သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

၆ လျပည့္ ေဟာင္ေကာင္ဆႏၵျပပြဲ


ေဟာင္ေကာင္ဆႏၵျပပြဲ ၆ လျပည့္အထိမ္းအမွတ္ ဆႏၵျပပြဲ ဆင္ႏႊဲေနသည့္ လူအုပ္စုႀကီး။ (ဒီဇင္ဘာ ၈၊ ၂၀၁၉)

(Zawgyi / Unicode)

ေဟာင္ေကာင္အစိုးရကို ဆန႔္က်င္တဲ့ လူထုဆႏၵျပပြဲႀကီးေတြ ျဖစ္ပြားခဲ့တာ ၆ လျပည့္ အထိမ္းအမွတ္အျဖစ္နဲ႔ ဆႏၵျပတဲ့သူ ေထာင္ေပါင္းမ်ားစြာဟာ ဒီကေန႔မွာ လမ္းေတြေပၚကိုထြက္ ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပတဲ့သူ အမ်ားအျပားဟာ ၿမိဳ႕လယ္ေခါင္မွာရွိတဲ့ ဗစ္တိုးရီးယားပန္းၿခံမွာ စုေဝးခဲ့ၾကၿပီး အဲဒီကေန ေဟာင္ေကာင္ၿမိဳ႕လယ္ေခါင္က လမ္းေတြေပၚကိုထြက္ ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

လြတ္လပ္ေရးအတြက္ တိုက္ပြဲဝင္ဖို႔နဲ႔ ေဟာင္ေကာင္ျပည္သူေတြနဲ႔အတူ ရပ္တည္ဖို႔ ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ေတာင္းဆိုခဲ့ၾကၿပီး Causeway Bay ေစ်းဝယ္စင္တာေနရာမွာ လူအုပ္စုလိုက္ႀကီး ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၆ လအတြင္း ရဲတပ္ဖြဲ႔က အာဏာအလြဲသုံးစား လုပ္တာေတြ အေတာ္မ်ားမ်ားကို ရင္ဆိုင္ခဲ့ရသလို ေဟာင္ေကာင္အစိုးရကလည္း ေျဖရွင္းခ်က္ မထုတ္ခဲ့ဘဲ ေဟာင္ေကာင္ျပည္သူေတြရဲ႕ အသံေတြကို နားမေထာင္ခဲ့ပါဘူး။ ဒါေၾကာင့္ ေဟာင္ေကာင္ျပည္သူေတြ အေနနဲ႔ လြတ္ေျမာက္မႈ အပါအဝင္ ရသင့္တာေတြအတြက္ တိုက္ပြဲဝင္သြားရမွာ ျဖစ္တယ္လို႔ ဆႏၵျပတဲ့သူတဦးက ေျပာပါတယ္။

ေဟာင္ေကာင္ရဲတပ္ဖြဲ႔ကေတာ့ ဒီဆႏၵျပပြဲေတြကို ခြင့္ျပဳခ်က္ ေပးထားတာေၾကာင့္ ဆႏၵျပတဲ့လူဦးေရလည္း ပိုၿပီးေတာ့ မ်ားလာႏိုင္ေခ်ရွိပါတယ္။

ႏိုင္ငံသားအခြင့္အေရးဆိုင္ရာ တပ္ဦးက ေဟာင္ေကာင္က ဒီကေန႔ ဆႏၵျပပြဲကိုလုပ္ဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံ ျပည္မႀကီးကို တရားခံလႊဲေျပာင္းေပးေရး ဥပေဒၾကမ္းေၾကာင့္ ၿပီးခဲ့တဲ့ ဇြန္လ ၉ ရက္ေန႔ကစၿပီး ေဟာင္ေကာင္မွာ လူေတြသိန္းနဲ႔ခ်ီ ပါဝင္တဲ့ ဆႏၵျပပြဲေတြ ျဖစ္လာခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကစလို႔ ေဟာင္ေကာင္မွာ အပတ္စဥ္ သီတင္းပတ္ကုန္ ဆႏၵျပပြဲေတြ လုပ္လာခဲ့တာ တနလၤာေန႔မွာ ၆ လျပည့္မွာျဖစ္ပါတယ္။

အဲဒီအခ်ိန္ကစၿပီး ေဟာင္ေကာင္ျပည္သူေတြက ႏိုင္ငံေရးအေျပာင္းအလဲေတြ ေဖာ္ေဆာင္ၿပီး ေရြးေကာက္ပြဲေတြ က်င္းပဖို႔၊ ဆႏၵျပတဲ့သူေတြအေပၚ လုံၿခဳံေရးေတြဘက္က အင္အားအလြန္အကြၽံ သုံးတာေတြကို စုံစမ္းစစ္ေဆးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

--------------------------------

(Unicode)

၆ လပြည့် ဟောင်ကောင်ဆန္ဒပြပွဲ

ဟောင်ကောင်အစိုးရကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားခဲ့တာ ၆ လပြည့် အထိမ်းအမှတ်အဖြစ်နဲ့ ဆန္ဒပြတဲ့သူ ထောင်ပေါင်းများစွာဟာ ဒီကနေ့မှာ လမ်းတွေပေါ်ကိုထွက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြတဲ့သူ အများအပြားဟာ မြို့လယ်ခေါင်မှာရှိတဲ့ ဗစ်တိုးရီးယားပန်းခြံမှာ စုဝေးခဲ့ကြပြီး အဲဒီကနေ ဟောင်ကောင်မြို့လယ်ခေါင်က လမ်းတွေပေါ်ကိုထွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဖို့နဲ့ ဟောင်ကောင်ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ကြွေးကြော်သံတွေကို အော်ဟစ်တောင်းဆိုခဲ့ကြပြီး Causeway Bay ဈေးဝယ်စင်တာနေရာမှာ လူအုပ်စုလိုက်ကြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၆ လအတွင်း ရဲတပ်ဖွဲ့က အာဏာအလွဲသုံးစား လုပ်တာတွေ အတော်များများကို ရင်ဆိုင်ခဲ့ရသလို ဟောင်ကောင်အစိုးရကလည်း ဖြေရှင်းချက် မထုတ်ခဲ့ဘဲ ဟောင်ကောင်ပြည်သူတွေရဲ့ အသံတွေကို နားမထောင်ခဲ့ပါဘူး။ ဒါကြောင့် ဟောင်ကောင်ပြည်သူတွေ အနေနဲ့ လွတ်မြောက်မှု အပါအဝင် ရသင့်တာတွေအတွက် တိုက်ပွဲဝင်သွားရမှာ ဖြစ်တယ်လို့ ဆန္ဒပြတဲ့သူတဦးက ပြောပါတယ်။

ဟောင်ကောင်ရဲတပ်ဖွဲ့ကတော့ ဒီဆန္ဒပြပွဲတွေကို ခွင့်ပြုချက် ပေးထားတာကြောင့် ဆန္ဒပြတဲ့လူဦးရေလည်း ပိုပြီးတော့ များလာနိုင်ချေရှိပါတယ်။

နိုင်ငံသားအခွင့်အရေးဆိုင်ရာ တပ်ဦးက ဟောင်ကောင်က ဒီကနေ့ ဆန္ဒပြပွဲကိုလုပ်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ပြည်မကြီးကို တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကစပြီး ဟောင်ကောင်မှာ လူတွေသိန်းနဲ့ချီ ပါဝင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ ဟောင်ကောင်မှာ အပတ်စဉ် သီတင်းပတ်ကုန် ဆန္ဒပြပွဲတွေ လုပ်လာခဲ့တာ တနင်္လာနေ့မှာ ၆ လပြည့်မှာဖြစ်ပါတယ်။

အဲဒီအချိန်ကစပြီး ဟောင်ကောင်ပြည်သူတွေက နိုင်ငံရေးအပြောင်းအလဲတွေ ဖော်ဆောင်ပြီး ရွေးကောက်ပွဲတွေ ကျင်းပဖို့၊ ဆန္ဒပြတဲ့သူတွေအပေါ် လုံခြုံရေးတွေဘက်က အင်အားအလွန်အကျွံ သုံးတာတွေကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

၆ လျပည့္ ေဟာင္ေကာင္ဆႏၵျပပြဲ
please wait

No media source currently available

0:00 0:01:25 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG