သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အုပ်ချုပ်ရေးမှူး လွှတ်တော်မိန့်ခွန်း တဝက်တပျက်အဆုံးသတ်


၄ လကြာ ဆန္ဒပြပွဲတွေ ကြုံနေရတဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီရေး လိုလားသူ လွှတ်တော်အမတ်တွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုတွေကြောင့် လွှတ်တော်မှာ ဒီကနေ့ အုပ်ချုပ်ရေးမှူး Carrie Lam ရဲ့ နှစ်ပတ်လည် အခြေပြ မိန့်ခွန်းကို တဝက်တပျက်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။

အုပ်ချုပ်ရေးမှူးလက်မှာ သွေးစွန်းနေတဲ့ပုံတွေပါတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လွှတ်တော်အမတ်တွေက လွှတ်တော်ခန်းမထဲ ဝင်လာတဲ့ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြခဲ့ကြတာပါ။ နောက်ပိုင်း မိန့်ခွန်းပြောနေတဲ့ အချိန်မှာလည်း အော်ဟစ်ကန့်ကွက်ခဲ့ကြတဲ့အတွက် မိန့်ခွန်းစပြောပြီး သိပ်မကြာခင်မှာပဲ အဆုံးသတ်ခဲ့ရပါတယ်။

နောက်တကြိမ် လွှတ်တော်ခန်းမထဲ ပြန်ဝင်လာပြီး မိန့်ခွန်းဆက်ပြောဖို့ ကြိုးပမ်းခဲ့ပေမဲ့လည်း ကန့်ကွက်မှုတွေ ပြင်းထန်လာတဲ့အတွက် လွှတ်တော် ဥက္ကဋ္ဌ Andrew Leung က အခန်းအနား ရပ်နားကြောင်း ကြေညာခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ နှစ်ပတ်လည် အခြေပြ မိန့်ခွန်းကို အုပ်ချုပ်ရေးမှူး Lam က ရုပ်မြင်သံကြားကနေ ပြောကြားခဲ့ရတာပါ။ တချိန်တည်းမှာပဲ ဟောင်ကောင်က ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ တရုတ်ပြည်မကြီးရဲ့ စွက်ဖက်မှုတွေကို ပြစ်တင်ရှုတ်ချတာ အပါအဝင် ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြသူတွေကို ထောက်ခံအားပေးတဲ့ အစီအစဉ်တွေကို အမေရိကန် အောက်လွှတ်တော်မှာ မနေ့ကပဲ အတည်ပြုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စီးပွားရေး အကျိုးအမြတ်ကိုကြည့်ပြီး ပြတ်ပြတ်သားသား မပြောဘူးဆိုရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ကမ္ဘာတဝန်းမှာ လူ့အခွင့်အရေးအတွက် ပြောရေးဆိုခွင့် ဆုံးရှုံးရလိမ့်မယ် ဆိုပြီးတော့လည်း အတိုက်အခံ ဒီမိုကရက်တွေ အများစုနဲ့ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi က ပြောဆိုခဲ့တာပါ။

ရာဇဝတ်မှုနဲ့ သံသယရှိသူတွေကို ပြည်ပလွဲှပြောင်းပေးနိုင်မယ့် ဥပဒေကြမ်းကို ကန့်ကွက်ရာက ဇူလိုင်လကစတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာတော့ ဒီမိုကရေစီ အပြည့်အဝရရှိရေး ရဲတပ်ဖွဲ့က အင်အားအလွန်အကျွံသုံး နှိမ်နင်းခဲ့တာကို စုံစမ်းဖော်ထုတ်ဖို့ ဖမ်းဆီးခံ တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အုပ်ချုပ်ရေးမှူး နုတ်ထွက်ဖို့အထိ တောင်းဆိုလာကြပါတယ်။

[Unicode Version]







တိုက်ရိုက် လင့်ခ်
XS
SM
MD
LG