သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စေနေန႔ ေဟာင္ေကာင္ဆႏၵျပပြဲ ေအးေအးခ်မ္းခ်မ္းရွိ


ေဟာင္ေကင္တြင္ မ်က္ႏွာဖုံးတပ္ၿပီး ခ်ီတက္ဆႏၵျပေနသူမ်ား။ (ေအာက္တုိဘာ ၁၂၊ ၂၀၁၉)

ေဟာင္ေကာင္မွာ ဥပေဒနဲ႔မညီတဲ့ စုေဝးဆႏၵျပတာေတြ မလုပ္ဖို႔ ရဲတပ္ဖြဲ႔က သတိေပးထားတဲ့ၾကားမွာပဲ စေနေန႔က ေနရာအေတာ္မ်ားမ်ားမွာ ဆႏၵျပပြဲေတြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ၿပီးသြားခဲ့ပါတယ္။

Kowloon အရပ္က ဆႏၵျပပြဲအတြင္း ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး Carrie Lam အေနနဲ႔ ဗုဒၶဟူးေန႔မွာေျပာမယ့္ မူဝါဒေရးရာ ႏွစ္ပတ္လည္မိန္႔ခြန္း မတိုင္ခင္ ေတာင္းဆုိခ်က္ေတြကို လိုက္ေလ်ာဖို႔ ထပ္ၿပီး ဖိအားေပးခဲ့ၾကပါတယ္။

ဥပေဒနဲ႔မညီတဲ့ စုေဝးမႈအျဖစ္ ရဲတပ္ဖြဲ႔က သတ္မွတ္ထားတဲ့ Kowloon က ဆႏၵျပပြဲမွာ လူ ေထာင္ေပါင္းမ်ားစြာ ပူးေပါင္း ပါဝင္ခဲ့ၾကတာပါ။

အဓိက႐ုဏ္းႏွိမ္နင္းေရး ေခါင္းေဆာင္းေတြ ဝတ္ထားတဲ့ ရဲတပ္ဖြဲ႔တစုကလည္း သူတို႔ရဲ႕ ပလတ္စတစ္ဒိုင္းေတြကို နံပါတ္တုတ္ေတြနဲ႔ ထု႐ိုက္ အသံေပးၿပီးေတာ့ ေနာက္ဘက္ ခပ္လွမ္းလွမ္းကေန လိုက္သြားၾကရင္း ဆႏၵျပသူေတြ ခ်သြားခဲ့တဲ့ အတားအဆီးေတြကို ဖယ္ရွားခဲ့ၾကပါတယ္။

ဆႏၵျပပြဲေတြမွာ ပါဝင္သူေတြ မ်က္ႏွာဖံုးတပ္ရင္ ေထာင္ဒဏ္တႏွစ္ ခ်မွတ္မယ္လုိ႔ အမိန္႔ထုတ္ထားတာ သီတင္းတပတ္ၾကာၿပီ ျဖစ္ေပမယ့္လည္း ဆႏၵျပသူ အမ်ားစုက အဲဒီအမိန္႔ကို အံတုၿပီး မ်က္ႏွာဖံုးေတြတပ္ၿပီးေတာ့ ဆႏၵျပ ခ်ီတက္ခဲ့ၾကပါတယ္။

------------------------

(Unicode)

စနေနေ့ ဟောင်ကောင်ဆန္ဒပြပွဲ အေးအေးချမ်းချမ်းရှိ

ဟောင်ကောင်မှာ ဥပဒေနဲ့မညီတဲ့ စုဝေးဆန္ဒပြတာတွေ မလုပ်ဖို့ ရဲတပ်ဖွဲ့က သတိပေးထားတဲ့ကြားမှာပဲ စနေနေ့က နေရာအတော်များများမှာ ဆန္ဒပြပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားခဲ့ပါတယ်။

Kowloon အရပ်က ဆန္ဒပြပွဲအတွင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam အနေနဲ့ ဗုဒ္ဓဟူးနေ့မှာပြောမယ့် မူဝါဒရေးရာ နှစ်ပတ်လည်မိန့်ခွန်း မတိုင်ခင် တောင်းဆိုချက်တွေကို လိုက်လျောဖို့ ထပ်ပြီး ဖိအားပေးခဲ့ကြပါတယ်။

ဥပဒေနဲ့မညီတဲ့ စုဝေးမှုအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ထားတဲ့ Kowloon က ဆန္ဒပြပွဲမှာ လူ ထောင်ပေါင်းများစွာ ပူးပေါင်း ပါဝင်ခဲ့ကြတာပါ။

အဓိကရုဏ်းနှိမ်နင်းရေး ခေါင်းဆောင်းတွေ ဝတ်ထားတဲ့ ရဲတပ်ဖွဲ့တစုကလည်း သူတို့ရဲ့ ပလတ်စတစ်ဒိုင်းတွေကို နံပါတ်တုတ်တွေနဲ့ ထုရိုက် အသံပေးပြီးတော့ နောက်ဘက် ခပ်လှမ်းလှမ်းကနေ လိုက်သွားကြရင်း ဆန္ဒပြသူတွေ ချသွားခဲ့တဲ့ အတားအဆီးတွေကို ဖယ်ရှားခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေ မျက်နှာဖုံးတပ်ရင် ထောင်ဒဏ်တနှစ် ချမှတ်မယ်လို့ အမိန့်ထုတ်ထားတာ သီတင်းတပတ်ကြာပြီ ဖြစ်ပေမယ့်လည်း ဆန္ဒပြသူ အများစုက အဲဒီအမိန့်ကို အံတုပြီး မျက်နှာဖုံးတွေတပ်ပြီးတော့ ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG