရီးဂတ္ သေဘၤာ ေနာက္တစ္စင္းျဖစ္တဲ့ HMCS Regian ဟာလည္း ဇြန္လအတြင္း ဒီ လမ္းေၾကာင္း ကိုပဲ အသုံးျပဳခဲ့တာပါ။

ထုိင္၀မ္ အနား ကေနဒါ စစ္သေဘၤာေတြ သြားလာမႈေၾကာင့္ ကေနဒါႏုိ္င္ငံဟာ လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္းက ထိုင္၀မ္ေရလက္ၾကား ဒါမွမဟုတ္ ေတာင္တရုတ္ပင္လယ္အတြင္း ေစလႊတ္မႈတဲ့ အေနာက္တိုင္းႏုိ္င္ငံ အုပ္စုအထဲ ပါ၀င္လာခဲ့ျပီျဖစ္ပါတယ္။

ၾသစေၾတးလ်၊ ျဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ပန္ႏုိင္ငံေတြဟာ အေမရိကန္ ေရတပ္ရဲ႕ လြတ္လပ္စြာ ေရေၾကာင္း သြားလာေရး စီမံခ်က္ထဲ့ ပါ၀င္ျပီး ေတာင္တရုတ္ပင္လယ္ထဲ ေရတပ္ စစ္သေဘၤာေတြ ေစလႊတ္ခဲ့ပါတယ္။

တရုတ္ႏုိ္င္ငံဟာ စတုရန္း ကီလိုမီတာ ၃.၅ သန္း က်ယ္၀န္းျပီး အရင္းအျမစ္ ၾကြယ္၀တဲ့ ေတာင္တရုတ္ပင္လယ္ရဲ႕ ၉၀ ရာခိုင္ႏွဳန္းကို သူ ပိုင္ဆိုင္ေၾကာင္း ေၾကညာထားခဲ့ပါတယ္။

..................

[Unicode Version]

လွန်ခဲ့တဲ့ ၃ လအတွင်း ကနေဒါရေတပ်က စစ်သင်္ဘော ၂ စင်း ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ကျော် ခုတ်မောင်းခဲ့မှုဟာ ကနေဒါအနေနဲ့ အမေရိကန် ပြည်ထောင်စုဘက်က ရပ်တည်ပြီး တရုတ်နိုင်ငံကို ဆန့်ကျင်တာကို ပြသလိုတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အမေရိကန် ရေတပ်သင်္ဘောတွေကတော့ ၂၀၁၈ ခုနှစ်လယ်က စလို့ တရုတ်နဲ့ထိုင်ဝမ်ကြား စစ်မီးပွား စတောက်ရာ နေရာဖြစ်နိုင်တဲ့ ထိုင်ဝမ် ရေလက်ကြားထဲ ၁၀ ကြိမ် ဖြတ်ကျော် ခုတ်မောင်းခဲ့ပြီဖြစ်ပါတယ်။ ထိုင်ဝမ်ကို ထောက်ခံတာ ပြသလိုတာနဲ့ တရုတ်ကို သတိပေးတဲ့အနေနဲ့ အခုလို ခုတ်မောင်းတာဖြစ်ပါတယ်။

အင်္ဂါနေ့ကတော့ ကနေဒါ ရေတပ်က ဖရီးဂတ်သင်္ဘော HMCS Ottawa ဟာ ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ကျော်ခုတ်မောင်းခဲ့ပါတယ်။ အရှေ့မြောက်အာရှက မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုကို စောင့်ကြည့် ဖို့နဲ့ အရှေ့တောင်အာရှ ဒေသကို ကူညီရာမှာ ဒီ လမ်းကြောင်းဟာ အတိုဆုံး ဖြစ်တယ်လို့လ ကနေဒါ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာနက ဗွီအိုအေကို ပြောပါတယ်။ဖရီးဂတ် သင်္ဘော နောက်တစ်စင်းဖြစ်တဲ့ HMCS Regian ဟာလည်း ဇွန်လအတွင်း ဒီ လမ်းကြောင်း ကိုပဲ အသုံးပြုခဲ့တာပါ။

ထိုင်ဝမ် အနား ကနေဒါ စစ်သင်္ဘောတွေ သွားလာမှုကြောင့် ကနေဒါနိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်းက ထိုင်ဝမ်ရေလက်ကြား ဒါမှမဟုတ် တောင်တရုတ်ပင်လယ်အတွင်း စေလွှတ်မှုတဲ့ အနောက်တိုင်းနိုင်ငံ အုပ်စုအထဲ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။
သြစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျပန်နိုင်ငံတွေဟာ အမေရိကန် ရေတပ်ရဲ့ လွတ်လပ်စွာ ရေကြောင်း သွားလာရေး စီမံချက်ထဲ့ ပါဝင်ပြီး တောင်တရုတ်ပင်လယ်ထဲ ရေတပ် စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ စတုရန်း ကီလိုမီတာ ၃.၅ သန်း ကျယ်ဝန်းပြီး အရင်းအမြစ် ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ရဲ့ ၉၀ ရာခိုင်နှုန်းကို သူ ပိုင်ဆိုင်ကြောင်း ကြေညာထားခဲ့ပါတယ်။

ထိုင္၀မ္ေရလက္ၾကား ကေနဒါစစ္သေဘၤာ ေစလႊတ္မႈ
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG