သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်မှာ ပြင်းအား ၆.၄ ငလျင်လှုပ် လူ ၂ ဦး သေဆုံး


Hualien City, Taiwan
Hualien City, Taiwan

ထိုင်ဝမ်မှာ ပြင်းအား ၆.၄ ပမာဏရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် ၂ ဦးသေဆုံးပြီး လူ ၂၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်း အရှေ့ဖက်ကမ်းရိုးတန်းကနေ ကီလိုမီတာ ၂၀ လောက်အကွာမှာ ဗဟိုပြုတဲ့ ငလျင်ဟာ အင်္ဂါနေ့ ည သန်းကောင်ယံ မတိုင်ခင်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Hualien မြို့က Marshal ဟော်တယ် မြေအောက်ထပ်မှာ ရောက်နေတဲ့ ဟော်တယ် ဝန်ထမ်းတဦးသေဆုံးခဲ့ရသလို လူနေအိမ်ယာ အဆောက်အဦး တခုမှာ နေထိုင်သူ တဦးလည်း သေဆုံးခဲ့ရတယ်လို့ တိုင်ဝမ်အမျိုးသား မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

အောက်ခြေကနေ ရွေ့သွားတဲ့ အဆောက်အဦးတွေမှာ နေထိုင်သူတွေကို ကယ်ဆယ်ရေး လုပ်သားတွေက လှေခါးတွေ၊ ကြိုးတွေ၊ ကရိန်းကားတွေနဲ့ ကယ်ထုတ်ခဲ့ရပါတယ်။ အဆောက်အဦး အများအပြား ဆိုးဆိုးဝါးဝါး ပျက်စီးကုန်တဲ့ထဲမှာ ဆေးရုံတရုံလည်း ပါတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

အဝေးပြေးလမ်းမကြီးတွေ တံတားတွေကိုလည်း ပိတ်ထားရသလို လူနေအိမ်ပေါင်း ၄ သောင်းလောက်ဟာ အခုအခါမှာ သောက်သုံးရေမရှိပဲ နေနေရပါတယ်။ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နေတဲ့အတွက် ကြောက်လန့်နေတဲ့ ဒေသခံတွေဟာ အခုဆို ဘေ့စ်ဘော ကစားကွင်း အသစ်ကြီးတခု အပါအဝင် ဘေးကင်းတဲ့ ခိုလှုံရာ နေရာတွေကို ရွှေ့ပြောင်းနေကြပါတယ်။ အဲဒီမှာ အိပ်စရာနဲ့ ပူနွေးတဲ့ အစားသောက်တွေ ဝေပေးပါတယ်။

Hualien မြို့မှာ ဒေသခံ တသိန်းလောက် နေထိုင်ပြီး အဲဒီမြို့ဟာ နိုင်ငံခြားခရီးသွားတွေ အများအပြား လာရောက်တဲ့ နေရာ ဖြစ်ပါတယ်။

တိုင်ဝမ်ကျွန်းဟာ မြေထုချပ်ကြီး ၂ ချပ်ဆုံရာ နေရာနားမှာ တည်ရှိတဲ့အတွက် ငလျင်ဒဏ် မကြာမကြာခံရလေ့ ရှိပါတယ်။ အခု ငလျင်လှုပ်တာဟာ အရင် လူပေါင်း ၁၁၇ ကျော် သေဆုံးခဲ့ရတဲ့ ၆.၄ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခဲ့တဲ့ ဒုတိယမြောက် နှစ်ပါတ်လည် နေ့လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG