သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်စီးပွားရေး မှေးမှိန်


ဟောင်ကောင်ဆန္ဒပြပွဲတခုမြင်ကွင်း။
ဟောင်ကောင်ဆန္ဒပြပွဲတခုမြင်ကွင်း။

(Zawgyi / Unicode)

ဟောင်ကောင်ကျွန်းကို ဗြိတိန်အုပ်ချုပ်မှုအောက်ကနေ တရုတ်ကို ၁၉၉၇ ခုနှစ်မှာ လွှဲပြောင်းပေးခဲ့ချိန်ကစလို့ စီးပွားရေးလုပ်ငန်းတွေ လွတ်လပ်တဲ့နေရာဆိုတဲ့ ဂုဏ်သတင်းက တဖြည်းဖြည်းချင်း မှေးမှိန်လာခဲ့တာပါ။

အခုအခါမှာတော့ အစိုးရကို ဆန့်ကျင် ဆန္ဒပြသူတွေက ဒီမိုကရေစီ အရေးကိုပါ တိုးမြှင့် တောင်းဆိုလာကြပြီး ဆန္ဒပြပွဲတွေဟာ ပိုပြီး အကြမ်းဖက်လာခဲ့ချိန်မှာတော့ စီးပွားရေး လုပ်ရကိုင်ရ အခင်းအကျင်းက ပိုပြီး ဆိုးလာပါတယ်။

အခုအချိန်မှာတော့ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းလာလိုသူတွေထဲမှာ အဆင့်မြင့်နည်းပညာရှင်တွေ၊ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေလည်း ပါဝင်လာပါတယ်။

ပြီးခဲ့တဲ့ ၅ လ ဆန္ဒပြမှုတွေ စခဲ့ချိန်နဲ့ နှိုင်းယှဉ်ရင် အခုအချိန်မှာ အမေရိကန်ကို ရွှေ့ပြောင်းအခြေချရေး စုံစမ်းသူက ၄ ဆ တိုးလာတယ်လို့ John Hu ဝန်ဆောင်မှု လုပ်ငန်း အကြီးအကဲ John Hu က ပြောပါတယ်။

တလကို ဖုန်းဆက်မေးမြန်းသူက ထောင်ချီရှိနေပြီး အများစုကတော့ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျတို့ကို ရွှေ့ပြောင်းလိုနေကြတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒီအတွက်ကြောင့်ပဲ အမေရိကန်ကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြည်ဝင်ခွင့် EB-5 ဗီဇာ လိုချင်သူတွေအနေနဲ့ ဒေါ်လာ ၅၀၀,၀၀၀ အဖြစ် ၁၉၉၃ ခုနှစ်က သတ်မှတ်ချက်ကနေ လာမယ့်လမှာတော့ ဒေါ်လာ ၉၀၀,၀၀၀ အထိ တိုးသွားဖို့ ရှိနေပါတယ်။

EB-5 ဗီဇာဟာဆိုရင် အမေရိကန်ပြည်တွင်းက စီးပွားရေး ရုန်းကန်နေရတဲ့ ဒေသတွေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေကို အထူးအခွင့်အရေးအဖြစ်နဲ့ ၂ နှစ် နေထိုင်ခွင့် ပေးထားတာပါ။

အခုလောလောဆယ် သတ်မှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု သတ်မှတ်ချက်အရ လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့အထိ လျှောက်ထားနိုင်မှာလည်း ဖြစ်ပါတယ်။

------------------------------------

(Unicode)








တိုက်ရိုက် လင့်ခ်


XS
SM
MD
LG