သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ကဆႏၵျပေက်ာင္းသားတခ်ဳိ႕ ဖမ္းခံရမွာစုိးရိမ္တဲ့အတြက္ ထိုင္၀မ္ကုိထြက္ေျပး


(Zawgyi/Unicode)

တ႐ုတ္ျပည္မႀကီးက ေဟာင္ေကာင္အေပၚ ပိုၿပီး တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္လာေနခ်ိန္မွာပဲ လခ်ီ ၾကာျမင့္ခဲ့တဲ့ ဒီမိုကေရစီေရး ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့သူ ေဟာင္ေကာင္သား တစ္ခ်ိဳ႕ ၁၀ ႏွစ္အထိ ေထာင္ဒဏ္က်ခံရနိုင္တဲ့ ဆူပူမႈ ျပစ္မႈေတြနဲ႔ အေရးယူခံရမွာကို ေရွာင္ရွားဖို႔ မိမိဆႏၵအေလ်ာက္ ေဟာင္ေကာင္က ထြက္ခြာၿပီး ျပည္ပမွာ ေနထိုင္လာၾက ပါတယ္။​ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၉ ရက္ေန႔ ဆႏၵျပပြဲေတြကို မ်က္ျမင္ေတြ႕ရွိ ခဲ့ၿပီးေနာက္ ဆႏၵျပပြဲေတြထဲ ပါဝင္ခဲ့သူ Daniel ဟာ အခုအခါ ထိုင္ဝမ္မွာ ခိုလႈံေနထိုင္ေနၿပီ ျဖစ္ပါတယ္။

သူရဲ့ မိသားစု နာမည္ကို ဖုံးကြယ္ထားလိုတဲ့ Daniel က ဆႏၵျပပြဲကို ေတြ႕ရွိခ်ိန္မွာ ေဟာင္ေကာင္ အတြက္ ေမၽွာ္လင့္ခ်က္အျဖစ္ ယူဆခဲ့ေပမဲ့ သန္းခ်ီတဲ့ လူေတြရဲ့ ေတာင္းဆိုခ်က္ေတြကို လစ္လ်ဴရႈတဲ့ ေဟာင္ေကာင္ အာဏာပိုင္ေတြအေပၚ ေဒါသထြက္မိတယ္လို႔လည္း ေျပာပါတယ္။ အဲဒီ အမ်က္ ေဒါသကပဲ သူ႔ကို ဆႏၵျပပြဲေတြမွာ ေရွ႕တန္းက ပါဝင္သူ တစ္ေယာက္ ျဖစ္လာေစတယ္လို႔ ဆိုပါတယ္။

ေဟာင္ေကာင္ကို တ႐ုတ္ႏိုင္ငံကို လႊဲေျပာင္းေပးခဲ့တဲ့ ၂၂ ႏွစ္ျပည့္ေျမာက္တဲ့ေန႔ကို ၂၀၁၉ ခုႏွစ္က ဆင္ႏႊဲခ်ိန္မွာ ဆႏၵျပသူေတြနဲ႔ ေဟာင္ေကာင္​ရဲေတြ ထိပ္တိုက္ရင္ဆိုင္ေတြ႕ၾကၿပီးတဲ့ေနာက္ သူနဲ႔ သူ႔သူငယ္ခ်င္းေတြ အရိုက္အႏွက္ခံရသလို မ်က္ရည္ယို ေဆးရည္ေတြနဲ႔လည္း အပက္ခံခဲ့ရေၾကာင္းနဲ႔​ သူကိုယ္တိုင္ကလည္း ေပါင္မွာ ေသနတ္က်ည္ အထိခံခဲ့ေၾကာင္း Daniel က VOA ကို ေျပာပါ တယ္။

အဲဒီလို ႐ုန္းရင္းဆန္ခတ္မႈျဖစ္ အၿပီး ဆႏၵျပသူေတြက ေဟာင္ေကာင္ ပါလီမန္ကို စီးနင္း သိမ္းပိုက္ ခဲ့ၾကတာပါ။ ပါလီမန္ကို စီးနင္းမႈ အၿပီးမွာေတာ့ ေဟာင္ေကာင္ရဲေတြက မ်က္ျမင္ေတြနဲ႔ သဲလြန္စေတြ ရွာေဖြၿပီး ဖမ္းဆီး ျပဳလုပ္လာခဲ့တာေၾကာင့္ Daniel နဲ႔ သူငယ္ခ်င္းတစ္ခ်ိဳ႕ ေဟာင္ေကာင္ကေန ထိုင္ဝမ္ကို ထြက္ေျပးခဲ့တာ ျဖစ္ပါတယ္။

က်န္ခဲ့တဲ့ သူငယ္ခ်င္းတစ္ေယာက္ ေထာင္ ၄ ႏွစ္ က်ခံရတာကို ၾကားသိရတယ္လို႔လည္း Daniel က VOA ကို ေျပာပါတယ္။ ထိုင္ဝမ္မွာ ေရာက္ေနတာ ၁၁ လၾကာျမင့္ေပမဲ့ ေဟာင္ေကာင္ ဆႏၵျပပြဲေတြကို ေထာက္ခံအား ေပး ေနဆဲလို႔လည္း Daniel က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ဟောင်ကောင်ကဆန္ဒပြကျောင်းသားတချို့ ဖမ်းခံရမှာစိုးရိမ်တဲ့အတွက် ထိုင်ဝမ်ကိုထွက်ပြေး

(Unicode)

တရုတ်ပြည်မကြီးက ဟောင်ကောင်အပေါ် ပိုပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာနေချိန်မှာပဲ လချီ ကြာမြင့်ခဲ့တဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူ ဟောင်ကောင်သား တစ်ချို့ ၁၀ နှစ်အထိ ထောင်ဒဏ်ကျခံရနိုင်တဲ့ ဆူပူမှု ပြစ်မှုတွေနဲ့ အရေးယူခံရမှာကို ရှောင်ရှားဖို့ မိမိဆန္ဒအလျောက် ဟောင်ကောင်က ထွက်ခွာပြီး ပြည်ပမှာ နေထိုင်လာကြ ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ဆန္ဒပြပွဲတွေကို မျက်မြင်တွေ့ရှိ ခဲ့ပြီးနောက် ဆန္ဒပြပွဲတွေထဲ ပါဝင်ခဲ့သူ Daniel ဟာ အခုအခါ ထိုင်ဝမ်မှာ ခိုလှုံနေထိုင်နေပြီ ဖြစ်ပါတယ်။

သူရဲ့ မိသားစု နာမည်ကို ဖုံးကွယ်ထားလိုတဲ့ Daniel က ဆန္ဒပြပွဲကို တွေ့ရှိချိန်မှာ ဟောင်ကောင် အတွက် မျှော်လင့်ချက်အဖြစ် ယူဆခဲ့ပေမဲ့ သန်းချီတဲ့ လူတွေရဲ့ တောင်းဆိုချက်တွေကို လစ်လျူရှုတဲ့ ဟောင်ကောင် အာဏာပိုင်တွေအပေါ် ဒေါသထွက်မိတယ်လို့လည်း ပြောပါတယ်။ အဲဒီ အမျက် ဒေါသကပဲ သူ့ကို ဆန္ဒပြပွဲတွေမှာ ရှေ့တန်းက ပါဝင်သူ တစ်ယောက် ဖြစ်လာစေတယ်လို့ ဆိုပါတယ်။

ဟောင်ကောင်ကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တဲ့ ၂၂ နှစ်ပြည့်မြောက်တဲ့နေ့ကို ၂၀၁၉ ခုနှစ်က ဆင်နွှဲချိန်မှာ ဆန္ဒပြသူတွေနဲ့ ဟောင်ကောင်ရဲတွေ ထိပ်တိုက်ရင်ဆိုင်တွေ့ကြပြီးတဲ့နောက် သူနဲ့ သူ့သူငယ်ချင်းတွေ အရိုက်အနှက်ခံရသလို မျက်ရည်ယို ဆေးရည်တွေနဲ့လည်း အပက်ခံခဲ့ရကြောင်းနဲ့ သူကိုယ်တိုင်ကလည်း ပေါင်မှာ သေနတ်ကျည် အထိခံခဲ့ကြောင်း Daniel က VOA ကို ပြောပါ တယ်။

အဲဒီလို ရုန်းရင်းဆန်ခတ်မှုဖြစ် အပြီး ဆန္ဒပြသူတွေက ဟောင်ကောင် ပါလီမန်ကို စီးနင်း သိမ်းပိုက် ခဲ့ကြတာပါ။ ပါလီမန်ကို စီးနင်းမှု အပြီးမှာတော့ ဟောင်ကောင်ရဲတွေက မျက်မြင်တွေနဲ့ သဲလွန်စတွေ ရှာဖွေပြီး ဖမ်းဆီး ပြုလုပ်လာခဲ့တာကြောင့် Daniel နဲ့ သူငယ်ချင်းတစ်ချို့ ဟောင်ကောင်ကနေ ထိုင်ဝမ်ကို ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

ကျန်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် ထောင် ၄ နှစ် ကျခံရတာကို ကြားသိရတယ်လို့လည်း Daniel က VOA ကို ပြောပါတယ်။ ထိုင်ဝမ်မှာ ရောက်နေတာ ၁၁ လကြာမြင့်ပေမဲ့ ဟောင်ကောင် ဆန္ဒပြပွဲတွေကို ထောက်ခံအား ပေး နေဆဲလို့လည်း Daniel က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG