သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပပြဲကိုင္တြယ္ေရး တ႐ုတ္အကူအညီယူဖို႔ ပယ္ခ်မထားေၾကာင္း ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴးေျပာ


ေဟာင္ေကာင္ ဒီမုိကေရစီေရး ဆႏၵျပပြဲေတြကို ကုိင္တြယ္တဲ့ေနရာမွာ တ႐ုတ္ျပည္မႀကီးရဲ႕ အကူအညီယူဖို႔ကိစၥကို လံုးဝပယ္ခ်မထားေပမယ့္ ဒီကိစၥအတြက္ အေျဖတရပ္ကို ကိုယ့္ဖာသာ ရွာႏုိ္င္မယ္လို႔ေတာ့ အခုိင္အမာယုံၾကည္ေၾကာင္း ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႈး Carrie Lam က အဂၤါေန႔မွာ ေျပာပါတယ္။

ဒီကိစၥကို ေဟာင္ေကာင္အေနနဲ႔ ကိုယ့္ဘာသာကိုယ္တြယ္ဖို႔ တ႐ုတ္အစိုးရက လို္လားေပမယ့္ အေျခအေနေတြ သိပ္ကို ဆိုးရြားလာမယ္ဆိုရင္ေတာ့ ေရြးခ်ယ္စရာမ႐ွိတဲ့ အေနအထားမ်ိဳးကို ေရာက္လာႏုိင္တယ္လို႔လည္း အုပ္ခ်ဳပ္ေရးမႈး Lam ကသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါ တယ္။

ဆႏၵျပပြဲ အ႐ွိန္ပိုျမင့္လာတဲ့ ေဟာင္ေကာင္မွာ ဆႏၵျပသူေတြ မ်က္ႏွာဖံုးစြပ္ ဆႏၵျပတာကို ၿပီးခဲ့တဲ့ သီတင္းပတ္က တားျမစ္မိန္႔ထုတ္ျပန္ခဲ့သလို ေနာက္ထပ္စည္းမ်ဥ္းစည္းကမ္းေတြ ထုတ္ျပန္ဖို႔ လိုမလားဆိုတဲ့ကိစၥကို အေသအခ်ာ ျပန္သုံးသပ္မယ္လို႔ အုပ္ခ်ဳပ္ေရးမႈး Lam ကေျပာပါတယ္။

မ်က္ႏွာဖုံးတပ္ ဆႏၵျပတဲ့အတြက္ လက္ရွိခ်ိန္ထိ ဖမ္းဆီးထားတဲ့သူ ၇၇ ဦးရွိသြားၿပီလို႔ ေဟာင္ေကာင္ရဲဌာန ေျပာခြင့္ရက ဆိုပါတယ္။ ဒီတားျမစ္မိန္႔က ထိေရာက္မႈရွိရဲ႕လားဆိုတာ ေျပာဖို႔ေစာေသးတယ္လို႔လည္း မစၥ Lam ကေျပာပါတယ္။

အဲဒီလို တားျမစ္မိန္႔ ထုတ္ျပန္ခဲ့တဲ့အတြက္ ဆႏၵျပသူေတြ ပိုၿပီး စိတ္ဆိုး ေဒါသထြက္ခဲ့ၾကၿပီး အဲဒီတားျမစ္မိန္႔ကို အာခံတဲ့အေနနဲ႔ ေသာင္းနဲ႔ခ်ီတဲ့ ေဟာင္ေကာင္ေဒသခံေတြ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။

အာဏာပိုင္ေတြဘက္က လက္စားေျခဖမ္းဆီးမွာကိုေရာ၊ တ႐ုတ္ျပည္မႀကီးကို သူတုိ႔ ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာ ေပးပို႔မွာကိုပါ မလိုလားၾကတဲ့အတြက္ ေဟာင္ေကာင္ ဆႏၵျပပြဲ ေတြမွာ မ်က္ႏွာဖံုးေတြတပ္ၿပီး ဆႏၵျပေလ့ရွိပါတယ္။

၂၀၀၃ ခုႏွစ္က ေဟာင္ေကာင္မွာ SARS ေရာဂါ ကူးစက္ျပန္႔ပြားခဲ့ခ်ိန္အပါအဝင္ ေလထုညစ္ညမ္းမႈ ဒါမွမဟုတ္ ေရာဂါပိုးကူးစက္မႈတို႔ကေန ကာကြယ္ဖို႔ ေဟာင္ေကာင္ေဒသခံ အေတာ္မ်ားမ်ားဟာ မ်က္ႏွာဖံုးေတြကို သံုးၾကေလ့ရွိပါတယ္။

.......................

{Unicode}

ဆန္ဒပြပွဲကိုင်တွယ်ရေး တရုတ်အကူအညီယူဖို့ ပယ်ချမထားကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးပြော

ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို ကိုင်တွယ်တဲ့နေရာမှာ တရုတ်ပြည်မကြီးရဲ့ အကူအညီယူဖို့ကိစ္စကို လုံးဝပယ်ချမထားပေမယ့် ဒီကိစ္စအတွက် အဖြေတရပ်ကို ကိုယ့်ဖာသာ ရှာနိုင်မယ်လို့တော့ အခိုင်အမာယုံကြည်ကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှုး Carrie Lam က အင်္ဂါနေ့မှာ ပြောပါတယ်။

ဒီကိစ္စကို ဟောင်ကောင်အနေနဲ့ ကိုယ့်ဘာသာကိုယ်တွယ်ဖို့ တရုတ်အစိုးရက လိုလားပေမယ့် အခြေအနေတွေ သိပ်ကို ဆိုးရွားလာမယ်ဆိုရင်တော့ ရွေးချယ်စရာမရှိတဲ့ အနေအထားမျိုးကို ရောက်လာနိုင်တယ်လို့လည်း အုပ်ချုပ်ရေးမှုး Lam ကသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါ တယ်။

ဆန္ဒပြပွဲ အရှိန်ပိုမြင့်လာတဲ့ ဟောင်ကောင်မှာ ဆန္ဒပြသူတွေ မျက်နှာဖုံးစွပ် ဆန္ဒပြတာကို ပြီးခဲ့တဲ့ သီတင်းပတ်က တားမြစ်မိန့်ထုတ်ပြန်ခဲ့သလို နောက်ထပ်စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ဖို့ လိုမလားဆိုတဲ့ကိစ္စကို အသေအချာ ပြန်သုံးသပ်မယ်လို့ အုပ်ချုပ်ရေးမှုး Lam ကပြောပါတယ်။

မျက်နှာဖုံးတပ် ဆန္ဒပြတဲ့အတွက် လက်ရှိချိန်ထိ ဖမ်းဆီးထားတဲ့သူ ၇၇ ဦးရှိသွားပြီလို့ ဟောင်ကောင်ရဲဌာန ပြောခွင့်ရက ဆိုပါတယ်။ ဒီတားမြစ်မိန့်က ထိရောက်မှုရှိရဲ့လားဆိုတာ ပြောဖို့စောသေးတယ်လို့လည်း မစ္စ Lam ကပြောပါတယ်။

အဲဒီလို တားမြစ်မိန့် ထုတ်ပြန်ခဲ့တဲ့အတွက် ဆန္ဒပြသူတွေ ပိုပြီး စိတ်ဆိုး ဒေါသထွက်ခဲ့ကြပြီး အဲဒီတားမြစ်မိန့်ကို အာခံတဲ့အနေနဲ့ သောင်းနဲ့ချီတဲ့ ဟောင်ကောင်ဒေသခံတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

အာဏာပိုင်တွေဘက်က လက်စားခြေဖမ်းဆီးမှာကိုရော၊ တရုတ်ပြည်မကြီးကို သူတို့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ပေးပို့မှာကိုပါ မလိုလားကြတဲ့အတွက် ဟောင်ကောင် ဆန္ဒပြပွဲ တွေမှာ မျက်နှာဖုံးတွေတပ်ပြီး ဆန္ဒပြလေ့ရှိပါတယ်။

၂၀၀၃ ခုနှစ်က ဟောင်ကောင်မှာ SARS ရောဂါ ကူးစက်ပြန့်ပွားခဲ့ချိန်အပါအဝင် လေထုညစ်ညမ်းမှု ဒါမှမဟုတ် ရောဂါပိုးကူးစက်မှုတို့ကနေ ကာကွယ်ဖို့ ဟောင်ကောင်ဒေသခံ အတော်များများဟာ မျက်နှာဖုံးတွေကို သုံးကြလေ့ရှိပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG