သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရးေပၚစီမံခ်က္ဥပေဒျပဌာန္းဖို႔ ေဟာင္ေကာင္အာဏာပိုင္ေတြသံုးသပ္ေန


ေဟာင္ေကာင္မွာ ဇြန္လကစလုိ႔ ဆႏၵျပပဲြေတြ အႀကီးအက်ယ္ ႀကံဳေနရတာေတြကုိ ႏွိမ္နင္းဖုိ႔ ႀကိဳးပမ္းတဲ့ အေနနဲ႔ ဆႏၵျပသူေတြ မ်က္ႏွာဖုံး စြပ္တာေတြကုိ တားျမစ္တာ အပါအ၀င္ အေရးေပၚစီမံခ်က္ ဥပေဒ ျပဌာန္းဖုိ႔ အာဏာပုိင္ေတြ စဥ္းစားေနပါတယ္။

ေဟာင္ေကာင္ အမႈေဆာင္ေကာင္စီနဲ႔ ေတြ႔ဆုံၿပီး မနက္ျဖန္ ေသာၾကာေန႔မွာ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က အစီအစဥ္ကုိ တရား၀င္ ေၾကညာလိမ့္မယ္လုိ႔လည္း ေဒသခံသတင္းေတြက ေဖာ္ျပေနၾကတာပါ။ ဆႏၵျပသူ ေတာ္ေတာ္မ်ားမ်ားကေတာ့ ကုိယ္ဘယ္သူဆုိတာ မသိေအာင္ မ်က္ႏွာဖုံးေတြ ၀တ္ဆင္ေလ့ ရွိၾကပါတယ္။

အေရးေပၚ ေၾကညာခ်က္မွာေတာ့ မ်က္ႏွာဖုံး မစြပ္ဖုိ႔ တားျမစ္ခ်က္အျပင္ ညမထြက္ရအမိန္႔နဲ႔ တျခားကန္႔သတ္ခ်က္ေတြလည္း ပါ၀င္မွာပါ။

တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံအျဖစ္ ကြန္ျမဴနစ္ပါတီက ဦးေဆာင္ တည္ေထာင္ခဲ့တဲ့ ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ေန႔ျဖစ္တဲ့ အဂၤါေန႔မွာပဲ ဒီမုိကေရစီေရး လႈပ္ရွားသူေတြနဲ႔ ရဲတပ္ဖဲြ႔၀င္ေတြၾကား ေဟာင္ေကာင္မွာ ႐ုန္းရင္းဆန္ခတ္ ျဖစ္တဲ့အထိ ဆႏၵျပပဲြေတြ ႀကံဳခဲ့ရၿပီးေနာက္မွာပဲ အေရးေပၚ အေျခအေန ထုတ္ျပန္ဖုိ႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

အဂၤါေန႔က ဆႏၵျပပဲြအတြင္းအသက္ ၁၈ ႏွစ္အရြယ္ လူငယ္တေယာက္က သံဒုတ္နဲ႔ တုိက္ခုိက္ဖုိ႔ လုပ္တဲ့အတြက္ လုံထိန္းရဲက အနီးကပ္ ရင္ဘတ္ကုိ ပစ္ခတ္ခဲ့တာပါ။ ဒါဟာဆုိရင္ ဆႏၵျပပဲြေတြ စျဖစ္ခ်ိန္ကစလုိ႔ ပထမဆုံးအႀကိမ္ က်ည္ဆံအစစ္သုံး ႏွိမ္နင္းခဲ့တာလည္း ျဖစ္ပါတယ္။

Reuters သတင္းတပုဒ္မွာေတာ့ ရဲတပ္ဖဲြ႔ရဲ႕ လုပ္ထုံးလုပ္နည္းကုိ မၾကာေသးခင္ကပဲ ျပင္ဆင္ထားၿပီး လုံၿခံဳေရး တပ္ဖဲြ႔၀င္ေတြ အေနနဲ႔ အေျခအေနအရ လုိအပ္ရင္ လုိအပ္သလုိ တုံ႔ျပန္ဖုိ႔ခြင့္ျပဳလုိက္ေၾကာင္းလည္း ရဲတပ္ဖဲြ႔လမ္းညႊန္ခ်က္ အသစ္ကုိ ကုိးကားၿပီး ေဖာ္ျပထားတာပါ။

ေျမျပင္မွာ ႀကံဳရတဲ့အေျခအေနအရ ကုိယ့္ဘာသာ တာ၀န္ယူေျဖရွင္းဖုိ႔ အင္အားအတုိင္းအဆ ဘယ္ေလာက္အထိ သုံးဖုိ႔ဆုိတာေတြကုိ ကုိယ္တုိင္ဆုံးျဖတ္ဖုိ႔ ခြင့္ျပဳလုိက္ေၾကာင္းလည္း သတင္းမီဒီယာေတြကုိ ေပါက္ၾကားခဲ့တဲ့ မွတ္တမ္းမွာ ေဖာ္ျပထားပါတယ္။

[Unicode Version]

ဟောင်ကောင်မှာ ဇွန်လကစလို့ ဆန္ဒပြပွဲတွေ အကြီးအကျယ် ကြုံနေရတာတွေကို နှိမ်နင်းဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဆန္ဒပြသူတွေ မျက်နှာဖုံး စွပ်တာတွေကို တားမြစ်တာ အပါအဝင် အရေးပေါ်စီမံချက် ဥပဒေ ပြဌာန်းဖို့ အာဏာပိုင်တွေ စဉ်းစားနေပါတယ်။

ဟောင်ကောင် အမှုဆောင်ကောင်စီနဲ့ တွေ့ဆုံပြီး မနက်ဖြန် သောကြာနေ့မှာ အုပ်ချုပ်ရေးမှူး Carrie Lam က အစီအစဉ်ကို တရားဝင် ကြေညာလိမ့်မယ်လို့လည်း ဒေသခံသတင်းတွေက ဖော်ပြနေကြတာပါ။ ဆန္ဒပြသူ တော်တော်များများကတော့ ကိုယ်ဘယ်သူဆိုတာ မသိအောင် မျက်နှာဖုံးတွေ ဝတ်ဆင်လေ့ ရှိကြပါတယ်။

အရေးပေါ် ကြေညာချက်မှာတော့ မျက်နှာဖုံး မစွပ်ဖို့ တားမြစ်ချက်အပြင် ညမထွက်ရအမိန့်နဲ့ တခြားကန့်သတ်ချက်တွေလည်း ပါဝင်မှာပါ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကွန်မြူနစ်ပါတီက ဦးဆောင် တည်ထောင်ခဲ့တဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်နေ့ဖြစ်တဲ့ အင်္ဂါနေ့မှာပဲ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဟောင်ကောင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အထိ ဆန္ဒပြပွဲတွေ ကြုံခဲ့ရပြီးနောက်မှာပဲ အရေးပေါ် အခြေအနေ ထုတ်ပြန်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ဆန္ဒပြပွဲအတွင်းအသက် ၁၈ နှစ်အရွယ် လူငယ်တယောက်က သံဒုတ်နဲ့ တိုက်ခိုက်ဖို့ လုပ်တဲ့အတွက် လုံထိန်းရဲက အနီးကပ် ရင်ဘတ်ကို ပစ်ခတ်ခဲ့တာပါ။ ဒါဟာဆိုရင် ဆန္ဒပြပွဲတွေ စဖြစ်ချိန်ကစလို့ ပထမဆုံးအကြိမ် ကျည်ဆံအစစ်သုံး နှိမ်နင်းခဲ့တာလည်း ဖြစ်ပါတယ်။

Reuters သတင်းတပုဒ်မှာတော့ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းကို မကြာသေးခင်ကပဲ ပြင်ဆင်ထားပြီး၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အနေနဲ့ အခြေအနေအရ လိုအပ်ရင် လိုအပ်သလို တုံ့ပြန်ဖို့ခွင့်ပြုလိုက်ကြောင်းလည်း ရဲတပ်ဖွဲ့လမ်းညွှန်ချက် အသစ်ကို ကိုးကားပြီး ဖော်ပြထားတာပါ။

မြေပြင်မှာ ကြုံရတဲ့အခြေအနေအရ ကိုယ့်ဘာသာ တာဝန်ယူဖြေရှင်းဖို့ အင်အားအတိုင်းအဆ ဘယ်လောက်အထိ သုံးဖို့ဆိုတာတွေကို ကိုယ်တိုင်ဆုံးဖြတ်ဖို့ ခွင့်ပြုလိုက်ကြောင်းလည်း သတင်းမီဒီယာတွေကို ပေါက်ကြားခဲ့တဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG