သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြမှု အကြမ်းဖက်မှုအသွင်ပြောင်းလာ


ဟောင်ကောင်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် ဆန္ဒပြသူတဦး။ (နိုဝင်ဘာ ၁၀၊ ၂၀၁၉)
ဟောင်ကောင်ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် ဆန္ဒပြသူတဦး။ (နိုဝင်ဘာ ၁၀၊ ၂၀၁၉)

(Zawgyi / Unicode)

ဟောင်ကောင်မှာ သီတင်းပတ် ၂၄ ပတ်ဆက်တိုက် ကျင်းပလာတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို ဟောင်ကောင်ရဲတို့က မျက်ရည်ယိုဗုံးတွေသုံးပြီး ဒီကနေ့ လူစုခွဲခဲ့ပါတယ်။

Sha Tin မြို့သစ်ထဲက လမ်းမတွေကို ပိတ်ဆို့ခဲ့ကြတဲ့ ဆန္ဒပြသူတွေက ဈေးဝယ်စင်တာတွေကိုလည်း ဖျက်ဆီးခဲ့ကြတာပါ။

ခရိုင်ကောင်စီရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း ၂ ပတ်ပဲ လိုတော့တဲ့ Sha Tin မြို့လယ်က မီးရထားဘူတာရုံတခုကိုလည်း ဆန္ဒပြသူတွေ ဖျက်ဆီးခဲ့သလို တရုတ်ပြည်မကြီးကို ထောက်ခံကြတဲ့ စားသောက်ဆိုင်တွေကိုလည်း မွှေနှောက် ဖျက်ဆီးခဲ့ကြပါတယ်။

ကောင်စီအဆင့် ရွေးကောက်ပွဲဟာ တရုတ်အစိုးရ အုပ်ချုပ်နေတဲ့ ဟောင်ကောင်ရဲ့ အဆင့်အနိမ့်ဆုံး ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

Now TV ရုပ်သံကလည်း မြို့သစ်အနောက်ပိုင်း Tsuen Wan အရပ်မှာ မျက်ရည်ယိုဗုံးဒဏ် ခံခဲ့ရတဲ့ သူ့သတင်းထောက်တဦးရဲ့ လက်မောင်းရင်းက နီရဲနေတဲ့ အတော်ကြီးတဲ့ ဒဏ်ရာကို ပြသခဲ့ပါတယ်။

ဟောင်ကောင်ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်ရင်ဆိုင် တွေ့နေတဲ့ အချိန်မှာပဲ Sha Tin တမြို့လုံးမှာရှိတဲ့ ဈေးဝယ်စင်တာတွေမှာ ဒီကနေ့ ဆန္ဒပြပွဲတွေလုပ်ဖို့ ကြိုတင်စီစဉ်ထားတာပါ။

မြို့သစ်ထဲက ရထားဘူတာရုံကတော့ ပိတ်ထားပါတယ်။ ဈေးဝယ်သူတွေနဲ့ စည်ကားနေတတ်တဲ့ ဟောင်ကောင်ကျွန်းမကြီးပေါ်မှာတော့ တိတ်ဆိတ်နေပါတယ်။

ဟောင်ကောင်ရဲဌာနက ထုတ်ပြန်ချက်မှာတော့ အစွန်းရောက် ဆန္ဒပြသူတွေက နေရာအတော်များများမှာ စုဝေးနေပြီး ဈေးဝယ်စင်တာ အတော်များများကို ဝင်ပြီး လုယက်ဖျက်ဆီးခဲ့ကြသလို လူထုရဲ့ လုံခြုံရေးကိုလည်း အရေးမထားခဲ့ကြဘူးဆိုပြီး ဖော်ပြထားပါတယ်။

------------------------------------

(Unicode)










တိုက်ရိုက် လင့်ခ်


XS
SM
MD
LG