သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္မွာ ဆႏၵျပသူေတြကုိ ရဲတပ္ဖဲြ႔ႏွိမ္နင္း


ဆႏၵျပသူမ်ားႏွင့္ ထိပ္တုိက္ေတြ႔ေနသည့္ ေဟာင္ေကာင္ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ေဟာင္ေကာင္မွာ အမ်ိဳးသားလုံၿခံဳေရး ဥပေဒသစ္ ျပ႒ာန္းဖုိ႔ အဆုိျပဳခ်က္အေပၚ ကန္႔ကြက္ေနၾကတဲ့ ဆႏၵျပသူေတြကို လုံၿခဳံေရးတပ္ဖြဲ႔ေတြက မ်က္ရည္ယိုဗုံးေတြ၊ င႐ုတ္ေကာင္းရည္ေတြသုံးၿပီး ႏွိမ္နင္းခဲ့ပါတယ္။

ေဟာင္ေကာင္ ဒီမုိကေရစီေရး ဆႏၵျပေနသူမ်ား။ (ေမ ၂၄၊ ၂၀၂၀)
ေဟာင္ေကာင္ ဒီမုိကေရစီေရး ဆႏၵျပေနသူမ်ား။ (ေမ ၂၄၊ ၂၀၂၀)

လုံၿခံဳေရးဥပေဒမူၾကမ္းဟာ ေဟာင္ေကာင္ရဲ႕ လြတ္လပ္ခြင့္ေတြကို ထိခုိက္ႏုိင္တယ္ဆုိၿပီး လူေပါင္းရာနဲ႔ခ်ီ ဆႏၵျပခဲ့ၾကတာပါ။

ဆႏၵျပသူေတြဟာ ဒီမိုကေရစီေရး ေဆာင္ပုဒ္ေတြကို ေႂကြးေၾကာ္ခဲ့ၾကသလို ရဲတပ္ဖြဲ႔ကလည္း လူစုလူေဝးလုပ္တာ ဥပေဒနဲ႔ မညီေၾကာင္းနဲ႔ လူစုခြဲၾကဖို႔ အသံခ်ဲ႕စက္ေတြနဲ႔ သတိေပးခဲ့ပါတယ္။

ေဟာင္ေကာင္ ဒီမိုကေရစီေရး ဆႏၵျပသူမ်ားႏွင့္ ထိပ္တုိက္ေတြ႔ေနသည့္ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၁၀၊ ၂၀၂၀)
ေဟာင္ေကာင္ ဒီမိုကေရစီေရး ဆႏၵျပသူမ်ားႏွင့္ ထိပ္တုိက္ေတြ႔ေနသည့္ ရဲတပ္ဖြဲ႔ဝင္မ်ား။ (ေမ ၁၀၊ ၂၀၂၀)

ခြဲထြက္ေရးနဲ႔ အဖ်က္အေမွာင့္ လႈပ္ရွားမႈေတြ၊ ျပည္ပၾကားဝင္စြက္ဖက္မႈနဲ႔ အၾကမ္းဖက္မႈေတြကို တားဆီးကာကြယ္ဖို႔ဆုိတဲ့ အေၾကာင္းျပခ်က္နဲ႔ ေဟာင္ေကာင္မွာ လုံၿခံဳေရးဥပေဒသစ္ ျပ႒ာန္းဖုိ႔ တ႐ုတ္ႏိုင္ငံက လႊတ္ေတာ္မွာ ေသာၾကာေန႔ကပဲ အဆုိျပဳခဲ့တာပါ။

အေမရိကန္ လႊတ္ေတာ္အမတ္ ၁၇ ဦး အပါအဝင္ ကမာၻတ၀န္းက ထင္ရွားတဲ့ ႏိုင္ငံေရးသမား ၂၀၀ ေလာက္ လက္မွတ္ေရးထိုးထားၿပီး မေန႔တုန္းကပဲ ထုတ္ျပန္လုိက္တဲ့ ပူးတြဲေၾကညာခ်က္ထဲမွာေတာ့ ဥပေဒမူၾကမ္းဟာ ေဟာင္ေကာင္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ အေျခခံလြတ္လပ္ခြင့္ေတြကို ထိပါးေစာ္ကားရာ ေရာက္ေၾကာင္းနဲ႔ တႏိုင္ငံ စနစ္ႏွစ္ခုမူကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ရာေရာက္ေၾကာင္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နှိမ်နင်း

ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေသစ် ပြဋ္ဌာန်းဖို့ အဆိုပြုချက်အပေါ် ကန့်ကွက်နေကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ ငရုတ်ကောင်းရည်တွေသုံးပြီး နှိမ်နင်းခဲ့ပါတယ်။

လုံခြုံရေးဥပဒေမူကြမ်းဟာ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေကို ထိခိုက်နိုင်တယ်ဆိုပြီး လူပေါင်းရာနဲ့ချီ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသူတွေဟာ ဒီမိုကရေစီရေး ဆောင်ပုဒ်တွေကို ကြွေးကြော်ခဲ့ကြသလို ရဲတပ်ဖွဲ့ကလည်း လူစုလူဝေးလုပ်တာ ဥပဒေနဲ့ မညီကြောင်းနဲ့ လူစုခွဲကြဖို့ အသံချဲ့စက်တွေနဲ့ သတိပေးခဲ့ပါတယ်။

ခွဲထွက်ရေးနဲ့ အဖျက်အမှောင့် လှုပ်ရှားမှုတွေ၊ ပြည်ပကြားဝင်စွက်ဖက်မှုနဲ့ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဟောင်ကောင်မှာ လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းဖို့ တရုတ်နိုင်ငံက လွှတ်တော်မှာ သောကြာနေ့ကပဲ အဆိုပြုခဲ့တာပါ။

အမေရိကန် လွှတ်တော်အမတ် ၁၇ ဦး အပါအဝင် ကမ္ဘာတဝန်းက ထင်ရှားတဲ့ နိုင်ငံရေးသမား ၂၀၀ လောက် လက်မှတ်ရေးထိုးထားပြီး မနေ့တုန်းကပဲ ထုတ်ပြန်လိုက်တဲ့ ပူးတွဲကြေညာချက်ထဲမှာတော့ ဥပဒေမူကြမ်းဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ထိပါးစော်ကားရာ ရောက်ကြောင်းနဲ့ တနိုင်ငံ စနစ်နှစ်ခုမူကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG