သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ထိုင်ဝမ် ဆက်ဆံရေး တိုးမြှင့်


ထိုင်ဝမ်သမ္မတဟာ အခုသီတင်းပတ်အတွင်း Los Angeles မြို့ကို ရောက်နေပြီး ဒါဟာ ၁၅ နှစ်အတွင်း ထိုင်ဝမ် သမ္မတ တဦးအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ် အများပြည်သူရှေ့မှာ စကား ပြောကြားခြင်း ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်နဲ့ ထိုင်ဝမ်အကြား ဆက်ဆံရေး တိုးတက်လာတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတ Tsai Ing-Wen ဟာ အမေရိကန် လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး တနင်္လာနဲ့ အင်္ဂါနေ့တွေမှာလည်း ထိုင်ဝမ်နွယ်ဖွား အမေရိကန်နိုင်ငံသားတွေနဲ့ တွေ့ဆုံတာကြောင့် တရုတ်အစိုးရရဲ့ တရားဝင် ကန့်ကွက်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တရုတ်တို့က ထိုင်ဝမ်ကျွန်းဟာ ပြည်မကြီးက ခွဲထွက်သွားတဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားတာပါ။

အမေရိကန် အစိုးရထဲက ရာထူးကြီးငယ်မရွေး အရာရှိတွေ ထိုင်ဝမ်ကို တရားဝင် သွားရောက်ခွင့်နဲ့ ထိုင်ဝမ်က အဆင့်မြင့် အရာရှိတွေ အမေရိကန်ကို လာရောက်ကို လာရောက်ခွင့်ပြုတဲ့ ထိုင်ဝမ် ခရီးသွားခွင့်ဆိုင်ရာ ဥပဒေကို အမေရိကန်လွှတ်တော်က အခုနှစ်အတွင်း တညီတညွတ်ထဲ အတည်ပြု ပြဌာန်းလိုက်ပြီးတဲ့နောက် တရုတ်နဲ့ အမေရိကန်အကြား သဘောထား ကွဲပြားမှုတွေ ကြီးထွားလာပါတယ်။

သမ္မတ Tsai Ing-Wen အခုလာရောက်တဲ့ ခရီးစဉ်ဟာ အဲဒီ ခရီးသွားခွင့် ဥပဒေကို သမ္မတ Donald Trump က လက်မှတ်ထိုး အတည်ပြုပြီး နောက်ပိုင်း ပထမဆုံး လာရောက်ခြင်းဖြစ်ပြီး နှစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့် လုပ်ဆောင်ရေး အမေရိကန် လွှတ်တော် အမတ်တွေရဲ့ ထောက်ခံ အားပေးမှုတွေလည်း ရှိနေပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မီတီ ဒုဥက္ကဋ္ဌ Brad Sherman ကတော့ - သူ့အနေနဲ့ ထိုင်ဝမ်သမ္မတကို အနာဂတ်မှာ ဝါရှင်တန်ကို ဖိတ်ကြားလိုကြောင်း ဗွီအိုအေကို ပြောပါတယ်။

ကန် ထိုင်ဝမ် ဆက်ဆံရေး တိုးမြှင့်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG