သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်တော်ဆေးခန်းကို ထိုင်ဝမ်အစိုးရ ဆက်ထောက်ပံ့မည်


 ပုံ- မယ်တောဆေးခန်းကို အကူညီပေးဖို့အတွက်
ထိုင်းဝမ် (TECO)ကတာဝန်ရှိသူတွေနဲ့ ဒေါက်တာစင်သီယာမောင်တို့ MOU လက်မှတ်ထိုးနေကြပုံ (မယ်တော်ဆေးခန်း)
ပုံ- မယ်တောဆေးခန်းကို အကူညီပေးဖို့အတွက် ထိုင်းဝမ် (TECO)ကတာဝန်ရှိသူတွေနဲ့ ဒေါက်တာစင်သီယာမောင်တို့ MOU လက်မှတ်ထိုးနေကြပုံ (မယ်တော်ဆေးခန်း)

ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးပညာရေးနဲ့ ကလေးကာကွယ်စောင့်ရှောက်မူတွေလုပ်နေတဲ့ မယ်တော်ဆေးခန်းအနေနဲ့နိုင်ငံတကာရဲအကူညီလျော့ ချခံနေရချိန်မှာ ထိုင်ဝမ်အစိုးရက ဆက်ပြီး အကူညီတွေ ပေးနေပါတယ်။ ထိုင်ဝမ်အစိုးရရဲ့ ထာက်အပံ့နဲ့ the Taipei Economic and Cultural Representative Office (TECO)ကနေ ထိုင်းမြန်မာနယ်စပ်အခြေစိုက်ထားတဲ့မယ်တော်ဆေးခန်းမှာ လမ်းတွေ အဆောက်အဦးတွေနဲ့ဆေးဝါးပစ္စည်းဆိုင်ရာအကူညီတွေ ပေးနေတာပါ။ VOA ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အစိုးရ တက်လာပြီး အပြောင်းအလဲတွေဖြစ်လာတယ်ဆိုပြီး နယ်စပ်တွေမှာ နိုင်ငံတကာရဲ့ အကူညီတွေလျော့ချပစ်လိုက်တဲ့ အတွက်ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားရေးလုပ်တဲ့ အဖွဲ့အစည်းတွေ အခက်အခဲတွေ ကြုံနေရတဲ့အထဲမှာ ထိုင်းမြန်မာနယ်စပ်မှာ ပညာရေး ကျန်းမာရေးကို လုပ်နေတဲ့ မယ်တော်ဆေးခန်းလည်း ပါဝင်တာပါ။ ဒါပေမဲ့ ထိုင်ဝမ်အစိုးရရဲ့ အကူညီနဲ့ တချို့ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းတချို့ရရှိခဲ့တယ်လို့ မယ်တော်ဆေးခန်ကို တည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကပြောပါတယ်။

"ထိုင်ဝမ် Economic and Cultural Representative Office (TECO) ပေါ့ ထိုင်ဝမ်အစိုးရဲ့ရန်ပုံငွေပဲပေါ့။ ၂၀၁၁ကနေ ကလေးဘော်ဒါဆောင်အတွက် သန်းရှင်းရေးပစ္စည်းတွေကျောင်း ကျန်းမာရေးနဲ့ ပတ်သက်တဲ့သန့် ရှင်းရေးပစ္စည်းတွေကူညီတယ်ပေါ့။ ၂၀၁၄မှာတော့ မျိုးဆက်ပွားကျန်းမာရေးရဲ့ဌာနရဲ့ ပြင်ပလူနာဆောင်အဆောက်အဦးကို ကူညီတယ်။ ပစ္စည်းကရိယာတွေပေါ့ သွားဖွားခန်းမှာ လိုအပ်တဲ့ဆေးခန်းအသစ်ရွှေ့တဲ့အချိန်မှာလိုအပ်တဲ့ ဆေးရုံသုံးပစ္စည်းတွေကူညီတယ်။ ၂၀၁၇မှာတေ့ာဆေးရုံသုံးပစ္စည်းတွေသိုလှောင်တဲ့ အဆောက်အဦးကို ကူညီတယ်။ ဆိုလာတွေကူညီတယ် ဒုက္ခသည်စခန်းမှာတော့အဟာရနဲ့ ပတ်သက်တာတွေ ကူညီတာရှိတယ်"

ထိုင်ဝမ်အစိုးရဟာ ထိုင်နိုင်ငံသားတွေကိုလည်း ပညာသင်ဆုေတွေပေးတာရှိပါတယ်။ ဒီအတွက် နယ်စပ်က ထိုင်းနိုင်ငံသားအဖြစ် ရရှိထားတဲ့မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုကလေးတွေအတွက် လည်း ပညာသင်ဆုတွေလျောက်ထားနိုင်ပါတယ်။ Taiwan foundation for Democracy လို့ခေါ်တဲ့ လွတ်လပ်တဲ့ လူအခွင့်ရေးကော်မရှင်လိုမျိုးအဖွဲ့ ကနေ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်ကို ၂၀၀၈ခုနှစ်က လူအခွင့်ရေးဆုပေးခဲ့သလို ၂၀၁၃ခုနှစ်လောက်ကလည်း ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ လူမူရေးအဖွဲ့တခုကလေည်း လူမူရေးနဲ့ ဆိုင်တဲ့ဆုကိုပေးခဲ့တာပါ။

ဒီအတွက် ထိုင်ဝမ်အစိုးရအကူညီတွေဟာ နယ်စပ်နေပြည်သူတွေအတွက် အခက်အခဲတွေဖြစ်နေချိန်မှာ အများကြီးအထောက်အကူဖြစ်ခဲ့တယ်လို့ ဒေါက်တာစင်သီယာမောင်ကဆိုပါတယ်။ မယ်တော်ဆေးခန်းကိုတော့ အများဆုံး အကူညီအဖြစ် ၂၀၁၄ခုနှစ်ထဲမှာ အမေရိကန် ဒေါ်လာ ၈သောင်းကူညီခဲ့သလို ၂၀၁၇ခုနှစ်ထဲမှာတော့ဆေးပစ္စည်းသိုလှောင်ရုံတွေနဲ့ ကားပါကင်တွေနဲ့ မယ်တော်ဆေးခန်းတခုလုံးရဲ့ လျပ်စစ်မီးရရှိရေးမှာ၂၀ရာခိုင်နှုံးလောက်ကို အထောက်အကူဖြစ်တဲ့ ဆိုလာစနစ်တွေအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာငွေတသိန်းကို အကူညီပေးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG