သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္သမၼတႏိုင္ငံ ၇၀ ျပည္႔ ႏွင္႔ ေဟာင္ေကာင္ဆႏၵျပပြဲ


ေအာက္တိုဘာလ ၁ ရက္ေန႔ တရုတ္ျပည္သူ႔ သမၼတႏုိင္ငံ ထူေထာင္ျခင္း အႏွစ္ ၇၀ ေျမာက္ အခမ္းအနားမွာ တရုတ္သမၼတ ရွီဂ်င္ပင္းက ေဟာင္ေကာင္ မကာအိုတို႔ရဲ႕ တစ္ႏုိင္ငံ စနစ္ ၂ မ်ိဳးပုံစံကို ဆက္လက္ က်င့္သုံးမွာ ျဖစ္ၿပီး ထုိင္၀မ္ ပါ၀င္တဲ့ တရုတ္ႏုိ္င္ငံ တစ္စည္းတစ္လုံးျဖစ္ဖို႔ တိုက္ပြဲ၀င္သြားမယ္လို႔ မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားသြားခဲ့ပါတယ္။ အဲဒီေန႔ တစ္ေန႔တည္းမွာပဲ ေဟာင္ေကာင္က ဆႏၵျပသူေတြကလည္း ေဟာင္ေကာင္အေပၚ အုပ္ခ်ဳပ္ေရးအာဏာ ပို တင္းက်ပ္လာတဲ့ တရုတ္ျပည္မၾကီးအေပၚ ဆက္လက္ အာခံ ဆႏၵျပေန ျပီး ပိုမို လြတ္လပ္ခြင့္ေတြ ေတာင္းဆိုေနခဲ့ပါတယ္။

VoA သတင္းေထာက္ Brian Padden သတင္းေပးပို႔ထားတာကို အေျခခံျပီး ကိုရဲမင္းထြန္း က တင္ျပေပးပါမယ္။

တရုတ္ျပည္သူ႔ သမၼတႏုိင္ငံ ထူေထာင္ျခင္း ႏွစ္ပတ္လည္ အခမ္းအနားမွာ တရုတ္ျပည္သူ႔တပ္မေတာ္ တပ္ဖြဲ႕၀င္ ၁ ေသာင္းခြဲ အင္အားျပတာ၊ စစ္ေလယာဥ္ေတြ ျဖတ္ေက်ာ္ ပ်ံသန္းတာ၊ အရပ္သားေတြက ေတာက္ပတဲ့ အ၀တ္အစားေတြ၀တ္ျပီး ခ်ီတက္ေဖ်ာ္ေျဖတာေတြ ပါ၀င္ခဲ့ ပါတယ္။ ဒီအခမ္းအနားမွာ ေမာ္စီတုန္း ၀တ္ဆင္ေလ့ရွိတဲ့အက်ီၤကို ၀တ္ျပီး တရုတ္ သမၼတ ရွီဂ်င္ပင္းက တပ္သားေတြေရွ႕ေမွာက္ ဗိုလ္ရွဳခံျပီးတဲ့ေနာက္မွာ မိန္႔ခြန္း ေျပာၾကားခဲ့ပါတယ္။

"ဘယ္သူကမွ တရုတ္ႏုိင္ငံရဲ႕ အဆင့္အတန္းကို ပ်က္ျပားေအာင္လုပ္လို႔ မရသလို တရုတ္ျပည္သူေတြနဲ႔ ႏုိင္ငံေတာ္ၾကီး ေရွ႕ကို တက္လွမ္းေနတာကိုလည္း ဘယ္သူကမွ ရပ္တံ့မပစ္ႏုိင္ပါဘူး။”

ဒါ့အျပင္ တရုတ္ႏုိ္င္ငံ တစ္စည္းတစ္လုံးတည္း ျဖစ္ေရးကိုလည္း သမၼတ ရွီဂ်င္းပင္းက အခုလို ဆက္ေျပာပါတယ္။

“ေဟာင္ေကာင္မွာ ေရရွည္တည္ျမဲတဲ့ တည္ျငိမ္မႈနဲ႔ ၾကီးပြားခ်မ္းသာမႈေတြကို တရုတ္ျပည္မၾကီးအေနနဲ႔ ထိန္းသိမ္းသြားရမွာျဖစ္တယ္။ ထိုင္၀င္အပါအ၀င္ တရုတ္တစ္ျပည္လုံး ျပန္လည္ ေပါင္းစည္းေရး ၾကိဳးပမ္းသြားရမယ္။”

တရုတ္ျပည္မၾကီးမွာ ကြန္ျမဴနစ္ပါတီ အုပ္ခ်ဳပ္မႈ အႏွစ္ ၇၀ ျပည့္ေျမာက္တဲ့ အခမ္းအနား က်င္းပေနစဥ္ တရုတ္ႏုိင္ငံ တစည္းတစ္လုံး တည္းျဖစ္ေရး သမၼတ ရွီက ေျပာၾကားေနတဲ့ တစ္ရက္တည္းမွာပဲ ေဟာင္ေကာင္မွာ ဆႏၵျပသူေတြကေတာ့ သူတို႔အေပၚ ဗဟုိအစိုးရက တင္းတင္းက်ပ္က်ပ္ အုပ္ခ်ဳပ္ဖုိ႔ ၾကိဳးစားေနတယ္ဆိုတဲ့အျမင္နဲ႔ ဆႏၵျပပြဲေတြကို ပိတ္ပင္ ထားတဲ့ၾကားက ဆက္လက္ ျပဳလုပ္ခဲ့ပါတယ္။

ဆႏၵျပသူေတြထဲက တစ္ေယာက္ျဖစ္တဲ့ ေဟာင္ေကာင္ ဒီမိုကရက္တစ္ပါတီ ေခါင္းေဆာင္ေဟာင္း Albert Ho က လြတ္လပ္ခြင့္ကို ထိန္းသိမ္းလိုတယ္လို႔ ေျပာပါတယ္။

"လူ႕ဂုဏ္သိကၡာကို ထိန္းသိမ္းဖို႔နဲ႔ ဒီမိုကေရစီစနစ္ကို အားေပးဖို႔အတြက္ လြတ္လပ္မႈကို ကၽြန္ေတာ္တို႔တစ္ေတြ တန္ဖိုးထားပါတယ္။ ျပည္သူေတြနဲ႔ ရဲေဘာ္ရဲဘက္ေတြအတြက္ ၀မ္းနည္းေနရပါတယ္လို႔ ကၽြန္ေတာ္တို႔ ေျပာခ်င္ပါတယ္။ ဒီိမိုကေရစီနဲ႔ လြတ္လပ္စြာ ေျပာဆိုခြင့္အတြက္ ေတာင္းဆိုမႈကို ကၽြန္ေတာ္တို႔ ဆႏၵျပင္းျပင္းနဲ႕ ေဖာ္ထုတ္ျပသရမွာျဖစ္ပါတယ္။ ဒီအတြက္ ကၽြန္ေတာ္တို႔ တာ၀န္ယူဖို႔ အသင့္ျပင္ထားပါတယ္။ ေဟာင္ေကာင္ ျပည္သူေတြကလည္း ေထာက္ခံမယ္လို႔ ထင္ပါတယ္”

ေဟာင္ေကာင္ တာ၀န္ရွိသူေတြက တရုတ္အမ်ိဳးသားေန႔ အထိမ္းအမွတ္အျဖစ္ တရုတ္ႏုိ္င္ငံ အလံကို လႊင့္ထူတဲ့ အခမ္းအနားကို က်င္းပခဲ့ ေပမဲ့ မၾကာခင္မွာပဲ အေဆာက္အအုံ အတြင္းကို ေျပာင္းေရႊ႕ လႊင့္ထူခဲ့ရပါတယ္။ မီးရွဴးမီးပန္း ပစ္လႊတ္မယ့္္ အစီအစဥ္ကိုလည္း ဖ်က္သိမ္းလိုက္ပါတယ္။

ေဟာင္ေကာင္က တက္ၾကြ လွဳပ္ရွားသူေတြဟာ အေႏွာက္အယွက္ေပးတဲ့ နည္းလမ္းေတြကို ပိုမို က်င့္သုံးလာရာမွာ ေလာင္စာဗုံး အသုံးျပဳတဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ရဲတပ္ဖြဲ႕ေတြကလည္း မ်က္ရည္ယိုဗုံးေတြ၊ မီးသတ္ပိုက္ေတြ အသုံးျပဳျပီး ဆႏၵျပပြဲေတြကို ၿဖိဳခြင္းပါတယ္။ အဂၤါေန႔မွာေတာ့ ရဲတပ္ဖြဲ႕ ပစ္ခတ္လို႔ ဆႏၵျပလူငယ္တစ္ဦး ေဆးရုံေရာက္ျပီး စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိေနပါတယ္။

လက္ရွိ ႏွစ္ဖက္အၾကား အေျခအေနတင္းမာမႈအေပၚ ၀ါရွင္တန္ အေျခစိုက္ Brookings Institute က Richard Bush က သူ႔ရဲ့ အျမင္ကို ေျပာျပပါတယ္။

“ေဟာင္ေကာင္က ဒီမိုကေရစီ လိုလားသူေတြက သူတို႔မွာ ေရြးစရာမရွိဘူး ျပန္တိုက္ရုံပဲ ရွိတယ္လို႔ ေျပာမယ္။ တရုတ္က သေဘာထား တင္းမာသူေတြကလည္း ၾကည့္ ေဟာင္ေကာင္မွာ အၾကမ္းဖက္သူေတြေၾကာင့္ ထိန္းခ်ဳပ္လို႔ မရေတာ့ဘူး။ ေရြးစရာလမ္းမရွိဘူး။ သြားၿပီး ႏွိမ္နင္းရဖို႔ပဲ ရွိမယ္လို႔ ေျပာၾကမယ္ေလ။”

အခုလို တရုတ္ ျပည္မၾကီးက အာဏာကို တင္းက်ပ္ဖို႔ ၾကိဳးစားလာတဲ့အေျခအေနနဲ႔ ေဟာင္ေကာင္က အာခံ ဆႏၵျပမႈေတြအေျခအေန လိပ္ခဲတည္းလည္း ျဖစ္ေနစဥ္မွာပဲ ဆႏၵျပသူေတြနဲ႔ လုံျခံဳေရး တပ္ဖြဲ႔ေတြအၾကား အၾကမ္းဖက္ တုံ႔ျပန္ေနတာေၾကာင့္ အေျခအေန ပိုမို တင္းမာလာမွာ ျဖစ္သလို အျပဳသေဘာေဆာင္တဲ့ လိုက္ေလ်ာမႈေတြ ရရွိဖို႔အေရးလည္း ေ၀းကြာသြားႏုိင္ေၾကာင္းပါ။

......................

{Unicode}

တရုတ်သမ္မတနိုင်ငံ ၇၀ ပြည့် နှင့် ဟောင်ကောင်ဆန္ဒပြပွဲ

အောက်တိုဘာလ ၁ ရက်နေ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း အနှစ် ၇၀ မြောက် အခမ်းအနားမှာ တရုတ်သမ္မတ ရှီဂျင်ပင်းက ဟောင်ကောင် မကာအိုတို့ရဲ့ တစ်နိုင်ငံ စနစ် ၂ မျိုးပုံစံကို ဆက်လက် ကျင့်သုံးမှာ ဖြစ်ပြီး ထိုင်ဝမ် ပါဝင်တဲ့ တရုတ်နိုင်ငံ တစ်စည်းတစ်လုံးဖြစ်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ အဲဒီနေ့ တစ်နေ့တည်းမှာပဲ ဟောင်ကောင်က ဆန္ဒပြသူတွေကလည်း ဟောင်ကောင်အပေါ် အုပ်ချုပ်ရေးအာဏာ ပို တင်းကျပ်လာတဲ့ တရုတ်ပြည်မကြီးအပေါ် ဆက်လက် အာခံ ဆန္ဒပြနေ ပြီး ပိုမို လွတ်လပ်ခွင့်တွေ တောင်းဆိုနေခဲ့ပါတယ်။ VoA သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုရဲမင်းထွန်း က တင်ပြပေးပါမယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ်ပတ်လည် အခမ်းအနားမှာ တရုတ်ပြည်သူ့တပ်မတော် တပ်ဖွဲ့ဝင် ၁ သောင်းခွဲ အင်အားပြတာ၊ စစ်လေယာဉ်တွေ ဖြတ်ကျော် ပျံသန်းတာ၊ အရပ်သားတွေက တောက်ပတဲ့ အဝတ်အစားတွေဝတ်ပြီး ချီတက်ဖျော်ဖြေတာတွေ ပါဝင်ခဲ့ ပါတယ်။ ဒီအခမ်းအနားမှာ မော်စီတုန်း ဝတ်ဆင်လေ့ရှိတဲ့အကျီၤကို ဝတ်ပြီး တရုတ် သမ္မတ ရှီဂျင်ပင်းက တပ်သားတွေရှေ့မှောက် ဗိုလ်ရှုခံပြီးတဲ့နောက်မှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

"ဘယ်သူကမှ တရုတ်နိုင်ငံရဲ့ အဆင့်အတန်းကို ပျက်ပြားအောင်လုပ်လို့ မရသလို တရုတ်ပြည်သူတွေနဲ့ နိုင်ငံတော်ကြီး ရှေ့ကို တက်လှမ်းနေတာကိုလည်း ဘယ်သူကမှ ရပ်တံ့မပစ်နိုင်ပါဘူး။”

ဒါ့အပြင် တရုတ်နိုင်ငံ တစ်စည်းတစ်လုံးတည်း ဖြစ်ရေးကိုလည်း သမ္မတ ရှီဂျင်းပင်းက အခုလို ဆက်ပြောပါတယ်။

“ဟောင်ကောင်မှာ ရေရှည်တည်မြဲတဲ့ တည်ငြိမ်မှုနဲ့ ကြီးပွားချမ်းသာမှုတွေကို တရုတ်ပြည်မကြီးအနေနဲ့ ထိန်းသိမ်းသွားရမှာဖြစ်တယ်။ ထိုင်ဝင်အပါအဝင် တရုတ်တစ်ပြည်လုံး ပြန်လည် ပေါင်းစည်းရေး ကြိုးပမ်းသွားရမယ်။”

တရုတ်ပြည်မကြီးမှာ ကွန်မြူနစ်ပါတီ အုပ်ချုပ်မှု အနှစ် ၇၀ ပြည့်မြောက်တဲ့ အခမ်းအနား ကျင်းပနေစဉ် တရုတ်နိုင်ငံ တစည်းတစ်လုံး တည်းဖြစ်ရေး သမ္မတ ရှီက ပြောကြားနေတဲ့ တစ်ရက်တည်းမှာပဲ ဟောင်ကောင်မှာ ဆန္ဒပြသူတွေကတော့ သူတို့အပေါ် ဗဟိုအစိုးရက တင်းတင်းကျပ်ကျပ် အုပ်ချုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အမြင်နဲ့ ဆန္ဒပြပွဲတွေကို ပိတ်ပင် ထားတဲ့ကြားက ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဟောင်ကောင် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ဟောင်း Albert Ho က လွတ်လပ်ခွင့်ကို ထိန်းသိမ်းလိုတယ်လို့ ပြောပါတယ်။

"လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့နဲ့ ဒီမိုကရေစီစနစ်ကို အားပေးဖို့အတွက် လွတ်လပ်မှုကို ကျွန်တော်တို့တစ်တွေ တန်ဖိုးထားပါတယ်။ ပြည်သူတွေနဲ့ ရဲဘော်ရဲဘက်တွေအတွက် ဝမ်းနည်းနေရပါတယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ ဒီမိုကရေစီနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် တောင်းဆိုမှုကို ကျွန်တော်တို့ ဆန္ဒပြင်းပြင်းနဲ့ ဖော်ထုတ်ပြသရမှာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ တာဝန်ယူဖို့ အသင့်ပြင်ထားပါတယ်။ ဟောင်ကောင် ပြည်သူတွေကလည်း ထောက်ခံမယ်လို့ ထင်ပါတယ်”

ဟောင်ကောင် တာဝန်ရှိသူတွေက တရုတ်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ အလံကို လွှင့်ထူတဲ့ အခမ်းအနားကို ကျင်းပခဲ့ ပေမဲ့ မကြာခင်မှာပဲ အဆောက်အအုံ အတွင်းကို ပြောင်းရွှေ့ လွှင့်ထူခဲ့ရပါတယ်။ မီးရှူးမီးပန်း ပစ်လွှတ်မယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

ဟောင်ကောင်က တက်ကြွ လှုပ်ရှားသူတွေဟာ အနှောက်အယှက်ပေးတဲ့ နည်းလမ်းတွေကို ပိုမို ကျင့်သုံးလာရာမှာ လောင်စာဗုံး အသုံးပြုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရဲတပ်ဖွဲ့တွေကလည်း မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး ဆန္ဒပြပွဲတွေကို ဖြိုခွင်းပါတယ်။ အင်္ဂါနေ့မှာတော့ ရဲတပ်ဖွဲ့ ပစ်ခတ်လို့ ဆန္ဒပြလူငယ်တစ်ဦး ဆေးရုံရောက်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

လက်ရှိ နှစ်ဖက်အကြား အခြေအနေတင်းမာမှုအပေါ် ဝါရှင်တန် အခြေစိုက် Brookings Institute က Richard Bush က သူ့ရဲ့ အမြင်ကို ပြောပြပါတယ်။

“ဟောင်ကောင်က ဒီမိုကရေစီ လိုလားသူတွေက သူတို့မှာ ရွေးစရာမရှိဘူး ပြန်တိုက်ရုံပဲ ရှိတယ်လို့ ပြောမယ်။ တရုတ်က သဘောထား တင်းမာသူတွေကလည်း ကြည့် ဟောင်ကောင်မှာ အကြမ်းဖက်သူတွေကြောင့် ထိန်းချုပ်လို့ မရတော့ဘူး။ ရွေးစရာလမ်းမရှိဘူး။ သွားပြီး နှိမ်နင်းရဖို့ပဲ ရှိမယ်လို့ ပြောကြမယ်လေ။”

အခုလို တရုတ် ပြည်မကြီးက အာဏာကို တင်းကျပ်ဖို့ ကြိုးစားလာတဲ့အခြေအနေနဲ့ ဟောင်ကောင်က အာခံ ဆန္ဒပြမှုတွေအခြေအနေ လိပ်ခဲတည်းလည်း ဖြစ်နေစဉ်မှာပဲ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေအကြား အကြမ်းဖက် တုံ့ပြန်နေတာကြောင့် အခြေအနေ ပိုမို တင်းမာလာမှာ ဖြစ်သလို အပြုသဘောဆောင်တဲ့ လိုက်လျောမှုတွေ ရရှိဖို့အရေးလည်း ဝေးကွာသွားနိုင်ကြောင်းပါ။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG