သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ တုိးျမႇင့္ေရး ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ေဆြးေႏြး


ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး Carrie Lam (စက္တင္ဘာ၊ ၁၀၊ ၂၀၁၉)

ေဟာင္ေကာင္ကၽြန္းအစိုးရနဲ႔ ျမန္မာအစိုးရၾကား ဆက္ဆံေရးတိုးတက္ေစဖုိ႔ ေမွ်ာ္လင့္ေၾကာင္းနဲ႔ အခုထက္ပိုၿပီး ဘယ္လိုရင္းႏွီးျမႈပ္ႏွံမႈေတြ လုပ္ႏိုင္မလဲ နည္းလမ္း႐ွာေဖြမယ္လို႔ ေဟာင္ေကာင္အစိုးရအႀကီးအကဲ Carrie Lam က ေျပာၾကားလိုက္ပါတယ္။

ေဟာင္ေကာင္မွာက်င္းပတဲ့ ေခတ္သစ္ပိုးလမ္းမႀကီးဆိုင္ရာ ထိပ္သီးစည္းေဝးပြဲကို တက္ေရာက္ေနတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ဥကၠ႒ ဦးေသာင္းထြန္းနဲ႔ ၾကာသပေတးေန႔က ေတြ႔ဆံုအၿပီးမွာ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က ေျပာၾကားခဲ့တာပါ။

ေတ႔ြဆံုပြဲအတြင္း ရင္းႏွီးျမႈပ္ႏွံမႈ တိုးျမွင့္ေရးနဲ႔ ၂ ႏိုင္ငံၾကား Visa ကင္းလြတ္ခြင့္ေပးထားခ်ိန္ ထပ္တိုးေရးကိစၥေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ တ႐ုတ္အစိုးရပိုင္ ႐ွင္ဟြာသတင္းမွာ ေဖာ္ျပပါတယ္။ ျမန္မာႏိုင္ငံကိုလာတဲ့ ေဟာင္ေကာင္ Passport ကိုင္ေဆာင္တဲ့ ကမာၻလွည့္ခရီးသည္ေတြအတြက္ ျပည္ဝင္ခြင့္ကင္းလြတ္ခြင့္ကို ေရွ႕ႏွစ္ စက္တင္ဘာလအထိ သက္တမ္း ၁ ႏွစ္ ထပ္တုိးေပးတာကို အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က ေထာက္ျပၿပီး ၂ ႏိုင္ငံၾကား ဆက္ဆံေရးနဲ႔ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္မႈ ေနာက္ထပ္ တုိးတက္ႏိုင္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီမိုကေရစီေရး ေတာင္းဆိုဆႏၵျပမႈေတြ သီတင္းပတ္နဲ႔ခ်ီ ေဟာင္ေကာင္မွာျဖစ္ေနတဲ့ ကိစၥနဲ႔ပတ္သက္လို႔ ေဟာင္ေကာင္အေရးဟာ ျပည္တြင္းေရး မိသားစုအေရးျပႆနာ ျဖစ္တယ္လို႔ ျမန္မာအစိုးရက မၾကာခင္ကပဲ ေျပာၾကားထားပါတယ္။

ေဟာင္ေကာင္မွာ လြတ္လပ္စြာေျပာဆိုခြင့္ကို ေလးစားရမွာ ျဖစ္သလို တစ္ခ်ိန္တည္းမွာပဲ ေဟာင္ေကာင္က ဘယ္ အၾကမ္းဖက္မႈကို မဆို ျပစ္တင္ ရႈတ္ခ်ရပါမယ္လို႔ ဂ်ီနီဗာျမိဳ႕ ကုလသမဂၢဆိုင္ရာ ျမန္မာ အျမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းက လတ္တေလာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ျမန္မာနဲ႔ေဟာင္ေကာင္ၾကား ရင္းႏွီးျမႈပ္ႏွံမႈ တိုးျမွင့္ေရး သေဘာတူညီမႈရဖုိ႔ ညွိႏႈိင္းေနတယ္လို႔လည္း သူကေျပာပါတယ္။ ျမန္မာႏိုင္ငံအပါအဝင္ အာဆီယံႏိုင္ငံတခ်ဳိ႕နဲ႔ ေဟာင္ေကာင္ၾကား လြတ္လပ္စြာကုန္သြယ္ေရးသေဘာတူညီခ်က္ကေတာ့ ဇြန္ လမွာ စတင္အသက္ဝင္ပါတယ္။

[Unicode Version]

ဟောင်ကောင်ကျွန်းအစိုးရနဲ့ မြန်မာအစိုးရကြား ဆက်ဆံရေးတိုးတက်စေဖို့ မျှော်လင့်ကြောင်းနဲ့ အခုထက်ပိုပြီး ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်မလဲ နည်းလမ်းရှာဖွေမယ်လို့ ဟောင်ကောင်အစိုးရအကြီးအကဲ Carrie Lam ကပြောကြားလိုက်ပါတယ်။

ဟောင်ကောင်မှာကျင်းပတဲ့ ခေတ်သစ်ပိုးလမ်းမကြီးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနဲ့ ကြာသပတေးနေ့က တွေ့ဆုံအပြီးမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ပြောကြားခဲ့တာပါ။

တေ့ွဆုံပွဲအတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနဲ့ ၂ နိုင်ငံကြား Visa ကင်းလွတ်ခွင့်ပေးထားချိန် ထပ်တိုးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံကိုလာတဲ့ ဟောင်ကောင် Passport ကိုင်ဆောင်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ပြည်ဝင်ခွင့်ကင်းလွတ်ခွင့်ကို ရှေ့နှစ် စက်တင်ဘာလအထိ သက်တမ်း ၁ နှစ် ထပ်တိုးပေးတာကို အုပ်ချုပ်ရေးမှူး Carrie Lam က ထောက်ပြပြီး ၂ နိုင်ငံကြား ဆက်ဆံရေးနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု နောက်ထပ် တိုးတက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြမှုတွေ သီတင်းပတ်နဲ့ချီ ဟောင်ကောင်မှာဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဟောင်ကောင်အရေးဟာ ပြည်တွင်းရေး မိသားစုအရေးပြဿနာ ဖြစ်တယ်လို့ မြန်မာအစိုးရက မကြာခင်ကပဲ ပြောကြားထားပါတယ်။

ဟောင်ကောင်မှာ လွတ်လပ်စွာပြောဆိုခွင့်ကို လေးစားရမှာ ဖြစ်သလို တစ်ချိန်တည်းမှာပဲ ဟောင်ကောင်က ဘယ် အကြမ်းဖက်မှုကို မဆို ပြစ်တင် ရှုတ်ချရပါမယ်လို့ ဂျီနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက လတ်တလော ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနဲ့ဟောင်ကောင်ကြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး သဘောတူညီမှုရဖို့ ညှိနှိုင်းနေတယ်လို့လည်း သူကပြောပါတယ်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတချို့နဲ့ ဟောင်ကောင်ကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကတော့ ဇွန် လမှာ စတင်အသက်ဝင်ပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG