(Zawgyi/Unicode)
ေဟာင္ေကာင္ကြ်န္းက ထင္ရွားတဲ႔ တကၠသိုလ္ တခုမွာ ဆႏၵျပသူေတြနဲ႔ အဓိကရုဏ္း ႏွိမ္နင္းေရး ရဲေတြၾကား အဂၤါေန႔ ညပိုင္း အထိ ထိပ္တိုက္ပဋိပကၡေတြ ျဖစ္ခဲ႔ပါတယ္။ ဒါဟာ ၅ လထဲကို ေရာက္ခဲ႔ၿပီ ျဖစ္တဲ႔ ေဟာင္ေကာင္ ဆႏၵျပပြဲေတြထဲက အၾကမ္းတမ္းဆံုး ဆႏၵျပပြဲ လည္း ျဖစ္ခဲ႔ပါတယ္။
ေဟာင္ေကာင္ တရုတ္တကၠသိုလ္ (Chinese University of Hong Kong) က ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗံုးေတြ ရာဘာက်ည္ေတြနဲ႔ ပစ္ခတ္ခဲ႔သလို ေက်ာင္းသားေတြက အုတ္ခဲေတြ၊ ဓာတ္ဆီပုလင္းေတြကို မီးရိႈႈ႕ၿပီး တုံ႔ျပန္ ပစ္ေပါက္ခဲ႔ၾကပါတယ္။ ေနာက္ဆံုးမွာေတာ့ ရဲေတြက မီးသတ္ကားေတြသံုးၿပီး ျပန္မဆုတ္ခင္ အထိ ႏွက္ဘက္ ထိပ္တိုက္ အၾကမ္းဖက္မႈေတြ ျဖစ္ခဲ႔ပါတယ္။
ေဟာင္ေကာင္ကြ်န္းက ဆႏၵျပပြဲေတြက စေနနဲ႔ တနဂၤေႏြေန႔မွာ အမ်ားဆံုး ေပၚေပါက္တာပါ။ ဒါေပမယ့္ တနလာၤေန႔တုန္းက ဆႏၵျပသူေတြက လမ္းေတြ၊ ရထားတြေပၚမွာ တားဆီး ပိတ္ပင္တာေတြ လုပ္ခဲ႔ၿပီးေနာက္ မၿငိမ္မသက္ျဖစ္ခဲ႔မႈက အဂၤါေန႔ အထိ ဆက္သြားတာ ျဖစ္ပါတယ္။
အဂၤါေန႔ လူအသြားအလာ ရႈပ္ေထြးခ်ိန္မွာ ပရမ္းပတာ ျဖစ္သြားေအာင္ လုပ္ခဲ႔ၾကတဲ႔ ဆႏၵျပသူေတြဟာ အင္မတန္ တကိုယ္ေကာင္းဆန္တယ္လို႔လည္း ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က ေျပာဆိုလိုက္ပါတယ္။
......................
ဟောင်ကောင်ဆန္ဒပြပွဲ ပိုပြင်းထန်လာ
(Unicode)
ဟောင်ကောင်ကျွန်းက ထင်ရှားတဲ့ တက္ကသိုလ် တခုမှာ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကြား အင်္ဂါနေ့ ညပိုင်း အထိ ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ၅ လထဲကို ရောက်ခဲ့ပြီ ဖြစ်တဲ့ ဟောင်ကောင် ဆန္ဒပြပွဲတွေထဲက အကြမ်းတမ်းဆုံး ဆန္ဒပြပွဲ လည်း ဖြစ်ခဲ့ပါတယ်။
ဟောင်ကောင် တရုတ်တက္ကသိုလ် (Chinese University of Hong Kong) က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့သလို ကျောင်းသားတွေက အုတ်ခဲတွေ၊ ဓာတ်ဆီပုလင်းတွေကို မီးရှိုှု့ပြီး တုံ့ပြန် ပစ်ပေါက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ရဲတွေက မီးသတ်ကားတွေသုံးပြီး ပြန်မဆုတ်ခင် အထိ နှက်ဘက် ထိပ်တိုက် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဟောင်ကောင်ကျွန်းက ဆန္ဒပြပွဲတွေက စနေနဲ့ တနင်္ဂနွေနေ့မှာ အများဆုံး ပေါ်ပေါက်တာပါ။ ဒါပေမယ့် တနလာၤနေ့တုန်းက ဆန္ဒပြသူတွေက လမ်းတွေ၊ ရထားတွပေါ်မှာ တားဆီး ပိတ်ပင်တာတွေ လုပ်ခဲ့ပြီးနောက် မငြိမ်မသက်ဖြစ်ခဲ့မှုက အင်္ဂါနေ့ အထိ ဆက်သွားတာ ဖြစ်ပါတယ်။
အင်္ဂါနေ့ လူအသွားအလာ ရှုပ်ထွေးချိန်မှာ ပရမ်းပတာ ဖြစ်သွားအောင် လုပ်ခဲ့ကြတဲ့ ဆန္ဒပြသူတွေဟာ အင်မတန် တကိုယ်ကောင်းဆန်တယ်လို့လည်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က ပြောဆိုလိုက်ပါတယ်။