သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူ ၁၅ ဦး ဖမ္းဆီးခံရ


ဖမ္းဆီးခံရသူတဦးျဖစ္သည့္ ေဟာင္ေကာင္ မီဒီယာသူေဌးႀကီး Jimmy Lai. (ဧၿပီ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ေဟာင္ေကာင္ ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူ ၁၅ ဦးကို ေဟာင္ေကာင္ရဲတပ္ဖြဲ႔က စေနေန႔မွာ ဖမ္းဆီးလုိက္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လအတြင္းမွာ စခဲ့တဲ့ အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲေတြမွာ တရားမ၀င္ စုေ၀းမႈ စြဲခ်က္ေတြနဲ႔ ဖမ္းတာ ျဖစ္ပါတယ္။

ေဟာင္ေကာင္ရဲ႕ ျပည္တြင္းေရးမွာ တ႐ုတ္အစိုးရ ၀င္ေရာက္စြက္ဖက္မႈကို တားျမစ္ထားတဲ့ ေဟာင္ေကာင္ရဲ႕ အေျခခံဥပေဒပါ တားျမစ္ခ်က္ေတြက သူတို႔နဲ႔ အက်ဳံးမ၀င္ဘူးလို႔ ေဟာင္ေကာင္မွာရွိတဲ့ တ႐ုတ္အစိုးရ ကိုယ္စားလွယ္႐ုံးက ေၾကညာၿပီး နာရီပိုင္း အၾကာမွာပဲ အခုလို ဖမ္းဆီးခဲ့တာပါ။

ေဟာင္ေကာင္ရဲ႕ ဥပေဒျပဳေရးနဲ႔ တရားစီရင္ေရး အာဏာကို ခ်ိဳးေဖာက္တာလို႔ ေဝဖန္ေနတဲ့ၾကားက တ႐ုတ္တာဝန္ရွိသူေတြက ေဟာင္ေကာင္အေနနဲ႔ အမ်ိဳးသားလုံၿခဳံေရး ဥပေဒကို ခ်မွတ္ ျပ႒ာန္းသင့္ေၾကာင္း ဒီသီတင္းပတ္ အေစာပိုင္းက တိုက္တြန္းခဲ့ပါေသးတယ္။

ဖမ္းဆီးခံရသူေတြအထဲ ဒီမိုကရက္တစ္ပါတီကို တည္ေထာင္သူ အသက္ ၈၁ ႏွစ္အရြယ္ မီဒီယာသူေဌးႀကီး Jimmy Lai၊ အႀကီးတန္း ဝတ္လုံေတာ္ရေရွ႕ေန Martin Lee၊ ေရွ႕ေန Albert Ho၊ ဝတ္လုံေတာ္ရေရွ႕ေန Magaret Ng၊ အလုပ္သမားေရး လႈပ္ရွားသူ Lee Cheuk-yan နဲ႔ လႊတ္ေတာ္အမတ္ေဟာင္းေတြ ျဖစ္တဲ့ Cyd Ho နဲ႔ Leung Kwok-hung တို႔အျပင္ ၿပီးခဲ့တဲ့ႏွစ္တုန္းက ရဲတပ္ဖြဲ႔ရဲ႕ အတည္ျပဳခ်က္နဲ႔ လူထုဆႏၵျပပြဲေတြကို စီစဥ္ခဲ့တဲ့ Civil Human Rights Front အဖြဲ႔ရဲ႕ ဒုတိယ စည္း႐ုံးေရးမွဴး Figo Chan လည္း ပါ၀င္ပါတယ္။

သူတို႔ကို တရားမဝင္ လူစုလူေဝး ျပဳလုပ္ရာမွာ ပါဝင္ခဲ့မႈနဲ႔ ဖမ္းဆီးတာျဖစ္ၿပီး ေနာက္ထပ္ ဖမ္းဆီးမႈေတြ ထပ္ရွိႏုိင္တယ္ဆိုတဲ့ အခ်က္ကိုလည္း ေဟာင္ေကာင္ရဲတပ္ဖြဲ႔က ျငင္းဆိုျခင္း မရွိပါဘူး။

အာဏာပိုင္ေတြကို ဆန္႔က်င္ ဆႏၵျပရာမွာ ပါဝင္မႈနဲ႔ အခုအခ်ိန္အထိ ေဟာင္ေကာင္မွာ လူေပါင္း ၇,၈၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရၿပီး ေတာ္ေတာ္မ်ားမ်ားက ေထာင္ဒဏ္ ၁၀ ႏွစ္ က်ခံရႏုိင္တဲ့ အဓိက႐ုဏ္းဆိုင္ရာ ဥပေဒနဲ႔ ဖမ္းဆီးခံထားရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၁၅ ဦး ဖမ်းဆီးခံရ

ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၁၅ ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က စနေနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းမှာ စခဲ့တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တရားမဝင် စုဝေးမှု စွဲချက်တွေနဲ့ ဖမ်းတာ ဖြစ်ပါတယ်။

ဟောင်ကောင်ရဲ့ ပြည်တွင်းရေးမှာ တရုတ်အစိုးရ ဝင်ရောက်စွက်ဖက်မှုကို တားမြစ်ထားတဲ့ ဟောင်ကောင်ရဲ့ အခြေခံဥပဒေပါ တားမြစ်ချက်တွေက သူတို့နဲ့ အကျုံးမဝင်ဘူးလို့ ဟောင်ကောင်မှာရှိတဲ့ တရုတ်အစိုးရ ကိုယ်စားလှယ်ရုံးက ကြေညာပြီး နာရီပိုင်း အကြာမှာပဲ အခုလို ဖမ်းဆီးခဲ့တာပါ။

ဟောင်ကောင်ရဲ့ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာကို ချိုးဖောက်တာလို့ ဝေဖန်နေတဲ့ကြားက တရုတ်တာဝန်ရှိသူတွေက ဟောင်ကောင်အနေနဲ့ အမျိုးသားလုံခြုံရေး ဥပဒေကို ချမှတ် ပြဋ္ဌာန်းသင့်ကြောင်း ဒီသီတင်းပတ် အစောပိုင်းက တိုက်တွန်းခဲ့ပါသေးတယ်။

ဖမ်းဆီးခံရသူတွေအထဲ ဒီမိုကရက်တစ်ပါတီကို တည်ထောင်သူ အသက် ၈၁ နှစ်အရွယ် မီဒီယာသူဌေးကြီး Jimmy Lai၊ အကြီးတန်း ဝတ်လုံတော်ရရှေ့နေMartin Lee၊ ရှေ့နေ Albert Ho၊ ဝတ်လုံတော်ရရှေ့နေ Magaret Ng၊ အလုပ်သမားရေး လှုပ်ရှားသူ Lee Cheuk-yan နဲ့ လွှတ်တော်အမတ်ဟောင်းတွေ ဖြစ်တဲ့ Cyd Ho နဲ့ Leung Kwok-hung တို့အပြင် ပြီးခဲ့တဲ့နှစ်တုန်းက ရဲတပ်ဖွဲ့ရဲ့ အတည်ပြုချက်နဲ့ လူထုဆန္ဒပြပွဲတွေကို စီစဉ်ခဲ့တဲ့ Civil Human Rights Front အဖွဲ့ရဲ့ ဒုတိယ စည်းရုံးရေးမှူး Figo Chan လည်း ပါဝင်ပါတယ်။

သူတို့ကို တရားမဝင် လူစုလူဝေး ပြုလုပ်ရာမှာ ပါဝင်ခဲ့မှုနဲ့ ဖမ်းဆီးတာဖြစ်ပြီး နောက်ထပ် ဖမ်းဆီးမှုတွေ ထပ်ရှိနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း ဟောင်ကောင်ရဲတပ်ဖွဲ့က ငြင်းဆိုခြင်း မရှိပါဘူး။

အာဏာပိုင်တွေကို ဆန့်ကျင် ဆန္ဒပြရာမှာ ပါဝင်မှုနဲ့ အခုအချိန်အထိ ဟောင်ကောင်မှာ လူပေါင်း ၇,၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး တော်တော်များများက ထောင်ဒဏ် ၁၀ နှစ် ကျခံရနိုင်တဲ့ အဓိကရုဏ်းဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

XS
SM
MD
LG