သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ဒီမိုကေရစီေရး ေထာက္ခံတဲ႔ ဥပေဒ ကန္လႊတ္ေတာ္ အတည္ျပဳ


(Zawgyi/Unicode)

လအေတာ္ၾကာ ဆႏၵျပပြဲေတြနဲ႔ မၿငိမ္မသက္ျဖစ္ေနတဲ့ ေဟာင္ေကာင္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသက ဒီမိုကေရစီေရး ေတာင္းဆို ဆႏၵျပသူေတြကို ေထာက္ခံတဲ့ ဥပေဒမူၾကမ္းႏွစ္ခုကို အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္က ၾကာသပေတးေန႔မွာ အတည္ျပဳလိုက္ပါၿပီ။

“ေဟာင္ေကာင္ လူ႔အခြင့္အေရး နဲ႔ ဒီမုိကေရစီ ဥပေဒ” ဆိုတာကို ေအာက္လႊတ္ေတာ္က တခဲနက္အတည္ျပဳပါတယ္။ ဒီဥပေဒအရ ေဟာင္ေကာင္ကို အေမရိကန္ကေပးထားတဲ့ ကုန္သြယ္ေရးဆုိင္ရာ အထူးအခြင့္အေရးကို ဆက္ေပးသင့္မသင့္ ႏွစ္စဥ္ သံုးသပ္ ဆန္းစစ္ရပါမယ္။ ဒါ့အျပင္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဴးလြန္တဲ့ တ႐ုတ္နဲ႔ ေဟာင္ေကာင္ တာဝန္ရွိသူေတြ အေပၚ အေမရိကန္ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ဖို႔လည္း အခြင့္အာဏာေပးထားပါတယ္။

ဒုတိယ ဥပေဒမူၾကမ္းကေတာ့ မ်က္ရည္ယိုဗံုး၊ ရာဘာက်ည္နဲ႔ မီးသတ္ပိုက္ေတြ အပါအဝင္ အသက္အႏၲရာယ္မေပးႏုိင္တဲ့ ခဲယမ္း နဲ႔ ပစၥည္းေတြ တင္ပို႔တာကို ပိတ္ပင္တားျမစ္တဲ့ ဥပေဒပါ။

အဲဒီဥပေဒၾကမ္းႏွစ္ခုလံုးကို အထက္လႊတ္ေတာ္မွာ အတည္ျပဳအၿပီး ေနာက္တရက္အၾကာမွာပဲ ေအာက္လႊတ္ေတာ္က အတည္ျပဳ လုိက္တာေၾကာင့္ ဥပေဒအျဖစ္ လက္မွတ္ထိုး အတည္ျပဳဖို႔ သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ဆီ ပို႔မွာျဖစ္ပါတယ္။

ဥပေဒၾကမ္းေတြကို သမၼတထရမ့္ပ္က လက္မွတ္ထိုး အတည္ျပဳ ျပဌာန္းမယ္လုိ႔ သမၼတ အိမ္ျဖဴေတာ္က ေျပာထားပါတယ္။ ဒီဥပေဒမူၾကမ္းေတြေၾကာင့္ အေမရိကန္နဲ႔တ႐ုတ္ၾကား ကုန္သြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ႀကီးတခုရဖို႔ အတားအဆီး ျဖစ္လာႏုိင္ေျခရွိတယ္လို႔ ျမင္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ဟောင်ကောင်ဒီမိုကရေစီရေး ထောက်ခံတဲ့ ဥပဒေ ကန်လွှတ်တော်အတည်ပြု

(Unicode)

လအတော်ကြာ ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက်ဖြစ်နေတဲ့ ဟောင်ကောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေကို ထောက်ခံတဲ့ ဥပဒေမူကြမ်းနှစ်ခုကို အမေရိကန် ကွန်ဂရက်လွှတ်တော်က ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပါပြီ။

“ဟောင်ကောင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဥပဒေ” ဆိုတာကို အောက်လွှတ်တော်က တခဲနက်အတည်ပြုပါတယ်။ ဒီဥပဒေအရ ဟောင်ကောင်ကို အမေရိကန်ကပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ဆက်ပေးသင့်မသင့် နှစ်စဉ် သုံးသပ် ဆန်းစစ်ရပါမယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ တရုတ်နဲ့ ဟောင်ကောင် တာဝန်ရှိသူတွေ အပေါ် အမေရိကန် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့လည်း အခွင့်အာဏာပေးထားပါတယ်။

ဒုတိယ ဥပဒေမူကြမ်းကတော့ မျက်ရည်ယိုဗုံး၊ ရာဘာကျည်နဲ့ မီးသတ်ပိုက်တွေ အပါအဝင် အသက်အန္တရာယ်မပေးနိုင်တဲ့ ခဲယမ်း နဲ့ ပစ္စည်းတွေ တင်ပို့တာကို ပိတ်ပင်တားမြစ်တဲ့ ဥပဒေပါ။

အဲဒီဥပဒေကြမ်းနှစ်ခုလုံးကို အထက်လွှတ်တော်မှာ အတည်ပြုအပြီး နောက်တရက်အကြာမှာပဲ အောက်လွှတ်တော်က အတည်ပြု လိုက်တာကြောင့် ဥပဒေအဖြစ် လက်မှတ်ထိုး အတည်ပြုဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဆီ ပို့မှာဖြစ်ပါတယ်။

ဥပဒေကြမ်းတွေကို သမ္မတထရမ့်ပ်က လက်မှတ်ထိုး အတည်ပြု ပြဌာန်းမယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောထားပါတယ်။ ဒီဥပဒေမူကြမ်းတွေကြောင့် အမေရိကန်နဲ့တရုတ်ကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကြီးတခုရဖို့ အတားအဆီး ဖြစ်လာနိုင်ခြေရှိတယ်လို့ မြင်ကြပါတယ်။

XS
SM
MD
LG