သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ဆႏၵျပပြဲ ႐ုန္းရင္းဆန္ခတ္ျဖစ္မႈ ပိုမ်ားလာ


ေဟာင္ေကာင္ ပိုလီတကၠနစ္ တကၠသိုလ္အနီးရွိ မီးေလာင္ေနသည့္ အတားအဆီးမ်ားကို ေက်ာ္ျဖတ္ေနသည့္ ဆႏၵျပသူတခ်ဳိ႕။ (ႏုိဝင္ဘာ ၁၆၊ ၂၀၁၉)

(Zawgyi / Unicode)

ေဟာင္ေကာင္ဆႏၵျပပြဲေတြျဖစ္တာ ၅ လေက်ာ္လာၿပီျဖစ္ၿပီး တနဂၤေႏြေန႔ကေတာ့ အၾကမ္းဖက္မႈေတြ ပိုတိုးလာခဲ့ပါတယ္။

ဆႏၵျပသူေတြက လက္လုပ္ မီးေလာင္ဗံုးေတြနဲ႔ ပစ္ေပါက္ၾကသလို ရဲေတြကလည္း မ်က္ရည္ယိုဗံုးေတြနဲ႔ အဆက္မျပတ္ ျပန္လည္ပစ္ခတ္ေနတာေၾကာင့္ တနဂၤေႏြ မနက္အေစာပိုင္းက ေဟာင္ေကာင္တကၠသိုလ္အဝမွာ မီးေလာင္ေနတာ ေတြ႔ရပါတယ္။

ေဟာင္ေကာင္က တကၠသိုလ္ဝင္း အနည္းဆံုး ၅ ခုမွာ ေထာင္နဲ႔ခ်ီတဲ့ ေက်ာင္းသားနဲ႔ တက္ႂကြလႈပ္ရွားသူေတြက အကာအရံ အတားအဆီးေတြလုပ္ၿပီး ေနေနၾကပါတယ္။ သူတို႔မွာ လက္လုပ္မီးေလာင္ဗံုးေတြ၊ ေလာက္ေလးခြေတြ၊ ေလးျမားေတြနဲ႔ တျခား ရရာလက္နက္ေတြ စုေဆာင္းထားၾကတာပါ။

စေနေန႔တုန္းကေတာ့ ေဟာင္ေကာင္မွာ ရက္ေပါင္းမ်ားစြာ ပိတ္ဆို႔ထားခဲ့တဲ့ လမ္းမႀကီးေတြေပၚက အတားအဆီးေတြကို Kowloon တဝိုက္က စစ္တန္းလ်ားေတြမွာ ရွိေနတဲ့ တ႐ုတ္စစ္သားေတြက ထြက္ရွင္းၾကပါတယ္။

ကာကီတီရွပ္နဲ႔ အားကစားေဘာင္းဘီတို အမည္းေတြ ဝတ္ထားတဲ့ PLA စစ္သားေတြ အတားအဆီးေတြ ရွင္းေနတာကို တ႐ုတ္အစိုးရလိုလားတဲ့ ႏိုင္ငံေရးသမားေတြနဲ႔ ၿမိဳ႕ခံတခ်ိဳ႕က သြားေရာက္ပူးေပါင္း လုပ္ေဆာင္တာလည္း ေတြ႔ရပါတယ္။

တ႐ုတ္စစ္သားေတြ ဒီလို ရွင္းလင္းေပမယ့္ ျပည္မက တ႐ုတ္လြတ္ေျမာက္ေရးတပ္ PLA စစ္သားေတြ ေဟာင္ေကာင္လမ္းေတြေပၚမွာ ေရာက္လာတာက ေဟာင္ေကာင္သားေတြရဲဲ႕ သံသယကို ပိုတိုးလာေစတာပါ။

ၿဗိတိသွ်အုပ္ခ်ဳပ္ခဲ့တဲ့ ေဟာင္ေကာင္ကို ၁၉၉၇ ခုႏွစ္မွာ တ႐ုတ္လက္ကို ျပန္ေပးခဲ့ခ်ိန္က ေဟာင္ေကာင္သားေတြရဲ႕ လြတ္လပ္မႈကို အာမခံခဲ့တာျဖစ္ၿပီး အခု ျပည္မႀကီးက တ႐ုတ္ကြန္ျမဴနစ္ပါတီက ဝင္ေႏွာက္လာတဲ့အတြက္ ေဒါသထြက္ေနတဲ့ ေဟာင္ေကာင္သားေတြက ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။

အာရွေဒသရဲ႕ စီးပြားေရးအခ်က္အခ်ာေဒသျဖစ္တဲ့ ေဟာင္ေကာင္မွာ ဒီဆႏၵျပပြဲေတြက လနဲ႔ခ်ီ ျဖစ္ပြားေနတာပါ။

--------------------------------

(Unicode)

ဟောင်ကောင်ဆန္ဒပြပွဲ ရုန်းရင်းဆန်ခတ်ဖြစ်မှု ပိုများလာ

ဟောင်ကောင်ဆန္ဒပြပွဲတွေဖြစ်တာ ၅ လကျော်လာပြီဖြစ်ပြီး တနင်္ဂနွေနေ့ကတော့ အကြမ်းဖက်မှုတွေ ပိုတိုးလာခဲ့ပါတယ်။

ဆန္ဒပြသူတွေက လက်လုပ် မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်ကြသလို ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ အဆက်မပြတ် ပြန်လည်ပစ်ခတ်နေတာကြောင့် တနင်္ဂနွေ မနက်အစောပိုင်းက ဟောင်ကောင်တက္ကသိုလ်အဝမှာ မီးလောင်နေတာ တွေ့ရပါတယ်။

ဟောင်ကောင်က တက္ကသိုလ်ဝင်း အနည်းဆုံး ၅ ခုမှာ ထောင်နဲ့ချီတဲ့ ကျောင်းသားနဲ့ တက်ကြွလှုပ်ရှားသူတွေက အကာအရံ အတားအဆီးတွေလုပ်ပြီး နေနေကြပါတယ်။ သူတို့မှာ လက်လုပ်မီးလောင်ဗုံးတွေ၊ လောက်လေးခွတွေ၊ လေးမြားတွေနဲ့ တခြား ရရာလက်နက်တွေ စုဆောင်းထားကြတာပါ။

စနေနေ့တုန်းကတော့ ဟောင်ကောင်မှာ ရက်ပေါင်းများစွာ ပိတ်ဆို့ထားခဲ့တဲ့ လမ်းမကြီးတွေပေါ်က အတားအဆီးတွေကို Kowloon တဝိုက်က စစ်တန်းလျားတွေမှာ ရှိနေတဲ့ တရုတ်စစ်သားတွေက ထွက်ရှင်းကြပါတယ်။

ကာကီတီရှပ်နဲ့ အားကစားဘောင်းဘီတို အမည်းတွေ ဝတ်ထားတဲ့ PLA စစ်သားတွေ အတားအဆီးတွေ ရှင်းနေတာကို တရုတ်အစိုးရလိုလားတဲ့ နိုင်ငံရေးသမားတွေနဲ့ မြို့ခံတချို့က သွားရောက်ပူးပေါင်း လုပ်ဆောင်တာလည်း တွေ့ရပါတယ်။

တရုတ်စစ်သားတွေ ဒီလို ရှင်းလင်းပေမယ့် ပြည်မက တရုတ်လွတ်မြောက်ရေးတပ် PLA စစ်သားတွေ ဟောင်ကောင်လမ်းတွေပေါ်မှာ ရောက်လာတာက ဟောင်ကောင်သားတွေရဲ့ သံသယကို ပိုတိုးလာစေတာပါ။

ဗြိတိသျှအုပ်ချုပ်ခဲ့တဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်မှာ တရုတ်လက်ကို ပြန်ပေးခဲ့ချိန်က ဟောင်ကောင်သားတွေရဲ့ လွတ်လပ်မှုကို အာမခံခဲ့တာဖြစ်ပြီး အခု ပြည်မကြီးက တရုတ်ကွန်မြူနစ်ပါတီက ဝင်နှောက်လာတဲ့အတွက် ဒေါသထွက်နေတဲ့ ဟောင်ကောင်သားတွေက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

အာရှဒေသရဲ့ စီးပွားရေးအချက်အချာဒေသဖြစ်တဲ့ ဟောင်ကောင်မှာ ဒီဆန္ဒပြပွဲတွေက လနဲ့ချီ ဖြစ်ပွားနေတာပါ။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG