သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ထိုင်ဝမ် ဆက်ဆံရေး အကောင်းဆုံးအချိန် ရောက်ရှိ


 တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu 
 တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu 

တိုင်ဝမ်နဲ့ အမေရိကန်ဆက်ဆံရေးဟာ ကြုံခဲ့သမျှထဲမှာ အကောင်းဆုံးအဆင့်ကို ရောက်နေတယ်လို့ တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Joseph Wu က၊ အမေရိကန်နဲ့ တရားဝင်ဆက်ဆံရေး မရှိထားပေမဲ့၊ အမေရိကန်အနေနဲ့ နိုင်ငံတကာအရေးတွေမှာ တိုင်ဝမ်အစိုးရရဲ့ အခန်းကဏ္ဍကို တန်ဖိုးထားအသိအမှတ်ပြုထားတယ်လို့၊ ဒီနေ့ ပြောလိုက်ပါတယ်။

တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Wu က အမေရိကန်နဲ့တိုင်ဝမ်ဆက်ဆံရေးဟာ အလွန်ကောင်းမွန်နေတယ်လို့ အများစု အကဲဖြတ်ထားတာကို သူသဘောတူတယ်၊ အရင်ကြုံခဲ့သမျှတွေထက်ကို ကောင်းနေတဲ့သဘောရှိတယ်လို့၊ VOA နဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။

ခုလိုပြောရာမှာ နိုင်ငံခြားရေးဝန်ကြီး Wu က မကြာခင်က အမေရိကန်လက်နက် ဒေါ်လာ ၁၂ သန်းဖိုးအထိတိုးပြီး တိုင်ဝမ်ကို ရောင်းပေးခဲ့တာ၊ အရင်ထက် ပိုအဆင့်မြင့်တဲ့ တွေ့ဆုံဆွေးနွေးမူတွေလုပ်လာတာ၊ တိုင်ဝမ်သမ္မတကို ဇူလိုင်တုန်းက အမေရိကန်ကို ဖိတ်ခေါ်ခဲ့တာတွေကို ထောက်ပြခဲ့ပါတယ်။

တကယ်တော့ အနားမှာကပ်နေတဲ့ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မူတွေ တောက်လျှောက်ခံစားလာရတဲ့ တိုင်ဝမ်အနေနဲ့ အမေရိကန်နဲ့ နီးကပ်တဲ့ဆက်ဆံရေးကြောင့်၊ အခုလို စစ်ရေး သံတမန်ရေး အထောက်ပံတွေ ရရှိနေတာလို့ သုံးသပ်မူတွေရှိနေပါတယ်။

ကျွမ်းကျင်သူတွေကလည်း ခုလို အထောက်အပံ့မျိုးကို တိုင်ဝမ်အနေနဲ့ တခြားနိုင်ငံအများစုကနေ ရဖို့ ခက်ခဲတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံတွေအနေနဲ့ တိုင်ဝမ်အစား တရုတ်အစိုးရကို အသိအမှတ်ပြုနေရတာကြောင့်ပါလို့ ဆိုပါတယ်။

အမေရိကန် သမ္မတ Donald Trump အစိုးရအနေနဲ့က တရားဝင်ဆက်ဆံရေးကိုတော့ တိုင်ဝမ်အစား တရုတ်အစိုးရနဲ့ ထားရှိပေမဲ့၊ လက်တွေ့ကုန်သွယ်ရေးမှာ တရုတ်နဲ့ ပဋိပက္ခဖြစ်နေပြီး၊ တရုတ်ရဲ့ ပင်လယ်ရေကြောင်းချဲ.ထွင်မူတွေကို ဆန့်ကျင်တာ ရေတပ်သင်္ဘောတွေ စေလွှတ်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG