သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ဆႏၵျပပြဲ ပစ္ခတ္မႈ တဦးဒဏ္ရာရ


ေဟာင္ေကာင္ဆႏၵျပပဲြအတြင္း ဆႏၵျပသူတဦးကို ရဲက ေသနတ္ျဖင့္ ခ်ိန္ထားစဥ္ (ႏို၀င္ဘာ၊ ၁၁၊ ၂၀၁၉)

(Zawgyi/Unicode)

ေဟာင္ေကာင္မွာ ဒီေန႔ဆႏၵျပပြဲေတြအတြင္း ရဲရဲ႕ ပစ္ခတ္မႈေၾကာင့္ ဆႏၵျပသူ ၁ ေယာက္ ဒဏ္ရာရသြားပါတယ္။ လမ္းမတခုေပၚမွာ ဆႏၵျပသူ ၁ ေယာက္နဲ႔ရဲ႕ ထိပ္တိုက္ေတြ႔ေနခ်ိန္ အဲဒီနားကို ကပ္လာတဲ့ ေနာက္တေယာက္ကို ရဲက အနီးကပ္ ေသနတ္နဲ႔ပစ္လိုက္တဲ့ Video လည္း ပ်ံႏွံ႔ေနပါတယ္။

အဲဒီပစ္ခတ္မႈနဲ႔ ပတ္သက္လို႔ ရဲတပ္ဖဲြ႔က သတင္းစာ႐ွင္းပြဲမွာ ကာကြယ္ေျပာၾကားရာမွာ ရဲအရာ႐ွိက သူ႔ေသနတ္ကို လုယူမွာ စိုးရိမ္လို႔ ပစ္ခတ္ခဲ့တာလို႔ ရဲတပ္ဖဲြ႔ေျပာခြင့္ရသူက ေျပာၾကားခဲ့ပါတယ္။

ရင္ဘတ္ေနရာကို ေသနတ္ထိမွန္ခဲ့တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ဆႏၵျပသူေဆး႐ံုမွာ ခြဲစိတ္ကုသခံခဲ့ရၿပီး စိုးရိမ္ရတဲ့ အေျခအေနမွာ ႐ွိေနေသးတယ္လို႔ ေဆး႐ံုကေျပာပါတယ္။

ဆႏၵျပသူတခ်ဳိ႕နဲ႔အျငင္းပြားခဲ့သူ တေယာက္ကိုဆႏၵျပသူေတြက ေလာင္စာနဲ႔ပက္ၿပီး မီး႐ႈိ႕မႈလည္း ျဖစ္ခဲ့ပါတယ္။ အဲဒီသူကိုလည္း ေဆး႐ံုတင္ထားရပါတယ္။

ဒီေန႔ဆႏၵျပပြဲေတြအတြင္း ဆႏၵျပသူေတြဟာ မီးရထားလမ္းေတြ ကား လမ္းေတြကို ဆႏၵျပသူေတြ ပိတ္ဆို႔ တားဆီးခဲ့ၾကပါတယ္။ တကၠသိုလ္ဝန္းတခုမွာလည္း ဆႏၵျပသူေတြက ရဲေတြကို မီးေလာင္ဗံုးေတြနဲ႔ ပစ္ေပါက္ခ့ဲၾကပါတယ္။

တခ်ဳိ႕ေနရာေတြက ဆႏၵျပမႈေတြကို ရဲေတြက မ်က္ရည္ယိုဗံုးေတြ မီးသတ္ပိုက္ေတြသံုး လူစုခြဲခဲ့ပါတယ္။ ေဟာင္ေကာင္က ဒီကေန႔ ဆႏၵျပမႈေတြဟာ ၿငိမ္းခ်မ္းေရးနဲ႔ တရားဥပေဒစိုးမိုးေရးကို ေျပာင္ေျပာင္တင္းတင္း ခ်ဳိးေဖာက္ေနတယ္လို႔ ေဟာင္ေကာင္အစိုးရအႀကီးအကဲ Carrie Lam ကေျပာၾကားခဲ့ပါတယ္။

ဒီမိုကေရစီေရး ေတာင္းဆိုဆႏၵျပတာထက္ အမ်ားႀကီးလြန္က်ဴးၿပီး အၾကမ္းဖက္လုပ္ရပ္ေတြ လုပ္ေနၾကတယ္လို႔ ဒီေန႔ သတင္းစာ႐ွင္းပြဲမွာ ေျပာသြားပါတယ္။ ေဟာင္ေကာင္မွာ တ႐ုတ္ျပည္မႀကီး အစိုးရရဲ႕ လႊမ္းမိုး ထိန္းခ်ဳပ္မႈ ပိုမ်ားလာေနတယ္ဆိုၿပီး ဒီမိုကေရစီေရးေတာင္းဆို ဆႏၵျပပြဲေတြျဖစ္ေနတာ ၅ လၾကာ ႐ွိေနပါၿပီ။

ေဟာင္ေကာင္ဆႏၵျပပြဲ ပစ္ခတ္မႈ တဦးဒဏ္ရာရ
please wait

No media source currently available

0:00 0:01:29 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဟောင်ကောင်ဆန္ဒပြပွဲ ပစ်ခတ်မှု တဦးဒဏ်ရာရ

ဟောင်ကောင်မှာ ဒီနေ့ဆန္ဒပြပွဲတွေအတွင်း ရဲရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူ ၁ ယောက် ဒဏ်ရာရသွားပါတယ်။ လမ်းမတခုပေါ်မှာ ဆန္ဒပြသူ ၁ ယောက်နဲ့ရဲ့ ထိပ်တိုက်တွေ့နေချိန် အဲဒီနားကို ကပ်လာတဲ့ နောက်တယောက်ကို ရဲက အနီးကပ် သေနတ်နဲ့ပစ်လိုက်တဲ့ Video လည်း ပျံနှံ့နေပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းပွဲမှာ ကာကွယ်ပြောကြားရာမှာ ရဲအရာရှိက သူ့သေနတ်ကို လုယူမှာ စိုးရိမ်လို့ ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။

ရင်ဘတ်နေရာကို သေနတ်ထိမှန်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဆန္ဒပြသူဆေးရုံမှာ ခွဲစိတ်ကုသခံခဲ့ရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ ဆေးရုံကပြောပါတယ်။

ဆန္ဒပြသူတချို့နဲ့အငြင်းပွားခဲ့သူ တယောက်ကိုဆန္ဒပြသူတွေက လောင်စာနဲ့ပက်ပြီး မီးရှို့မှုလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီသူကိုလည်း ဆေးရုံတင်ထားရပါတယ်။

ဒီနေ့ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေဟာ မီးရထားလမ်းတွေ ကား လမ်းတွေကို ဆန္ဒပြသူတွေ ပိတ်ဆို့ တားဆီးခဲ့ကြပါတယ်။ တက္ကသိုလ်ဝန်းတခုမှာလည်း ဆန္ဒပြသူတွေက ရဲတွေကို မီးလောင်ဗုံးတွေနဲ့ပစ်ပေါက်ခဲ့ကြပါတယ်။

တချို့နေရာတွေက ဆန္ဒပြမှုတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေသုံး လူစုခွဲခဲ့ပါတယ်။ ဟောင်ကောင်က ဒီကနေ့ ဆန္ဒပြမှုတွေဟာ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ ဟောင်ကောင်အစိုးရအကြီးအကဲ Carrie Lam ကပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီရေးတောင်းဆိုဆန္ဒပြတာထက် အများကြီးလွန်ကျူးပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေကြတယ်လို့ ဒီနေ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ဟောင်ကောင်မှာ တရုတ်ပြည်မကြီး အစိုးရရဲ့ လွှမ်းမိုး ထိန်းချုပ်မှု ပိုများလာနေတယ်ဆိုပြီး ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြပွဲတွေဖြစ်နေတာ ၅ လကြာ ရှိနေပါပြီ။

XS
SM
MD
LG