သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ဆႏၵျပသူမ်ား ရဲနဲ႔ထိပ္တို္က္ေတြ႔


ဆႏၵျပသူမ်ားအား ေဟာင္ေကာင္ရဲတပ္ဖြဲ႔က မ်က္ရည္ယုိဓာတ္ေငြ႔သုံး ၿဖဳိခြဲ။ (စက္တင္ဘာ ၂၉၊ ၂၀၁၉)

ေဟာင္ေကာင္မွာ ဆႏၵျပေနၾကတဲ့ ဒီမုိကေရစီေရး ေထာက္ခံဆႏၵျပတဲ့သူေတြကို ရဲတပ္ဖဲြ႔က ဒီကေန႔မွာ မ်က္ရည္ယုိဗုံးေတြ သုံးၿပီးေတာ့ ႏွိမ္နင္းခဲ့ပါတယ္။ ေဟာင္ေကာင္ၿမိဳ႕လယ္ေခါင္က Causeway Bay ေစ်း၀ယ္စင္တာေနရာမွာ ဆႏၵျပတဲ့သူေတြနဲ႔ ရဲတပ္ဖဲြ႔တုိ႔ ဒီကေန႔ ထိပ္တုိက္ေတြ႔ၿပီး အခုလို ရဲတပ္ဖဲြ႔ဘက္က ႏွိမ္နင္းခဲ့တာ ျဖစ္ပါတယ္။

ဆႏၵျပတဲ့သူေတြဟာ အစိုးရအေဆာက္အအုံေတြဘက္ကို ခ်ီတက္ဆႏၵျပခဲ့ၾကၿပီး ဆႏၵျပရာ လမ္းတေလွ်ာက္မွာလည္း အနက္ေရာင္၀တ္စုံေတြနဲ႔ ႏွာေခါင္းစည္းေတြ တပ္ထားတဲ့ ဆႏၵျပတဲ့သူေတြက ေဟာင္ေကာင္နဲ႔ အတူူရပ္တည္ၿပီး လြတ္လပ္ေရးအတြက္ တုိက္ပဲြ၀င္ၾကဖို႔ ေတာင္းဆုိခဲ့ၾကပါတယ္။

ဒီကေန႔ အေစာပိုင္းမွာေတာ့ တ႐ုတ္အစိုးရကို ေထာက္ခံတဲ့သူ ရာေပါင္းမ်ားစြာဟာ ေဟာင္ေကာင္ရဲ႕ ယဥ္ေက်းမႈစင္တာေရွ႕မွာ ဆႏၵျပခဲ့ၾကပါတယ္။ အဲဒီထဲက တခ်ိဳ႕ေတြကေတာ့ သူတုိ႔ဟာ တ႐ုတ္နုိင္ငံသားေတြျဖစ္တယ္လို႔ ေအာ္ဟစ္ေႂကြးေၾကာ္ခဲ့ၾကၿပီး တ႐ုတ္ႏုိင္ငံတည္ေထာင္ျခင္း ႏွစ္ ၇၀ ျပည့္ ေတးသီခ်င္းေတြကို သီဆုိခဲ့ၾကတယ္လို႔ ႐ုိက္တာသတင္းက ေဖာ္ျပပါတယ္။ လာမယ့္ အဂၤါေန႔ဟာဆုိရင္ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ စတင္တည္ေထာင္ခဲ့တာ ႏွစ္ေပါင္း ၇၀ ျပည့္မွာ ျဖစ္ပါတယ္။

မေန႔ စေနေန႔ကေတာ့ ေဟာင္ေကာင္ရဲတပ္ဖဲြ႔က ဆႏၵျပတဲ့သူေတြကို မ်က္ရည္ယိုဗုံးေတြ၊ မီးသတ္ပိုက္ေတြနဲ႔ လူစုခဲြ ႏွိမ္နင္းခဲ့ပါေသးတယ္။ ေဟာင္ေကာင္မွာ မေန႔ စေနေန႔ကေတာ့ ေရြးေကာက္ပဲြ လြတ္လပ္စြာက်င္းပႏုိင္ဖို႔ ေတာင္းဆုိခဲ့ၾကတဲ့ ထီးလႈပ္ရွားမႈ ၅ ႏွစ္ျပည့္အခမ္းအနား က်င္းပခဲ့ၿပီး ဆႏၵျပတဲ့သူ ေထာင္ေပါင္းမ်ားစြာဟာ ပါလီမန္ေရွ႕မွာ စုေ၀း ဆႏၵျပခဲ့ၾကပါတယ္။

-----------------------------

(Unicode)

ဟောင်ကောင်ဆန္ဒပြသူများ ရဲနဲ့ထိပ်တိုက်တွေ့

ဟောင်ကောင်မှာ ဆန္ဒပြနေကြတဲ့ ဒီမိုကရေစီရေး ထောက်ခံဆန္ဒပြတဲ့သူတွေကို ရဲတပ်ဖွဲ့က ဒီကနေ့မှာ မျက်ရည်ယိုဗုံးတွေ သုံးပြီးတော့ နှိမ်နင်းခဲ့ပါတယ်။ ဟောင်ကောင်မြို့လယ်ခေါင်က Causeway Bay ဈေးဝယ်စင်တာနေရာမှာ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့တို့ ဒီကနေ့ ထိပ်တိုက်တွေ့ပြီး အခုလို ရဲတပ်ဖွဲ့ဘက်က နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြတဲ့သူတွေဟာ အစိုးရအဆောက်အအုံတွေဘက်ကို ချီတက်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြရာ လမ်းတလျှောက်မှာလည်း အနက်ရောင်ဝတ်စုံတွေနဲ့ နှာခေါင်းစည်းတွေ တပ်ထားတဲ့ ဆန္ဒပြတဲ့သူတွေက ဟောင်ကောင်နဲ့ အတူူရပ်တည်ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီကနေ့ အစောပိုင်းမှာတော့ တရုတ်အစိုးရကို ထောက်ခံတဲ့သူ ရာပေါင်းများစွာဟာ ဟောင်ကောင်ရဲ့ ယဉ်ကျေးမှုစင်တာရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီထဲက တချို့တွေကတော့ သူတို့ဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ အော်ဟစ်ကြွေးကြော်ခဲ့ကြပြီး တရုတ်နိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့် တေးသီချင်းတွေကို သီဆိုခဲ့ကြတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ လာမယ့် အင်္ဂါနေ့ဟာဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ခဲ့တာ နှစ်ပေါင်း ၇၀ ပြည့်မှာ ဖြစ်ပါတယ်။

မနေ့ စနေနေ့ကတော့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဆန္ဒပြတဲ့သူတွေကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲ နှိမ်နင်းခဲ့ပါသေးတယ်။ ဟောင်ကောင်မှာ မနေ့ စနေနေ့ကတော့ ရွေးကောက်ပွဲ လွတ်လပ်စွာကျင်းပနိုင်ဖို့ တောင်းဆိုခဲ့ကြတဲ့ ထီးလှုပ်ရှားမှု ၅ နှစ်ပြည့်အခမ်းအနား ကျင်းပခဲ့ပြီး ဆန္ဒပြတဲ့သူ ထောင်ပေါင်းများစွာဟာ ပါလီမန်ရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ေဟာင္ေကာင္ဆႏၵျပသူမ်ား ရဲနဲ႔ထိပ္တို္က္ေတြ႔
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG